မြန်မာမျက်မြင်စစ်ဆေးရေးအဖွဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သွားရောက်၍ နေရပ်စွန့်ခွာသူများ၏ မိသားစုဝင်များဟုဆိုသူများကို တွေ့ဆုံမေးမြန်းခဲ့

 

နေပြည်တော်  မတ်   ၂၄


လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန  ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးအောင်မျိုး ဦးဆောင် သော အဖွဲ့ဝင်  ၁၇ ဦးပါ မျက်မြင်စစ်ဆေး ရေးအဖွဲ့သည်         ဘင်္ဂလားဒေ့ရှ်နိုင်ငံ တက္ကနာ့ဖ်မြို့သို့ မတ် ၁၅ ရက်မှ ၂၂ ရက် အထိ သွားရောက်ခဲ့သည်။

 


ရှေ့ပြေး        စမ်းသပ်စီမံကိန်းဖြင့် ပြန်လည်လက်ခံရန် လျာထားသည့် ရခိုင် ပြည်နယ်မှ နေရပ်စွန့်ခွာသူများအနေဖြင့် မိသားစုလိုက်     ပြန်လည်ဝင်ရောက်လို ကြောင်း မေတ္တာရပ်ခံလာသည့်အတွက် မြန်မာနိုင်ငံအစိုးရနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အစိုးရတို့အကြား ညှိနှိုင်းဆောင်ရွက်မှုဖြင့် ကျန်ရှိသည့် မိသားစုဝင်များကို  စိစစ်နိုင် ရေးအတွက်  မြန်မာဘက်က   မျက်မြင် စစ်ဆေးရေးအဖွဲ့အား ယခုကဲ့သို့ စေလွှတ် ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်သည်။

 


အဆိုပါ မျက်မြင်စစ်ဆေးရေးအဖွဲ့ သည်   နေရပ်စွန့်ခွာသူများ၏   ဆက်စပ် မိသားစုဝင်ဟုဆိုသူ     ၄၈၀   ကျော်ကို တက္ကနာ့ဖ်မြို့တွင်   တွေ့ဆုံခဲ့ပြီး   ၎င်းတို့ မြန်မာနိုင်ငံတွင်     နေထိုင်ခဲ့ကြောင်း အထောက်အထားများ၊   ဘင်္ဂလားဒေ့ရှ် နိုင်ငံ၌ ထပ်မံမွေးဖွားသည့် ကလေးများ၏ အချက်အလက်များကို မေးမြန်းရယူခဲ့ကာ မြန်မာဘက်ရှိ သက်ဆိုင်ရာ ကော်မတီများ ထံ  တင်ပြ၍   လိုအပ်သည့်လုပ်ငန်းစဉ် များကို ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။ 


သတင်းစဉ်