မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၏ နှစ် (၇၀) ပြည့် ဘဏ်နှစ်ပတ်လည်နေ့ အခမ်းအနားကျင်းပ

 

ရန်ကုန်   ဇွန်    ၁
၂၀၂၃ ခုနှစ် ဇွန် ၁ ရက်တွင် ကျရောက်သော မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တည်ထောင် သော နှစ် (၇၀) ပြည့် ဘဏ်နှစ်ပတ်လည်နေ့ အခမ်းအနားကို ရန်ကုန်မြို့ရှိ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် (ရုံးချုပ်) အစည်းအဝေးခန်းမ၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် နှင့်    တိုင်းဒေသကြီးဝန်ကြီးများ၊   စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန     ဒုတိယဝန်ကြီး   ဦးမောင်မောင်ဝင်းနှင့်    ဖိတ်ကြားထားသော ဧည့်သည်တော်များ၊   မြန်မာ့လယ်ယာဖွံ့ဖြိုး ရေးဘဏ်မှ    အရာထမ်း၊     အမှုထမ်းများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်  ဦးစိုးသိန်းက  အမှာစကားပြော ကြားသည်။ ဆက်လက်၍ စီမံကိန်းနှင့် ဘဏ္ဍာ ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း  က အမှာစကားပြောကြားကာ  မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ     ဦးဆောင်ညွှန်ကြားရေးမှူး ဦးမင်းသူက  ရှင်းလင်းတင်ပြခြင်း၊ ဌာနတာဝန် များကို     ကျေပွန်စွာ    စွမ်းစွမ်းတမံဆောင်ရွက် ခဲ့သည့်   ဘဏ်ခွဲများနှင့်   ဝန်ထမ်းများအား လုပ်ငန်းစွမ်းဆောင်ရည်ဆုများ ချီးမြှင့်ခြင်း၊ ရခိုင်ပြည်နယ်  မုန်တိုင်းသင့်ဒေသများအတွက် အလှူငွေများ ပေးအပ်ခြင်းတို့ကို ဆောင်ရွက် ခဲ့ပြီးနောက် တက်ရောက်လာသူ ဧည့်သည် တော်များအား ဂုဏ်ပြုနေ့လယ်စာဖြင့် တည်ခင်း ဧည့်ခံခဲ့ကြောင်း သိရသည်။  
  မြန်မာ့အလင်း