သာယာဝတီ ဇွန် ၂၆
မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ သာယာဝတီခရိုင် ဘဏ်ခွဲမှ သာယာဝတီ မြို့နယ်အတွင်း တောင်သူများသို့ ထုတ်ချေးခဲ့သည့် နှစ်စဉ်ရာသီအလိုက်ချေးငွေများ အနက် တောင်သူများ၏ဆန္ဒ အလျောက် ချေးယူထားသည့် မည်သည့်ချေးငွေမဆို အပြေ အကျေပေးဆပ်ပြီးသည့် တောင် သူများသို့ ၂၀၂၂ ခုနှစ်မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေကို မေ ၂၆ ရက်မှ စတင်၍ ထုတ်ချေးပေးခဲ့ရာ အချိန်စေ့လွန် ချေးငွေများ ပြေကျေအောင် ပေးဆပ်ပြီးသည့် တောင်သူများ၏ လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ-၇) ပိုင်ဆိုင်မှု မှန်ကန်ပြီး ငွေချေး စည်းကမ်း သတ်မှတ်ချက်များ နှင့် ညီညွတ်ပါက ၂၀၂၂ ခုနှစ် စက်တင်ဘာလကုန်အထိ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများ ထုတ် ချေးပေးမည် ဖြစ်ကြောင်း သိရသည်။
မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေး ဘဏ် သာယာဝတီခရိုင်ဘဏ်ခွဲ၌ ၂၀၂၂ ခုနှစ် ဧပြီလ တတိယပတ်မှ စတင်၍ ကျေးရွာအုပ်စုအသီးသီးမှ ချေးငွေပေးဆပ်သည့် တောင်သူ များကို ဇွန် ၂၄ ရက်တွင် ကုန်းမီးနင်း ကျေးရွာအုပ်စု၊ လက်ပံခုန် ကျေးရွာအုပ်စု၊ ဖားရွှေ ကျော်ကျေးရွာအုပ်စုနှင့် ကျွန်း ကုန်းကျေးရွာအုပ်စုရှိ တောင်သူ ၈၈ ဦး၏ စိုက်ပျိုးဧက ၆၃၃ ဧက အတွက် ၂၀၂၂ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေ စုစုပေါင်း ကျပ်သိန်း ၉၄၉ ဒသမ ၅၀ ကို ထုတ်ချေးပေးခဲ့ပြီး မြန်မာ့ လယ်ယာ ဖွံ့ဖြိုးရေးဘဏ်၊ သာယာဝတီခရိုင်ဘဏ်ခွဲ အနေ ဖြင့် မေ ၁၆ ရက်မှ ဇွန် ၂၄ ရက်အထိ ကျေးရွာအုပ်စု ၁၇ အုပ်စုရှိ တောင်သူ ၁၃၃၄ ဦး၏ စိုက်ပျိုးဧက ၁၀၁၀၆ အတွက် ချေးငွေစုစုပေါင်း ငွေကျပ်သိန်း ၁၅၁၅၉.၀၀ ထုတ်ချေးပြီးစီး ကြောင်း သာယာဝတီခရိုင် မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ သိရ သည်။
သန့်ဇော် (ပြန်/ဆက်)



