မြန်မာ့မီးရထားမှ ဦးဆောင်ညွှန်ကြားရေးမှူး သူရဦးအောင်မျိုးမြင့်နှင့် တွေ့ဆုံမေးမြန်းခြင်း

 

တောင်ကြီး-ဆိုက်ခေါင်ရထားလမ်းပိုင်းရှိ  တောင်ကြီး-ဘန်းယဉ် ခရီးစဉ်အမှတ် (၁၅၃) အဆန်၊ အမှတ် (၁၅၄) အစုန်ရထားကို ပြည်သူ များ၏ တောင်းဆိုချက်များနှင့်အညီ   ခရီးသွားလာရေးအဆင်ပြေစေရန်  စက်တင်ဘာ ၁ ရက်မှစတင်ကာ  ပြန်လည်ပြေးဆွဲနေပြီဖြစ်သည်။

 


ထိုသို့ ပြန်လည်ပြေးဆွဲရာတွင် ရထားအသုံးပြုသူပြည်သူများ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေးအတွက် မြန်မာ့မီးရထားအနေ ဖြင့် ပြုပြင်ဆောင်ရွက်ပေးခဲ့သည့် အခြေအနေများနှင့်စပ်လျဉ်း၍ မြန်မာ့မီးရထားမှ ဦးဆောင်ညွှန်ကြားရေးမှူး သူရဦးအောင်မျိုးမြင့်နှင့် ဆက်သွယ်မေးမြန်းခဲ့သည်များကို တင်ပြလိုက်ရပါသည်။

 


မေး    ။      ။    တောင်ကြီး- ဘန်းယဉ် မီးရထားလမ်း ပြန်လည်ဖွင့်လှစ် 
            လိုက်ပြီလို့ သိရပါတယ်။     ဒါနဲ့ပတ်သက်ပြီး     မြန်မာ့ မီးရထားအနေနဲ့  ပြည်သူတွေအဆင်ပြေစေဖို့   ခရီးစဉ်မှာ ဘယ်လို စီမံဆောင်ရွက်ထားတယ်ဆိုတာ အရင်ဆုံး သိပါရစေ။
ဖြေ    ။     ။    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ   နိုင်ငံတော် 
            ဝန်ကြီးချုပ်ရဲ့လမ်းညွှန်ချက်အရ တောင်ကြီး-ဆိုက်ခေါင် ရထားလမ်းမှာ ရထားပြန်လည်ပြေးဆွဲနိုင်ရေး သတ်မှတ် စံချိန်စံညွှန်း နဲ့အညီ ပြုပြင်ဆောင်ရွက်ဖို့ ၂၀၂၁ ခုနှစ် စက်တင်ဘာ ၁၅ ရက်ကစပြီး ပြုပြင်ဆောင်ရွက်ခဲ့ပါတယ်။ တောင်ကြီးကနေ ဆိုက်ခေါင်အထိ ၄၀ ဒသမ ၆၇ မိုင်ကို ပြုပြင်ရာမှာ  ကွန်ကရစ်ဇလီဖားတုံး    ၅၈၇၈၀၊ လမ်းခင်းကျောက်     ၁၀၇၇၃   ကျင်း   ဖြည့်တင်းဆောင်ရွက်ခဲ့ပါ တယ်။

 


 ပြီးတော့ လမ်းမြှောက်ပါကင်ရိုက်ခြင်း၊ သံလမ်းအဆက်ညှိခြင်း၊ လမ်းဘေးဝဲ/ယာ တောချုံခုတ်ရှင်းလင်းခြင်း စတဲ့လုပ်ငန်းတွေလည်း ဆောင်ရွက်ခဲ့ပါတယ်။ ရထားလမ်းပိုင်း ကြံ့ခိုင်တောင့်တင်းမှုရှိစေရေး အတွက်လည်း ဆောင်ရွက်ခဲ့ပြီးတော့ ၂၀၂၂ ခုနှစ် ဇွန် ၃၀ ရက်မှာ ပြုပြင်ပြီးစီးခဲ့ပါတယ်။ ၂၀၂၂ ခုနှစ် ဩဂုတ် ၃ ရက်မှာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က “တောင်ကြီး- ဆိုက်ခေါင်ရထားလမ်း ပြုပြင်ပြီးစီးပြီဖြစ်သဖြင့်  ရထားပြန်လည် ပြေးဆွဲနိုင်ရေး စီစဉ်ဆောင်ရွက်သွားရန်” လမ်းညွှန်မှာကြားပါတယ်။ ဒါကြောင့် ကိုဗစ်−၁၉ ရောဂါ ထိန်းချုပ်နိုင်ရေးအတွက် ၂၀၂၀ ပြည့်နှစ် ဧပြီ  ၁၀  ရက်ကစတင်ပြီး ယာယီရပ်နားထားခဲ့တဲ့ တောင်ကြီး-ဆိုက်ခေါင်လမ်းပိုင်းအတွင်းက  တောင်ကြီးကနေ   ဘန်းယဉ်အထိ ၃၃ ဒသမ ၇၁ မိုင်ကို စက်တင်ဘာ ၁ ရက်ကစပြီး ရထားပြန်လည် ပြေးဆွဲခဲ့တာဖြစ်ပါတယ်။

 


ဒီလို ပြေးဆွဲရာမှာ အမှတ်(၁၅၄)အစုန်ရထားဟာ  ဘန်းယဉ်က နံနက် ၅ နာရီခွဲ ထွက်ခွာပြီးတော့ တောင်ကြီးကို နံနက် ၈ နာရီ ရောက်ရှိမှာဖြစ်ပါတယ်။ အမှတ် (၁၅၃) အဆန်ရထားဟာ တောင်ကြီး က မွန်းလွဲ ၂ နာရီခွဲမှာ ပြန်လည်ထွက်ခွာပြီး ဘန်းယဉ်ကို ညနေ ၄ နာရီ မိနစ် ၅၀ ရောက်ရှိမှာ ဖြစ်ပါတယ်။ ရထားပြေးဆွဲပေးတဲ့အတွက် ဘန်းယဉ်-တောင်ကြီး ရထားလမ်းပိုင်းက ဒေသခံပြည်သူတွေအနေ နဲ့ ကုန်ပစ္စည်းတွေ၊ ထွက်ကုန်သီးနှံတွေကို ရထားနဲ့တောင်ကြီးမြို့ပေါ် အထိ ကုန်ကျစရိတ်သက်သာစွာ တင်ပို့ရောင်းချနိုင်မှာ ဖြစ်ပါတယ်။

 


ဒါ့အပြင် မြန်မာနိုင်ငံဒေသအသီးသီးကနေ  တောင်ကြီးမြို့ကို အလည်လာတဲ့ ခရီးသွားဧည့်သည်တွေ၊ တောင်ကြီးမြို့နေ ပြည်သူ တွေအနေနဲ့ ရထားစီးပြီး တန်ခိုးကြီးဘုရားဖြစ်တဲ့ မွေတော်ကက္ကူ ဘုရားကို သွားရောက်ဖူးမြော်နိုင်မှာဖြစ်ပါတယ်။  နိုင်ငံအတွင်းက ခရီးသွားလုပ်ငန်းတွေအတွက်လည်း အထောက်အကူဖြစ်စေပြီးတော့ ဒေသတွင်းပြည်သူတွေ အလုပ်အကိုင်အခွင့်အလမ်းတွေ  ရရှိစေမှာ ဖြစ်သလို လူမှုစီးပွားဘဝတွေ ဖွံ့ဖြိုးတိုးတက်အောင် အထောက်အကူ ဖြစ်စေမှာ ဖြစ်ပါတယ်။

 


မေး    ။      ။    ပြည်သူတွေ သွားလာရေး အဆင်ပြေစေဖို့ အခု ၂၀၂၂ခုနှစ် 
            အတွင်းမှာ မီးရထားလမ်း တိုးချဲ့ဖောက်လုပ်နေတဲ့ အခြေ အနေကိုလည်း သိပါရစေ။
ဖြေ    ။     ။    မြန်မာနိုင်ငံမှာ ရထားလုပ်ငန်းစတင်ခဲ့တဲ့ ၁၈၇၇ ခုနှစ် 
            ကနေ လွတ်လပ်ရေးမရမီ ၁၉၄၈ ခုနှစ်အထိ ရထားလမ်း ခရီးမိုင် ၁၉၂၄ မိုင်နဲ့ ဘူတာရုံပေါင်း ၄၇၆ ခု ဆောက်လုပ်ခဲ့ပါတယ်။ လွတ်လပ်ရေးရပြီးတဲ့ ၁၉၄၈ ခုနှစ်ကနေ ၁၉၈၈ ခုနှစ်အတွင်း ရထား လမ်းခရီးမိုင် ၅၄ မိုင်နဲ့ ဘူတာရုံ ၁၁ ခု တိုးတက်တည်ဆောက်နိုင်ခဲ့ ပါတယ်။ ၁၉၈၈ ခုနှစ်နောက်ပိုင်းမှာ ရထားလမ်းခရီးမိုင် ၁၈၂၂ မိုင်နဲ့ ဘူတာရုံ   ၄၇၃ ခု  ထပ်မံတိုးချဲ့ဖောက်လုပ်တည်ဆောက်နိုင်ခဲ့တဲ့ အတွက် နိုင်ငံအတွင်းမှာ ရထားလမ်းခရီးမိုင်စုစုပေါင်း မိုင် ၃၈၀၀ နဲ့ ဘူတာရုံပေါင်း ၉၆၀  ရှိနေပြီဖြစ်ပါတယ်။

 


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံ့တာဝန်ရယူပြီးနောက် နိုင်ငံတော်အကြီးအကဲက    ရထားလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေး အတွက် အဓိကအလေးထားပြီး လမ်းညွှန်မှုတွေ ပေးခဲ့တာရှိပါတယ်။ ရထားလမ်းတွေ ကြံ့ခိုင်ကောင်းမွန်စေရေးအတွက် သတ်မှတ်ထားတဲ့ စံချိန်စံညွှန်းတွေအတိုင်း တိကျစွာလိုက်နာပြီးတော့ ရေရှည်အသုံးပြု နိုင်ရေးအတွက်   စဉ်းစားဆောင်ရွက်ဖို့၊ ရထားလမ်းတွေ   ပြုပြင် ထိန်းသိမ်းခြင်းနဲ့         ထပ်မံတိုးချဲ့ဖောက်လုပ်ခြင်းလုပ်ငန်းတွေမှာ ပြည်တွင်းအင်ဂျင်နီယာပညာရှင်တွေကို   အဓိကထားအသုံးပြုပြီး နည်းပညာတွေ တိုးတက်အောင်ဆောင်ရွက်ဖို့၊ အနာဂတ်မှာ လျှပ်စစ် ရထားပြေးဆွဲနိုင်ရေး ကြိုတင်စဉ်းစားဆောင်ရွက်ဖို့ လမ်းညွှန်မှာကြား ခဲ့တာ ရှိပါတယ်။

 


လက်ရှိမှာ  အဓိကအရေးပါတဲ့    ရထားလမ်းမကြီးတွေအနက် ရန်ကုန်-မန္တလေး ရထားလမ်းနဲ့ ရန်ကုန်မြို့ပတ်ရထားလမ်းတွေကို ဂျပန်နိုင်ငံ JICA ရဲ့ ဖွံ့ဖြိုးမှု ရန်ပုံငွေနဲ့ နိုင်ငံတော်ဘဏ္ဍာငွေက ကျခံပြီး ရထားလမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းတွေ ဆောင်ရွက်လျက်ရှိပါ တယ်။  ဒါ့အပြင် မန္တလေး-မြစ်ကြီးနား    ရထားလမ်းပိုင်းကိုလည်း အဆင့်မြှင့်တင်နိုင်ရေးအတွက် ကိုရီးယားသမ္မတနိုင်ငံရဲ့ ဖွံ့ဖြိုးမှုရန်ပုံ ငွေနဲ့   ရထားလမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်း    ဆောင်ရွက်နိုင်ဖို့ ဆောင်ရွက်လျက်ရှိပါတယ်။
မြန်မာ့မီးရထားအနေနဲ့  ၂၀၂၂-၂၀၂၃    ဘဏ္ဍာရေးနှစ်အတွင်းမှာ နိုင်ငံတော်ဘဏ္ဍာငွေက ကျခံပြီးတော့ မြင်းခြံ-သာစည်၊ သာစည်- ရွှေညောင်၊ ရွှေညောင်- တောင်ကြီး၊ တောင်ကြီး-ဆိုက်ခေါင်၊ ဇီးပင် ကြီး - ပြင်ဦးလွင် - ဂုတ်ထိပ်၊  မန္တလေးမြို့ ပတ်ရထားလမ်းပိုင်းတွေ အဆင့်မြှင့်တင်ပြုပြင်မွမ်းမံခြင်းလုပ်ငန်း၊    နောင်ကား- ပင်းပက်လမ်း ပိုင်း     တိုးချဲ့ဖောက်လုပ်မှုလုပ်ငန်းတွေကို    ဆောင်ရွက်လျက်ရှိ ပါတယ်။

 


မေး    ။     ။    မီးရထားလမ်းအသစ် တိုးချဲ့ဖောက်လုပ်မယ့် အစီအစဉ် 
            ရှိရင်လည်း ဘယ်လို ဆောင်ရွက်သွားမယ်ဆိုတာ သိပါ ရစေ။
ဖြေ    ။     ။    မြန်မာ့မီးရထားအနေနဲ့ မူဆယ်ကနေ   မန္တလေးအထိ
            ရထားလမ်းသစ်ကို ဖောက်လုပ်နိုင်ဖို့အတွက် စီမံကိန်း ဖြစ်မြောက်နိုင်ခြေ လေ့လာမှုလုပ်ငန်းဆောင်ရွက်ပြီးတော့ စီမံကိန်း အကောင်အထည်ဖော်နိုင်ရေးအတွက်      ညှိနှိုင်းဆွေးနွေးမှုတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။ ဒါ့အပြင် မန္တလေးကနေ ကျောက်ဖြူ အထိ ရထားလမ်းအသစ် ဖောက်လုပ်နိုင်ရေးအတွက်လည်း စီမံကိန်း ဖြစ်မြောက်နိုင်ခြေလေ့လာမှုလုပ်ငန်းကို      ဆောင်ရွက်လျက်ရှိပါ တယ်။

 


မေး    ။     ။    ခရီးသွားပြည်သူတွေ လွယ်ကူစွာသွားလာနိုင်ရေး လက်ရှိ 
            မှာ မြန်မာ့မီးရထားအနေနဲ့ ပြေးဆွဲနေမှုကိုလည်း သိရှိ လိုပါတယ်။
ဖြေ    ။     ။    မြန်မာ့မီးရထားက ရန်ကုန်- မန္တလေးလမ်းပိုင်းမှာ အမြန် 
            ရထားလေးစင်း၊ စာပို့ရထား နှစ်စင်း၊ ရန်ကုန်- မော်လမြိုင် လမ်းပိုင်းမှာ အမြန်ရထားနှစ်စင်း၊ ရန်ကုန်- ပြည်လမ်းပိုင်းမှာ အမြန် ရထား နှစ်စင်း၊ စာပို့ရထား  နှစ်စင်း၊ ရန်ကုန်- ပဲခူးလမ်းပိုင်းမှာ RBE ရထား  နှစ်စင်း၊ ပုသိမ်- ဟင်္သာတ- ကြံခင်းလမ်းပိုင်းမှာ စာပို့ရထား နှစ်စင်း၊  ပျဉ်းမနား-တောင်တွင်းကြီးလမ်းပိုင်းမှာ  လူစီးကုန်တင် ရထား နှစ်စင်း၊ သာစည်-ရွှေညောင်လမ်းပိုင်းမှာ စာပို့ရထား  နှစ်စင်း၊ ပြင်ဦးလွင်-ဂုတ်ထိပ်လမ်းပိုင်းမှာ အမြန်ရထား နှစ်စင်း၊ ပြည်တော် သာ- ရေချမ်းပြင်  လမ်းပိုင်းမှာ  RBE  ရထားလေးစင်း၊  တောင်ကြီး- ဆိုက်ခေါင်လမ်းပိုင်းမှာ လူစီးကုန်တင်ရထား နှစ်စင်း စုစုပေါင်း ၂၈ စင်း နဲ့ ရန်ကုန်မြို့ပတ်ရထား ၂၆ စင်း စုစုပေါင်း လူစီးရထား ၅၄ စင်း ပြေးဆွဲပေးလျက်ရှိပါတယ်။

 


မေး    ။      ။    ပြည်သူတွေသိရှိစေဖို့   မြန်မာ့မီးရထားလုပ်ငန်းအခြေ 
            အနေနဲ့ပတ်သက်ပြီး ဖြည့်စွက်ပြောကြားလိုတာရှိရင် လည်း ပြောကြားပေးပါ။
ဖြေ    ။       ။    နိုင်ငံရဲ့ သယ်ယူပို့ဆောင်ရေးကဏ္ဍမှာ ရထားနဲ့ သယ်ယူ 
            ပို့ဆောင်ရေးလုပ်ငန်းဟာ အရေးပါနေဆဲဖြစ်တာကြောင့် “ပို့ဆောင်ဆက်သွယ်ပြည်ကျိုးရွယ်’’ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ ဝန်ကြီး ဌာနရဲ့ လမ်းညွှန်ချက်တွေအရ မြန်မာ့မီးရထားရဲ့ လုပ်ငန်းတာဝန်တွေ ဖြစ်တဲ့ ခရီးသည်နဲ့ ကုန်စည်ပို့ဆောင်သူတွေ စိတ်ချမ်းမြေ့အဆင်ပြေရေး အထူးအလေးထား ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။ ဥဩသံပေး ထာဝရပြေးဆွဲနိုင်ရေးအတွက် မီးရထားရဲ့ အဓိကကျတဲ့ လုံခြုံစိတ်ချ ရမှု၊   အချိန်မှန်ကန်မှုရှိစေရေးအတွက်    မြန်မာ့မီးရထားအနေနဲ့ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိပြီးတော့ ပြည်သူတွေအနေနဲ့လည်း မီးရထားလုပ်ငန်း ရေရှည်တည်တံ့ခိုင်မြဲ အောင် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးစေလိုပါတယ်။
အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ရှိပါတယ်။


သတင်းစဉ်