မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ တောင်သူများအား မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးလျက်ရှိ

 

ကံမ   ဇူလိုင်   ၂၆


မကွေးတိုင်းဒေသကြီး ကံမမြို့နယ်တွင်  မိုးရာသီကာလ တောင်သူများ စိုက်ပျိုးထုတ်လုပ်မှု အဆင်ပြေစေရန် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၂ -၂၀၂၃ ဘဏ္ဍာနှစ်  မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေကို   မြို့နယ် အတွင်းရှိ ကျေးရွာအုပ်စု  ၅၂  အုပ်စုမှ ဘဏ်အဖွဲ့ဝင်တောင်သူများအား   ထုတ်ချေးပေးလျက်ရှိသည်။ 

 


ထိုသို့ ထုတ်ပေးရာတွင်   ငွေကျပ်သိန်းပေါင်း   သုံးသောင်းကို ထုတ်ချေးပေးရန်လျာထားပြီး မိုးစပါး စိုက်ပျိုးမြေ  တစ်ဧကလျှင် ငွေကျပ် တစ်သိန်း ငါးသောင်းကျပ်နှုန်း၊ မြေပဲ၊နှမ်း အစရှိသည့် အခြား သီးနှံစိုက်ဧက တစ်ဧကလျှင် ငွေကျပ်တစ်သိန်းနှုန်းဖြင့် ယနေ့အထိ ကျေးရွာအုပ်စု ၂၆  အုပ်စုမှ တောင်သူ ၂၈၉၁ဦး၏ မိုးစပါးစိုက်ဧက ၈၀၃၄ ဧကနှင့် အခြားသီးနှံ ၇၄၆ဧက တို့အတွက် ငွေကျပ် ၁၂၇၉၇ သိန်းကို ထုတ်ချေးပေးပြီးဖြစ်ပြီး ဆက်လက်၍ ကျန်ရှိနေသော ကျေးရွာ အုပ်စုများမှ  တောင်သူများကိုလည်း ထုတ်ချေးပေးမည်ဖြစ်ကြောင်း   မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။

ကျော်ဇေယျဝင်း(ကံမ)