မြန်မာ(နေပြည်တော်) - တရုတ်(လင်ချန်း) စီးပွားရေးကုန်စည်ပြပွဲ ဒုတိယနေ့ကျင်းပ လုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူများ စိတ်ပါဝင်စားစွာ လာရောက်လေ့လာ

 

နေပြည်တော်   မေ   ၂၆
စီးပွားရေးနှင့်    ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန        မြန်မာ ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန် ပြည်နယ်   လင်ချန်းမြို့     ပြည်သူ့ အစိုးရတို့   ပူးပေါင်း၍   မြန်မာ (နေပြည်တော်)   -    တရုတ် (လင်ချန်း) စီးပွားရေးကုန်စည်ပြပွဲ  ဒုတိယနေ့ကို     နေပြည်တော်ရှိ မြန်မာ     အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂      ၌  ဆက်လက်ကျင်းပရာ စီးပွားရေး လုပ်ငန်းရှင်များ၊   ဌာနဆိုင်ရာ ဝန်ထမ်းများနှင့်     ပြည်သူများ စိတ်ပါဝင်စားစွာဖြင့်   လာရောက် လေ့လာကြသည်။
လေ့လာသူများ စည်ကား
ကုန်စည်ပြပွဲတွင် မြန်မာနိုင်ငံ မှ  ကုန်သည်လုပ်ငန်းရှင်အသင်းအဖွဲ့များနှင့်    ကုမ္ပဏီ  ၆၅ ခုမှ  ပြခန်းပေါင်း  ၇၉  ခန်း၊  တရုတ် နိုင်ငံမှ ကုန်သည်လုပ်ငန်းရှင် ၇၀ မှ ပြခန်းပေါင်း ၄၀ ခန့်က ဒေသ ထွက်ကုန် အစားအသောက်ကုန် များ၊ ငါးပိ၊ ငါးခြောက်၊  ပဲအမျိုးမျိုး၊ လက်ဖက်ခြောက်၊   လက်ဖက်စို၊ ကော်ဖီ၊  ပုသိမ်ဟာလဝါ၊ ကြာဆံ၊ မြေပဲလိပ်၊ မြေပဲယိုနှင့် မန်ကျည်း ဖျော်ရည်တို့အပြင် လူသုံးကုန်များ ဖြစ်သည့်  အဝတ်အထည်၊  အလှ ကုန်၊   ကြိမ်နှင့်   ဝါးထွက်ကုန် ပစ္စည်း၊ သစ်သားပန်းပုရုပ်တုများ၊  ပရိဘောဂများ၊      ပယင်းနှင့် ပတ်သက်သည့်   ပစ္စည်းများနှင့် ကျောက်မျက်      ရတနာများကို ခင်းကျင်း   ရောင်းချလျက်ရှိရာ လာရောက်လေ့လာ  ဈေးဝယ်သူ များဖြင့် စည်ကားလျက်ရှိသည်ကို တွေ့ရသည်။
လယ်ယာထွက်ကုန်တွေဝယ်ယူ
ယနေ့တွင်   တရုတ် - မြန်မာ စီးပွားရေး   ကုန်သွယ်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု   လက်မှတ် ရေးထိုးခဲ့ရာ  ယင်းဆောင်ရွက်ချက် နှင့် စပ်လျဉ်း၍ မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့   ညွှန်ကြားရေး မှူး     ဒေါက်တာသက်လွင်ဦးက “တရုတ်-မြန်မာ စီးပွားကုန်သွယ် မှု       လက်မှတ်ရေးထိုးခဲ့တာ ကိုးစောင်ဖြစ်ပါတယ်။     တရုတ် ဘက်က   ကုမ္ပဏီကိုးခုနဲ့    မြန်မာ ဘက် ကုမ္ပဏီရှစ်ခုတို့ လက်မှတ် ရေးထိုးခဲ့တာ ဖြစ်ပါတယ်။ မြန်မာ ဘက်က  လယ်ယာထွက်ကုန်တွေ ကို     တရုတ်ဘက်က      ဝယ်ယူဖို့ ကိစ္စဖြစ်ပါတယ်။      လယ်ယာ ထွက်ကုန်တွေဖြစ်တဲ့     ဆန်၊  ပြောင်း၊   တိရစ္ဆာန်အစာတွေအပြင်   အခြားပူးပေါင်း   ဆောင်ရွက်တဲ့ ကိစ္စတွေ  ပါဝင်ပါတယ်။ 
အခွင့်အလမ်းရှာဖွေ
တရုတ်ဘက်ကဆိုရင်   အိမ်သုံးလျှပ်စစ်ပစ္စည်းအသေးစားနဲ့ လျှပ်စစ်    အပိုပစ္စည်းတွေကို လက်မှတ်ရေးထိုးခဲ့တာ   ဖြစ်ပါ တယ်။ ကုန်စည်ပြပွဲကို အကြောင်း ပြုပြီး နှစ်နိုင်ငံ ကုန်သွယ်လုပ်ငန်း ရှင်တွေက            ဘယ်အပိုင်းမှာ ပူးပေါင်း  ဆောင်ရွက်ကြမယ်ဆို တာ   ဆွေးနွေးပြီးမှ  လက်မှတ် ရေးထိုးခြင်း  ဖြစ်ပါတယ်။ ဒီလို လက်မှတ်ရေးထိုးခြင်း   အားဖြင့် အဓိကရည်ရွယ်ချက်ဖြစ်တဲ့ ကုန်သွယ်မှုမြှင့်တင်ရေးလုပ်ငန်းတွေကို ဆက်လက် ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ လက်မှတ်ရေးထိုးတဲ့ ကုမ္ပဏီတွေရဲ့ အခက်အခဲတွေကို တတ်နိုင်တဲ့အပိုင်းက      ကူညီ ဖြေရှင်းပေးသွားမှာ  ဖြစ်ပါတယ်။ မြန်မာကုန်သွယ်    လုပ်ငန်းတွေ အနေနဲ့       နိုင်ငံခြားသွားပြီး  မိတ်ဆက်စရာမလိုဘဲ ပြည်တွင်း မှာ ဖိတ်ခေါ်ပေးထားတဲ့  လုပ်ငန်း တွေကို         လာရောက်ကြည့်ရှု လေ့လာပြီး  နောင်အနာဂတ်မှာ ပူးပေါင်း    ဆောင်ရွက်နိုင်မယ့် အခွင့်အလမ်းတွေကိုလာရောက် ရှာဖွေကြပါ”ဟု ပြောကြားသည်။
ထို့ပြင် တရုတ်-မြန်မာ စီးပွား ရေးကုန်သွယ်မှုဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုတွင်         လက်မှတ် ရေးထိုးခဲ့သည့်  Six Six Eight Co.,Ltd မှ မန်နေဂျာ ဦးခင်အောင် သက်က “ဒီလို လက်မှတ်ရေးထိုး နိုင်တာက ဝမ်းသာစရာကိစ္စဖြစ်ပါ တယ်။ ဆိုင်ဖွင့်တိုင်းလည်း ဒီလို လက်မှတ်ရေးထိုးနိုင်တာမဟုတ်ပါဘူး။ အခွင့်အရေးအထူးရတယ် လို့ သဘောထားပါတယ်။ အကျိုး ကျေးဇူးအနေနဲ့ ကျွန်တော်တို့ရဲ့ ပဲတွေ    တရုတ်ကို   ရောင်းချမှာ ဖြစ်ပါတယ်။  စီးပွားရေးဆိုတာ အမြတ်အစွန်းရရှိဖို့ ဖြစ်ပါတယ်။ အခုကျွန်တော်တို့  ပဲတွေ ရောင်း ထွက်မယ်။ သူတို့ကလည်း သူတို့ ကြိုက်တဲ့ ကုန်ပစ္စည်းရတဲ့အတွက် နှစ်ဦးနှစ်ဖက်     အကျိုးရှိစေတဲ့ ကိစ္စရပ်ဖြစ်ပါတယ်။   သူတို့က ဘယ်ပဲတွေ  ဝယ်မယ်ဆိုတာကို တော့  မသိရသေးပါဘူး။ ပဲနမူနာ တွေကို   ပေးတဲ့အခါမှာ  သူတို့ နှစ်သက်မှုတွေရှိပါတယ်။   ဒီလို လက်မှတ်ရေးထိုးတာက   နိုင်ငံ တော်အတွက်  ဝင်ငွေရတဲ့အပြင် ကျွန်တော်တို့    ကုမ္ပဏီအနေနဲ့ လည်းဝင်ငွေရပါတယ်။ ကျွန်တော် တို့က  ရောင်းသူဖြစ်တဲ့အတွက် ဝယ်သူကို လိုက်ရှာရပါတယ်။ အခု နိုင်ငံတော်က ဒီလို ကုန်စည်ပြပွဲ တွေ      ကျင်းပပေးတဲ့အတွက် ဝယ်သူကို အထူးတလည်ရှာစရာ မလိုတော့လို့  အလွန်ဝမ်းသာမိပါ တယ်။ နိုင်ငံတော်ကိုလည်း ဒီလိုပွဲ တွေ မကြာခဏ ကျင်းပပေးစေချင် ပါတယ်။ ကျင်းပတိုင်းလည်း ပါဝင် နိုင်အောင်   ကြိုးစားသွားပါမယ်” ဟု ပြောသည်။
လိုအပ်သည့်ကုန်စည်ပြသ
ယခု     ကုန်စည်ပြပွဲသည်  မြန်မာနိုင်ငံနှင့်   တရုတ်ပြည်သူ့ သမ္မတနိုင်ငံတို့အကြား   ဆွေမျိုး ပေါက်ဖော်ချစ်ကြည်ရေး  ခိုင်မာ အားကောင်းမှု၊ နှစ်နိုင်ငံ ကုန်သွယ် မှုနှင့်  စီးပွားရေးပူးပေါင်းဆောင် ရွက်မှု၊ ဒေသတွင်းပြည်သူများ၏ ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှုများ ကို   ထင်ဟပ်လျက်ရှိသည့် ပြပွဲ တစ်ခုဖြစ်သည်။ ကုန်စည်ပြပွဲတွင်  တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ တွင် လိုအပ်သည့် ကုန်စည်များကို ရွေးချယ်၍ လာရောက်ပြသခြင်း ဖြစ်ပြီး မြန်မာနိုင်ငံအနေဖြင့်လည်း တရုတ်နိုင်ငံ   ဈေးကွက်အတွက် အလားအလာရှိသည့် ကုန်စည် များကို ပြသကြခြင်းဖြစ်သည်။ 
မြန်မာ     (နေပြည်တော်)-တရုတ်(လင်ချန်း)     စီးပွားရေး ကုန်စည်ပြပွဲကို  မေ ၂၅ ရက်မှ  ၂၈  ရက်အထိ    ကျင်းပသွားမည် ဖြစ်ပြီး   မြန်မာနိုင်ငံမှ  ကုန်သည် လုပ်ငန်းရှင်များအနေဖြင့်   ကုန် စည်ပြပွဲကို  လာရောက်ကြည့်ရှု၍ သင့်တော်မည့်    ကုမ္ပဏီများ၊     ကုန်ပစ္စည်းများရှိပါက  လာရောက် ဆွေးနွေးနိုင်ကြောင်း၊    ညှိနှိုင်း တိုင်ပင်ကာ     အတွေ့အကြုံများ  ဖလှယ်နိုင်ကြောင်း သိရသည်။ 
သတင်း-အေးအေးသန့်
ဓာတ်ပုံ-အေအေတီ