
နေပြည်တော် စက်တင်ဘာ ၂၇
မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီ အစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည် တော်ရှိ မဏိရတနာကျောက်စိမ်း ခန်းမ၌ ကျင်းပရာ မြန်မာ့ ကျောက်မျက်ရတနာပြပွဲ ဗဟို ကော်မတီနာယက သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်ရီ တက်ရောက် ၍ အဖွင့်အမှာစကား ပြောကြား သည်။
ထို့နောက် ၂၀၂၃ ခုနှစ် နှစ်လယ် မြန်မာ့ကျောက်မျက် ရတနာပြပွဲတွင် ခင်းကျင်းပြသ ရောင်းချမည့် ကျောက်စိမ်းအတွဲ များနှင့် ကျောက်မျက်အတွဲများ၊ ပုလဲအတွဲများ အတွဲဖွဲ့စည်းထားမှု နှင့် ရောင်းချမည့်အခြေအနေများ ကိုလည်းကောင်း၊ ပြပွဲအောင်မြင် စွာကျင်းပနိုင်ရေးအတွက် ဖွဲ့စည်း ထားသည့်ကော်မတီများက ကဏ္ဍ အလိုက် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြကြပြီး တက် ရောက်လာသူများက ပေါင်းစပ် ညှိနှိုင်းဆွေးနွေးကြသည်။
အဆိုပါ အစည်းအဝေးသို့ မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီဥက္ကဋ္ဌ သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူ၊ မြန်မာနိုင်ငံတော် ဗဟို ဘဏ် ဒုတိယဥက္ကဋ္ဌနှင့် သယံ ဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန အမြဲ တမ်းအတွင်းဝန်နှင့် ညွှန်ကြား ရေးမှူးချုပ်များ၊ ဦးဆောင် ညွှန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင် များအသင်းမှ ဥက္ကဋ္ဌနှင့် တာဝန် ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။
သတင်းစဉ်