မြန်မာ့ဆန်စပါး ညီလာခံ -၂၀၂၂ ဖွင့်ပွဲအခမ်းအနား ကျင်းပ

 

အရည်အသွေးနှင့် အထွက်နှုန်း ပိုမိုကောင်းမွန်သည့် ဆန်စပါး တိုးချဲ့စိုက်ပျိုးထုတ်လုပ်ရေးနှင့် ပြည်ပသို့ ပိုမိုတင်ပို့နိုင်ရေးကို ဦးစားပေးလုပ်ငန်းတစ်ခုအနေဖြင့် ဆောင်ရွက်သွားကြရန်တိုက်တွန်းလို

 

နေပြည်တော်   အောက်တိုဘာ   ၆


မြန်မာနိုင်ငံ၏ ဆန်စပါးကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆက်လက်ဆောင် ရွက်သင့်သည့် လုပ်ငန်းစဉ်များ၊ ကြုံတွေ့ရ သည့် အခက်အခဲများနှင့် ဆန်စပါးကဏ္ဍ ၏     အနာဂတ်ဦးတည်လားရာများကို လေ့လာသုံးသပ်ပြီး    အမျိုးသားပို့ကုန် မဟာဗျူဟာနှင့်အညီ ဆန်စပါး စိုက်ပျိုး၊ ထုတ်လုပ်၊  ကြိတ်ခွဲ၊  သိုလှောင်၊  တင်ပို့ ရောင်းချခြင်း  တန်ဖိုးကွင်းဆက်တစ် လျှောက် ဆောင်ရွက်ရမည့်လုပ်ငန်းများ၊   ပြုပြင်ပြောင်းလဲတပ်ဆင်ရမည့်    အစီ အစဉ်များ၊ အစိုးရနှင့် ပုဂ္ဂလိက ကဏ္ဍများ မှ   ဆောင်ရွက်ရမည့်  လုပ်ငန်းအစီအစဉ် များကို ဆွေးနွေးဖော်ထုတ်ရန် ရည်ရွယ်၍ “နိုင်ငံ့စီးပွားမြှင့်တင်ဖို့၊    ဆန်စပါးဖြင့် ကြိုးပမ်းစို့”   ဟူသည့်    ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်သည့်    မြန်မာ့ဆန်စပါး ညီလာခံ -၂၀၂၂ (Myanmar Rice Con-ference – 2022) ဖွင့်ပွဲအခမ်းအနားကို  ယနေ့  နံနက်ပိုင်းတွင်  နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း (ဗဟိုဌာန-၂)၌   ကျင်းပပြုလုပ်ရာ  နိုင်ငံ တော်     စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီး   မင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားသည်။

 


အခမ်းအနားသို့     နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ အဖွဲ့ဝင်များ၊ ကောင်စီတွဲဖက်အတွင်းရေး မှူး၊  ပြည်ထောင်စုဝန်ကြီးများ၊   ပြည်ထောင်စု အဆင့်ပုဂ္ဂိုလ်များ၊   နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ တိုင်းဒေသ ကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များမှ  စီးပွားရေးရာ ဝန်ကြီးများ၊ မြန်မာနိုင်ငံကုန်သည်များနှင့်   စက်မှု လက်မှုလုပ်ငန်းရှင်များအသင်းချုပ်    (UMFCCI)၊ မြန်မာနိုင်ငံ    ဆန်စပါးအသင်းချုပ်၊   မြန်မာနိုင်ငံ ဆန်စပါး ကုန်သည်များအသင်း၊ မြန်မာနိုင်ငံဆန်စပါး စိုက်ပျိုးထုတ်လုပ်သူများအသင်း၊ ပုဂ္ဂလိကဘဏ်များ နှင့် မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်းတို့မှ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊ ပြည်တွင်း/ပြည်ပ စိုက်ပျိုးရေး ကျွမ်းကျင်ပညာရှင် များ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ် များနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။

 


ဆန်ကိုသာ  အဓိကစားသုံး


ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး  မင်းအောင် လှိုင်က အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာ နိုင်ငံတွင်     ဆန်စပါးစိုက်ပျိုးထုတ်လုပ်ခြင်းသည် ရှေးရာစုနှစ်များစွာကတည်းက  ဆောင်ရွက်လာခဲ့ သည့်  မိရိုးဖလာအသက်မွေးဝမ်းကျောင်းလုပ်ငန်း တစ်ခုဖြစ်ပြီး ခေတ်စနစ်များ ပြောင်းလဲလာမှုနှင့်အတူ ဆန်စပါး   စိုက်ပျိုးထုတ်လုပ်ခြင်းကဏ္ဍတွင်လည်း ဖြစ်ပေါ်ပြောင်းလဲမှု၊ တိုးတက်မှုများစွာ ပေါ်ပေါက်ခဲ့ ပါကြောင်း၊ မိမိတို့နိုင်ငံတွင်  ဆန်ကိုသာ   အဓိက စားသုံးကြခြင်းဖြစ်သဖြင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးအပါဆုံး ကောက်ပဲသီးနှံ တစ်ခုလည်း ဖြစ်ပါကြောင်း။ 

 


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ  အနေဖြင့် မြန်မာနိုင်ငံ၏   စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန် ပို့ကုန်မြှင့်တင်ရေးကို အဓိကဦးစားပေးဆောင်ရွက် လျက်ရှိပါကြောင်း၊     ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေး အတွက်  နိုင်ငံ၏  ရေ၊  မြေရာသီဥတုနှင့်ကိုက်ညီပြီး ပြည်ပစျေးကွက်ကို ပိုမိုတင်ပို့နိုင်မည့် အလားအလာ များရှိသည့် ပို့ကုန်များကို ပိုမိုတိုးချဲ့ထုတ်လုပ်တင်ပို့ နိုင်ရန်အတွက် ဆောင်ရွက်လျက်ရှိရာတွင် ဆန်စပါး ကဏ္ဍကို   မြှင့်တင်ဆောင်ရွက်ခြင်းသည်   အချိန်တို အတွင်း   ရလဒ်ကောင်းများရစေနိုင်သည့်   (Quick Win) အစီအစဉ် တစ်ခုလည်းဖြစ်ပါကြောင်း။

 


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်စေရေးအတွက်  စီးပွားရေးဦးတည် ချက်များထဲတွင်  “စိုက်ပျိုးရေးနှင့်   မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုကို ခေတ်မီနည်းစနစ် များဖြင့်   ပိုမိုဖွံ့ဖြိုးတိုးတက်အောင်   ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း   ဘက်စုံဖွံ့ဖြိုး တိုးတက်အောင်   တည်ဆောက်ရေး”    ဆိုသည့် ဦးတည်ချက်ကို     ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း။

 


များစွာအထောက်အကူပြုမည်


မြန်မာနိုင်ငံအနေဖြင့် စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းများအတွက်  မြေအရင်းအမြစ်၊  ရေသယံ ဇာတနှင့် လူသားအရင်းအမြစ်များ ပြည့်စုံပြီးဖြစ်သည့် အတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍကို စနစ် တကျ  စီမံဆောင်ရွက်နိုင်ခဲ့မည်ဆိုပါက   ဆင်းရဲမှု လျော့နည်းပပျောက်ရေးအတွက်သာမက နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက်ပါ များစွာအထောက်အကူ ပြုမည်ဖြစ်ပါကြောင်း။

 


ယနေ့ကမ္ဘာပေါ်တွင်     ရာသီဥတုပြောင်းလဲမှု၊ နိုင်ငံရေးမတည်ငြိမ်မှုများကြောင့် စားနပ်ရိက္ခာဖူလုံမှု အပေါ်တွင်  စိန်ခေါ်မှုများစွာ  ပေါ်ပေါက်လျက်ရှိနေ ပြီး  နိုင်ငံတိုင်းက ပြည်တွင်းစားနပ်ရိက္ခာဖူလုံရေးအတွက်  ဦးတည်ပြီး  မူဝါဒမျိုးစုံချမှတ်ကျင့်သုံးနေ သည်ကိုလည်း တွေ့ရှိရပါကြောင်း၊ ထိုသို့သော အခြေ အနေမျိုးတွင် စိုက်ပျိုးရေးကို အခြေခံပြီး စားနပ်ရိက္ခာ ကောက်ပဲသီးနှံထုတ်လုပ်နိုင်သည့်     မြန်မာနိုင်ငံ အတွက် အခွင့်အလမ်းကောင်းများ များစွာပေါ်ပေါက် လာသည်ကို သုံးသပ်တွေ့ရှိရပါကြောင်း၊ မြန်မာ နိုင်ငံအနေဖြင့်   ပေါ်ပေါက်လာသည့်   အခွင့်အလမ်း ကောင်းကို အမိအရ ရယူပြီး နိုင်ငံ့ ဖွံ့ဖြိုးတိုးတက်မှု ဆောင်ရွက်ရာတွင်    ဆန်စပါးကဏ္ဍသည်   ယခင် ကထက်    ပိုမိုဦးစားပေးဆောင်ရွက်ရန်   လိုအပ် ကြောင်းကိုလည်း   အသိပေးလိုပါကြောင်း၊   အရည် အသွေးနှင့်       အထွက်နှုန်းပိုမိုကောင်းမွန်သည့် ဆန်စပါးတိုးချဲ့စိုက်ပျိုးထုတ်လုပ်ရေးနှင့် ပြည်ပသို့ ပိုမိုတင်ပို့နိုင်ရေးကို ဦးစားပေးလုပ်ငန်းတစ်ခုအနေ ဖြင့် ဆောင်ရွက်သွားကြရန်လည်း တိုက်တွန်းလိုပါ ကြောင်း။

 


ဦးစားပေးကဏ္ဍတစ်ရပ်အဖြစ်ပါဝင်


ပြည်ပပို့ကုန်      တိုးမြှင့်တင်ပို့နိုင်ရန်အတွက် ရေးဆွဲအကောင်အထည်ဖော်လျက်ရှိသည့် “အမျိုး သားပို့ကုန်မဟာဗျူဟာ” ၏ ဦးစားပေးပို့ကုန် အမယ် ထဲတွင် ဆန်နှင့် ဆန်ထွက်ပစ္စည်းကဏ္ဍသည် ဦးစား ပေးကဏ္ဍတစ်ရပ်အဖြစ် ပါဝင်ပါကြောင်း၊ ဆန်စပါး တင်ပို့မှုမြှင့်တင်ရေးမဟာဗျူဟာ၏ မျှော်မှန်းချက် သည်  “ကျေးလက်ဒေသ  ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဝင်ငွေတိုးပွားလာစေရေးအတွက်    အရည်အသွေး မြင့်မားပြီး၊ သဘာဝပတ်ဝန်းကျင်နှင့်  လိုက်လျော ညီထွေဖြစ်မည့် ရေရှည်ဖွံ့ဖြိုးတိုးတက်သည့် ဆန် စပါးထုတ်လုပ်ရေးနှင့်တင်ပို့ရေး” ဖြစ်ပါကြောင်း။

 


အဆိုပါမဟာဗျူဟာ ရည်မှန်းချက်အရ မြန်မာ့ ဆန်စပါးတိုးတက် ထုတ်လုပ်ပြီး ပို့ကုန်တိုးမြှင့်ရန်နှင့် နိုင်ငံတော်    စီးပွားရေးဖွံ့ဖြိုးတိုးတက်လာစေရန် အတွက် ယခု “မြန်မာ့ဆန်စပါးညီလာခံ ၂၀၂၂” ကို “နိုင်ငံ့စီးပွားမြှင့်တင်ဖို့     ဆန်စပါးဖြင့်   ကြိုးပမ်းစို့ (Rising with Rice)”ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၆ ရက်နှင့် ၇ ရက်တို့တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်  (MRF)   တို့ ပူးပေါင်းကျင်းပခြင်းကိုလည်း ကြိုဆိုပါကြောင်း။

 


ယခုကျင်းပသည့်    ညီလာခံတွင်   မြန်မာနိုင်ငံ ၏  ဆန်စပါးကဏ္ဍ   ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်ဆောင်ရွက်သင့်သည့်   လုပ်ငန်းစဉ်များ၊ တွေ့ကြုံနေရသည့် အခက်အခဲများနှင့် ဆန်စပါးကဏ္ဍ ၏ အနာဂတ်ဦးတည်ချက်လားရာများကို လေ့လာ သုံးသပ်ပြီး       အမျိုးသားပို့ကုန်မဟာဗျူဟာ နှင့်အညီ   ဆန်စပါးစိုက်ပျိုးထုတ်လုပ်၊    ကြိတ်ခွဲ၊     သိုလှောင်၊      တင်ပို့ရောင်းချခြင်း       တန်ဖိုးကွင်းဆက် တစ်လျှောက်          ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ ပြုပြင်ပြောင်းလဲပြင်ဆင်ရမည့်   လုပ်ငန်းအစီအစဉ် များ၊   အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍများမှ  ဆောင်ရွက်ရ မည့် လုပ်ငန်းအစီအစဉ်များကို  ဆွေးနွေးဖော်ထုတ် သွားကြရန် တိုက်တွန်းလိုပါကြောင်း၊ မြန်မာ့ဆန်စပါး ညီလာခံကို အစိုးရ-ပုဂ္ဂလိက  ဆွေးနွေးပွဲ   (Public-Private Dialogue) ပုံစံဖြင့်   ဆောင်ရွက်သွားမည်ဖြစ် သည့်အတွက် ဆန်စပါးနယ်ပယ်အတွင်းတွင် ကွဲပြား သည့်  လုပ်ငန်းတာဝန်များနှင့်  ပါဝင်လျက်ရှိသူများ အနေဖြင့် ဆွေးနွေးမှုများကတစ်ဆင့်   ဆန်စပါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တူညီသည့်  ဦးတည်ချက် များ  ချမှတ်သွားနိုင်လိမ့်မည်ဟုလည်း      မျှော်လင့်မိပါ ကြောင်း။

 


အစားအစာဘေးကင်းလုံခြုံမှုရှိစေရေး


ယနေ့   နိုင်ငံတော်အစိုးရအနေဖြင့်   တိုင်းပြည် သာယာဝပြောရေးနှင့် စားနပ်ရိက္ခာဖူလုံရေးဆိုသည့် အမျိုးသားရေးလုပ်ငန်းစဉ်   (၂)  ရပ်ကို   ချမှတ် ဆောင်ရွက်လျက် ရှိပါကြောင်း၊ မိမိတို့နိုင်ငံ၏လူဦးရေ ၇၀    ရာခိုင်နှုန်းခန့်သည်    လယ်ယာလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုနေကြပြီး စိုက်ပျိုးမွေးမြူ ရေးကို   အခြေခံ၍    နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက် အောင် ဆောင်ရွက်နေသော နိုင်ငံဖြစ်သည့်အတွက် နိုင်ငံတော်အစိုးရကလည်း   နိုင်ငံသူနိုင်ငံသားများ အားလုံး စားရေရိက္ခာဖူလုံရေး၊   အာဟာရပြည့်ဝစွာ ရရှိရေး၊     အစားအစာဘေးကင်းလုံခြုံမှုရှိစေရေး တို့ကို ဦးစားပေးဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဆန်စပါးသည် အဓိကစိုက်ပျိုးထုတ်လုပ်သည့် သီးနှံ ဖြစ်ပြီး သီးနှံစိုက်ပျိုးဧရိယာအားလုံး၏ ၃၄ ရာခိုင် နှုန်းခန့်ရှိပါကြောင်း။

 


၂၀၂၀-၂၀၂၁ ခုနှစ်တွင်  စုစုပေါင်း  စပါးစိုက်ပျိုး ဧက  ၁၇  သန်းခန့်   စိုက်ပျိုးနိုင်ခဲ့ပြီး  ၂၀၂၁-၂၀၂၂ ခုနှစ်တွင် မိုးစပါးစိုက်ဧက  ၁၅ သန်းခန့်နှင့် နွေစပါး စိုက်ဧက ၂ ဒသမ ၄ သန်း စုစုပေါင်းစပါးစိုက်ပျိုးဧက ၁၇ ဒသမ ၄   သန်းခန့်   စိုက်ပျိုးနိုင်ခဲ့ပါကြောင်း၊ တိုင်းပြည်၏   အဓိကသီးနှံဖြစ်သည့်  စပါး တစ်ဧက ထွက်နှုန်းကို   ရည်မှန်းချက်ဖြစ်သည့်  တင်း ၁၀၀ ထွက်ရှိနိုင်ရေးကို  ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ မိမိတို့နိုင်ငံသားများ တစ်နှစ်ကိုဆန်စားသုံးမှု ၁၅၅ ကီလိုဂရမ်၊ တစ်နည်း အားဖြင့် ၉၇ ပြည်ခန့် စားသုံးမှုရှိသည့်အတွက် နိုင်ငံ အတွင်း  စားသုံးမှုသည်  လက်ရှိစပါးစိုက်ပျိုးမှုနှင့် ဖူလုံပိုလျှံမှုရှိပါကြောင်း၊   လက်ရှိစပါးစိုက်ပျိုးဧက အတိုင်း သီးထပ် အပြည့်အဝ စိုက်ပျိုးနိုင်မည်ဆိုပါက များစွာပိုလျှံပြီး   ပြည်ပသို့    ပိုမိုတင်ပို့နိုင်မည်ဖြစ် ကြောင်း၊ ထို့ကြောင့် စပါးစိုက်ဧကတိုးချဲ့ရေးထက် လက်ရှိစပါးစိုက်မြေများတွင်  စပါးပြီး စပါး၊ စပါး ပဲ  စပါး၊ စပါး နေကြာ စပါး စသဖြင့် မိမိတို့နှစ်သက်ရာသီးနှံများဖြင့် တွဲဖက်ပြီး သီးထပ်အဖြစ် စိုက်ပျိုးသွား ကြရန် တိုက်တွန်းလိုပါကြောင်း၊ ထုတ်လုပ်မှုရှိမှသာ ထုတ်ကုန်ပစ္စည်းရှိပြီး ရောင်းကုန်ပစ္စည်းလည်း ရရှိ လာမည်ဖြစ်ကြောင်း။ 
ထို့ပြင် ပြည်တွင်းဆန်ရိက္ခာဖူလုံပိုလျှံပြီး ပြည်ပ သို့ ပိုမိုတင်ပို့နိုင်ရေးအတွက်လည်း စပါးစိုက်ဧကများ တိုးချဲ့ခြင်းထက် တစ်ဧကအထွက်နှုန်း တိုးတက်မှု ဖြစ်စေရေး   ထိထိရောက်ရောက်  ကြိုးပမ်းကြရန် အရေးကြီးကြောင်း။ 

 


မျိုးကောင်း မျိုးသန့်စပါးမျိုးများကို ရွေးချယ်


စပါးစိုက်ပျိုးရာတွင် မျိုးကောင်းမျိုးသန့်ရွေးချယ် စိုက်ပျိုးနိုင်ရန် အရေးကြီးသည်ကို အားလုံးအသိပင် ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် စပါးမျိုး ၉၀ ကျော် စိုက်ပျိုးလျက်ရှိရာတွင် ပြည်တွင်းဈေးကွက်အကြိုက် စပါးမျိုး  ၅၀  ခန့်နှင့်   ပြည်ပဈေးကွက်အကြိုက် စပါးမျိုး ၂၀ ကျော်ရှိပါကြောင်း၊ စိုက်ပျိုးထုတ်လုပ်သူ တောင်သူများအနေဖြင့်   စပါးမျိုးမြောက်မြားစွာ စိုက်ပျိုးနေမည့်အစား    ရေလိုအပ်ချက်နည်းပြီး ရေကြီးနစ်မြုပ်မှုဒဏ်၊ ပိုးမွှားဒဏ်ခံနိုင်သည့် ဒေသ ရေမြေရာသီဥတုနှင့်ကိုက်ညီသော   ဈေးကွက်ဝင် မျိုးကောင်း မျိုးသန့်စပါးမျိုးများကို ရွေးချယ်စိုက်ပျိုး ရန်လိုအပ်ပြီး ပြည်တွင်းဆန်စပါး စိုက်ပျိုး ထုတ်လုပ် မှုတွင် မျိုးသန့်စိုက်ပျိုးသည့်ဓလေ့မှ အရည်အသွေး ကောင်းသည့် မျိုးစေ့များ ဝယ်ယူသုံးစွဲစိုက်ပျိုးနိုင်သည့် အခြေအနေရောက်ရှိနိုင်ရန်ကိုလည်း ကြိုးပမ်းရမည် ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် မျိုးစေ့ထုတ် ကုမ္ပဏီများ၏     အခန်းကဏ္ဍကိုလည်း    မြှင့်တင် ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း။

 


စိုက်ပျိုးထုတ်လုပ်သူများအနေဖြင့်လည်း မျိုး ကောင်းမျိုးသန့်များ ရွေးချယ်အသုံးပြုခြင်းနှင့်အတူ ဓာတ်မြေဩဇာ၊ သဘာဝမြေဩဇာ၊ ဇီဝမြေဩဇာတို့ ကို ရောနှောရောစပ်အသုံးပြုခြင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး    တွဲဖက်လုပ်ကိုင်ဆောင်ရွက်နိုင်မည့် နည်းလမ်းများကို  ကျင့်သုံးဆောင်ရွက်ခြင်းတို့ကို လည်း ထည့်သွင်းစဉ်းစား ဆောင်ရွက်သင့်သည်ကို အကြံပြုတိုက်တွန်းလိုပါကြောင်း။

 


စနစ်တကျပူးပေါင်းဆောင်ရွက်


မကြာမီရောက်ရှိတော့မည့် နွေစပါးရာသီအတွက် ဧက ၈ ဒသမ ၅ သိန်းတွင်  အကျိုးတူလယ်ယာစနစ် (Contract Farming)   ဆောင်ရွက်ရန်အတွက် နိုင်ငံတော်က တစ်ဧကကို ငွေကျပ် ၂ သိန်းနှုန်းဖြင့် အထူးချေးငွေစီစဉ်ပေးမည်ဖြစ်ပြီး ဆန်စပါးသီးနှံ အတွက်  ငွေကျပ်  ၁၄၀  ဘီလီယံအထိ  ထောက်ပံ့ ပေးအပ်သွားရန် စီစဉ်ပေးထားပါကြောင်း၊  အဆိုပါ ထောက်ပံ့မှုများသည်   မျိုး၊  မြေဩဇာ   စသည့် သွင်းအားစုအတွက် ထောက်ပံ့မှုဖြစ်ပြီး သက်ဆိုင်သူ အားလုံးက   အကျိုးရှိစေရေး  စနစ်တကျပူးပေါင်း ဆောင်ရွက်ရန်  လိုအပ်ပါကြောင်း။

 


ဆန်စပါးစိုက်ပျိုးထုတ်လုပ်ရာတွင်     အရည် အသွေးကောင်းသည့် စပါးများ ထွက်ရှိရန်လိုသကဲ့သို့ ထွက်ရှိလာသည့်စပါးကို      ကြိတ်ခွဲရာတွင်လည်း သန့်ရှင်းပြီး အဆင့်အတန်းမီသည့် ဆန်များရရှိရန်လိုအပ်မည်ဖြစ်ပါကြောင်း၊ နိုင်ငံတကာ ဆန်ဈေးကွက် တွင် ဈေးနှုန်းဈေးကွက် (Price Market)နှင့် အရည် အသွေးဈေးကွက် (Quality Market) ဟူ၍ ဈေးကွက် နှစ်မျိုးရှိရာတွင်    မြန်မာနိုင်ငံအနေဖြင့်   ကြိတ်ခွဲ ထုတ်လုပ်မှုအပိုင်းတွင်     ခေတ်မမီသည့်အတွက် ကြောင့်  ရှေးယခင်ကတည်းကပင်  ဈေးကောင်း မရရှိသည့် တန်းနိမ့်ဆန်များကို ဦးစားပေးတင်ပို့ခဲ့ရ သည့် အခြေအနေမှ ယနေ့ကာလတွင် အရည်အသွေး ပိုမိုကောင်းမွန်သည့်ဆန်များကို တိုးမြှင့်တင်ပို့လာနိုင် သည့် အခြေအနေကို စတင်ပြောင်းလဲရောက်ရှိလာ သည်ကို တွေ့ရှိရပါကြောင်း။

 


ယနေ့ ဆန်စပါးလုပ်ငန်းတွင် ဆန်အရည်အသွေး နှင့်ပတ်သက်၍ ကြုံတွေ့နေရသောပြဿနာများဖြစ် သည့် ဆန်နီစပါးများခြင်း၊ မျိုးရောနှောခြင်း၊ မျိုးကွဲ များပြားခြင်း၊ ဆန်စပါးအရွယ်အစားသည် စားသုံးသူ များအတွက် ဆွဲဆောင်မှုအားနည်းခြင်း၊ ဆန်အရောင် အသွေးမလှပခြင်း၊ ဆန်အရည်အသွေး အားနည်းခြင်း များသည် ဈေးကွက်ကို များစွာထိခိုက်စေပါကြောင်း၊ ထို့ကြောင့်  အဆိုပါ   စိန်ခေါ်မှုများကို   စိုက်ပျိုး ထုတ်လုပ်မှုအပိုင်းက ပြုပြင်ပြောင်းလဲရမည့် ဆောင် ရွက်မှုများ လိုအပ်သလို ကြိတ်ခွဲထုတ်လုပ်မှုအပိုင်းက လည်း ပြောင်းလဲဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် ပေါင်းစပ်လုပ်ဆောင်ကြမည်ဆိုပါက   မြန်မာ့ဆန် ဈေးကွက်ဝင်ရောက်မှုသည်  သိသာစွာ  တိုးတက် ဖြစ်ပေါ်လာမည်ဖြစ်ပါကြောင်း။

 


ထို့ကြောင့် ပြည်ထောင်စုအစိုးရ၏ ဦးဆောင် မှုဖြင့် စီမံဆောင်ရွက်သည့် မူဝါဒနှင့်လုပ်ငန်းစဉ်များ  လိုအပ်သကဲ့သို့ တိုင်းဒေသကြီး ပြည်နယ်အစိုးရများ အနေဖြင့်  ဆန်ကြိတ်ခွဲထုတ်လုပ်မှုကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုများ   တိုးတက်လာစေရေး   အထူး အလေးပေး ဆောင်ရွက်ကြရန် အလေးအနက်ထား မှာကြားလိုပါကြောင်း။

 


မြန်မာနိုင်ငံ လွတ်လပ်ရေးမရရှိမီကာလက ဆန် တင်ပို့မှုတွင် ကမ္ဘာ့ထိပ်တန်းနိုင်ငံအဖြစ်  ရပ်တည် နိုင်ခဲ့ပါကြောင်း၊ ၁၉၃၀ ပြည့်နှစ်ဝန်းကျင်တွင် ပြည်ပ ကို ဆန်တန်ချိန် ၃ ဒသမ ၅ သန်းအထိ တင်ပို့နိုင်ခဲ့ပြီး ကမ္ဘာ့ဆန်အများဆုံးတင်ပို့သည့်     နိုင်ငံအဖြစ် ရပ်တည်ခဲ့ခြင်းမှ တဖြည်းဖြည်း ပြည်ပတင်ပို့နိုင်မှု ကျဆင်းခဲ့ပြီး ၂၀၀၁ - ၂၀၀၂ ဘဏ္ဍာနှစ်မှစတင်၍ ပြည်ပတင်ပို့နိုင်မှု ပြန်လည်တိုးတက်လာခဲ့ကြောင်း၊၂၀၁၇ - ၂၀၁၈ ဘဏ္ဍာနှစ်တွင် တန်ချိန် ၃ ဒသမ ၆ သန်းကို နိုင်ငံ ၆၄ နိုင်ငံအထိ ပြန်လည်တင်ပို့နိုင်ခဲ့သည် ကို တွေ့ရပါကြောင်း။

 


လက်ရှိ ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာနှစ် ၆ လတာကာလ အတွင်း ဆန်တန်ချိန်  ၅  သိန်းကျော်နှင့် ဆန်ကွဲ တန်ချိန် ၃ ဒသမ ၆ သိန်း၊ စုစုပေါင်းတန်ချိန် ၈ ဒသမ ၆ သိန်းကျော်ကို နိုင်ငံ ၃၈ နိုင်ငံကို တင်ပို့နိုင်ခဲ့ပြီး ယခင်နှစ်ကာလတူထက်    ဆန် ၊  ဆန်ကွဲတန်ချိန် ၂ သိန်းကျော် ပိုမိုတင်ပို့နိုင်သည်ကို တွေ့ရပါကြောင်း။

 


ဆန်အရည်အသွေးကောင်းမွန်ရေးသည် ပြည်ပ ဆန်တင်ပို့မှုတွင် အရေးပါပြီး အချို့ပြည်ပနိုင်ငံများကို  ပေါင်းဆန်တင်ပို့ရာတွင် တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၄၆၀ မှ ၅၀၅ အထိ ဈေးရရှိသည်ကို တွေ့ရပါ ကြောင်း၊ ဘဏ္ဍာနှစ် ၆ လပတ်အတွင်း ဆန်တင်ပို့မှု တန်ချိန် ၈ ဒသမ ၆ သိန်းအနက် ပေါင်းဆန်  ၅  ရာခိုင်နှုန်း၊   ဆန်ကွဲ ၄၂ ရာခိုင်နှုန်း၊ ပုံမှန်ဆန်တင်ပို့မှု 
၅၃ ရာခိုင်နှုန်း ဖြစ်နေသည့်အတွက် အခုကဲ့သို့  ပြည်ပ ပို့ကုန်အလားအလာ ကောင်းမွန်နေသည့် အခြေအနေ တွင် ပြည်တွင်းဆန်ထုတ်လုပ်မှုတိုးတက်ရေး၊ အရည် အသွေးမြင့်မားရေးကို  ယခုညီလာခံတွင်   ဝိုင်းဝန်း အကြံပြုဆွေးနွေးပေးစေလိုပါကြောင်း။

 


ဈေးကွက်အသစ်များ ရှာဖွေတင်ပို့ရန်လို


မြန်မာ့ဆန်ကို   လွန်ခဲ့သည့်     ကာလများက အာဖရိကနှင့် ဥရောပနိုင်ငံများကို အများအပြားတင်ပို့ ရောင်းချနိုင်ခဲ့ရာမှ ယခုအခါအာရှဈေးကွက်ကို ပိုမို တင်ပို့လာသည်အထိ စျေးကွက်ကျယ်ပြန့် ပြောင်းလဲ လာမှုကိုလည်း   တွေ့ရှိရပါကြောင်း၊   ထို့ကြောင့် ဈေးကွက်အသစ်များကို ရှာဖွေတင်ပို့ရန်လိုအပ်သကဲ့ သို့ မူလရရှိပြီးသား ဈေးကွက်များကိုလည်း ရေရှည် ဆက်လက်တင်ပို့နိုင်အောင် ကြိုးပမ်းဆောင်ရွက်သွား ရန် လိုအပ်ပါကြောင်း၊ ထို့ကြောင့်  မြန်မာ့ဆန်ကို ဝယ်ယူနေသည့်နိုင်ငံများထဲတွင် ယခင် ၃/၄  နှစ်က ဝယ်ယူမှုရှိပြီး       လက်ရှိပျောက်ကွယ်နေသည့် အာဖရိကနှင့်   တောင်အာရှစျေးကွက်များကိုလည်း ဆန်ပြန်လည်တင်ပို့ရောင်းချနိုင်ရေးနှင့်  ဈေးကွက် ပြန်လည်ရရှိရေးအတွက် မြန်မာနိုင်ငံဆန်စပါးအသင်း ချုပ်နှင့်    ညီနောင်အသင်းများ၊   ဌာနဆိုင်ရာများ ဘက်ကပါ ကြိုးပမ်းဆောင်ရွက်သွားရန် မှာကြားလိုပါ ကြောင်း။

 


ဆန်ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရန် ကြိုးပမ်းမှုအနေ ဖြင့်   ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့  တတိယအကြိမ်အဖြစ် ဆန်တန်ချိန် ၂ သိန်း ရောင်းချနိုင်ရန် ဆောင်ရွက်လျက် ရှိပြီး တန်းမြင့်ဆန်တချို့ကိုလည်း အာဖရိကနိုင်ငံ သာမက  တရုတ်ပြည်သူ့သမ္မတနိုင်ငံကိုပါ တိုးမြှင့် တင်ပို့နိုင်ရန် ဆောင်ရွက်လျက်ရှိပါကြောင်း။

 


ထို့ကြောင့်  နိုင်ငံတကာဈေးကွက်အခြေအနေ များကိုလည်း မျက်ခြည်မပြတ် လေ့လာသုံးသပ်ပြီး ပြည်တွင်းစားနပ်ရိက္ခာဖူလုံရေးနှင့် ပိုလျှံမှုကို ပြည်ပ သို့ စနစ်တကျ တိုးချဲ့တင်ပို့နိုင်ရေးကို  အလေးထား ပြီး   စီစဉ်လုပ်ဆောင်သင့်သည်ကို   တိုက်တွန်းလိုပါ ကြောင်း၊ အရည်အသွေးကောင်း တန်းမြင့်ဆန်များ ပိုမိုထုတ်လုပ်ပြီးတင်ပို့ရောင်းချမှုမှ ဝင်ငွေတိုးတက် ရရှိမည်ဖြစ်သည့်အတွက် ကြိုးပမ်းလုပ်ဆောင်ကြရန် တိုက်တွန်းလိုပါကြောင်း။

 


တန်ဖိုးမြှင့်ထွက်ကုန်များ ထုတ်လုပ်


ဆန်စပါးလုပ်ငန်း၏   ဘေးထွက်ပစ္စည်းများ၊ စွန့်ပစ်ပစ္စည်းများမှ     တန်ဖိုးမြှင့်ထွက်ကုန်များ ထုတ်လုပ်နိုင်အောင် စနစ်တကျ  စီမံလုပ်ဆောင်သင့် ပါကြောင်း၊ ဆန်စပါးလုပ်ငန်းကို  ပို့ကုန်မြှင့်တင်ရေး အတွက်သာမက  သွင်းကုန်အစားထိုးရေးအတွက်ပါ မဟာဗျူဟာမြောက်     စဉ်းစားဖော်ဆောင်နိုင်ပါ ကြောင်း၊ ဘေးထွက်ပစ္စည်းဖြစ်သည့် တိရစ္ဆာန်အစာ အဖြစ်သာ အသုံးဝင်သည့် ဖွဲနုကို သွင်းကုန်အစားထိုး ကျန်းမာရေးအထောက်အကူပြုနိုင်သည့် တန်ဖိုးမြင့် ဖွဲနုဆီထုတ်ယူပြီး  ပြည်တွင်းစားသုံးဆီလိုအပ်ချက် ကို  ဖြည့်ဆည်းပေးနိုင်ပါက  ပြည်ပမှဆီတင်သွင်းမှု လျှော့ချနိုင်မည်ဖြစ်သဖြင့် ဖွဲနုဆီစက်များ တည် ဆောက်လည်ပတ်နိုင်ရေးအတွက် ပုဂ္ဂလိက၊ အစိုးရ၊ အသင်းအဖွဲ့ စသည့်ကဏ္ဍအသီးသီးမှ ကဏ္ဍအလိုက် ဆောင်ရွက်သင့်သည်များကို ဆွေးနွေးဖော်ထုတ်ပေး ကြရန် တိုက်တွန်းလိုပါကြောင်း။

 


နှစ်စဉ်ဆန်စပါးထုတ်လုပ်မှုမှ ၈၀ ရာခိုင်နှုန်းခန့် သည် ပြည်တွင်းရှိ လုပ်သားပြည်သူများ၊ တောင်သူ လယ်သမားများအပါအဝင်     လူထုတစ်ရပ်လုံး၏ စားသုံးမှု၊ အခြားမုန့်ပဲသရေစာများ ထုတ်လုပ်မှုတွင် အသုံးချလျက်ရှိပြီး ၂၀ ရာခိုင်နှုန်းခန့်ကိုသာ ပြည်ပ တင်ပို့မှု ဆောင်ရွက်နေခြင်းကြောင့် ပြည်တွင်းစားသုံး  မှု၊   ဆန်စပါးဈေးကွက်   တည်ငြိမ်ရေးကိုလည်း အစိုးရ-ပုဂ္ဂလိက တောင်သူလယ်သမားများ ပူးပေါင်း ဆောင်ရွက်ရန်    လိုအပ်ပါကြောင်း၊   တောင်သူ လယ်သမားများအနေဖြင့်လည်း သွင်းအားစု ကုန်ကျ စရိတ်များနှင့်လျော်ညီသည့် စပါးဈေးနှုန်းများရရှိရန် လိုအပ်မည်ဖြစ်သကဲ့သို့ စားသုံးသူ လုပ်သားပြည်သူ များအတွက်လည်း သင့်တင့်သည့် ဆန်ဈေးနှုန်းများ နှင့် ဝယ်ယူစားသုံးနိုင်ရေး၊ နိုင်ငံခြားပို့ကုန်ကိုလည်း စဉ်ဆက်မပြတ်တင်ပို့နိုင်ရေး သုံးဖက်ညီလုပ်ငန်းစဉ် များကို သက်ဆိုင်ရာဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရများနှင့် ဆန်စပါးဆိုင်ရာအသင်းအဖွဲ့ များအားလုံး ဟန်ချက်ညီညီ ဝိုင်းဝန်းဆောင်ရွက် ကြရန် တိုက်တွန်းမှာကြားလိုပါကြောင်း။

 


အနာဂတ်တွင် ဆန်စပါးကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက် လာစေရန်အတွက်  ရိတ်သိမ်းချိန်မတိုင်မီ  စိုက်ပျိုး ထုတ်လုပ်မှု (Pre-Harvest) ကဏ္ဍတွင် တောင်သူ လယ်သမားများအတွက် ရာသီဥတုနှင့် သဘာဝဘေး အန္တရာယ်များမှ ကာကွယ်ပေးသည့် သီးနှံအာမခံ စနစ်များ           အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်ရေး၊    ဒေသရေမြေ၊   ရာသီဥတုနှင့် ကိုက်ညီပြီး              ဈေးကွက်ဝင်အထွက်ကောင်း မျိုးကောင်းမျိုးသန့်များကို        မျိုးအရေအတွက် နည်းနည်း ပမာဏများများဖြင့် ရွေးချယ်စိုက်ပျိုးစေ ရေး၊ ပြည်တွင်းစားသုံးရန်နှင့် ပြည်ပတင်ပို့ရန် စပါး မျိုးများကို စနစ်တကျရွေးချယ်ပြီး၊ စိုက်ပျိုးရာတွင် လည်း ဒေသအလိုက် ဇုန်များသတ်မှတ်ပြီး စိုက်ပျိုး ထုတ်လုပ်ရေး၊   စိုက်ပျိုးထုတ်လုပ်သူ  တောင်သူ လယ်သမားများနှင့် ပြည်ပတင်ပို့သူ ကုမ္ပဏီများ အကြား   အကျိုးတူလယ်ယာစနစ်   (Contract Farming)ဖြင့်  တစ်ဧက  အထွက်နှုန်းတိုးတက်ပြီး ဝင်ငွေတိုးတက်ရေးနှင့် ကုန်ထုတ်လုပ်မှုတိုးတက်ရေး၊ ဆန်စပါးအထူးပြုကုမ္ပဏီကြီးများ   ထူထောင်ပြီး တန်ဖိုးကွင်းဆက် (Value Chain)တစ်လျှောက် စနစ် တကျထိရောက်စွာ  စိုက်ပျိုးထုတ်လုပ်ဆောင်ရွက်နိုင်ရေးတို့အတွက်    လိုအပ်ချက်များကို   ဝိုင်းဝန်း အဖြေရှာ ဆွေးနွေးကြရန် မှာကြားလိုပါကြောင်း။

 


ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေး


ရိတ်သိမ်းချိန်လွန် (Post-Harvest) ကဏ္ဍတွင် လည်း စပါးအရည်အသွေး  ထိန်းသိမ်းနိုင်ရေးအတွက် စပါးအခြောက်ခံစက်များ တိုးမြှင့်ထုတ်လုပ်အသုံးပြု နိုင်ရေး၊ ပြည်ပတင်ပို့ရာတွင် ဈေးကောင်းရရှိသည့် တန်းမြင့်ဆန် ကြိတ်ခွဲထုတ်လုပ်နိုင်သည့် ဆန်စက် များ တိုးတက်များပြားလာစေရေး၊ အရည်အသွေး ကောင်းဆန်များကို အရေအတွက်  ပိုမိုထုတ်လုပ်နိုင် ပြီး      ပြည်ပဈေးကွက်ကို    တိုးတက်တင်ပို့နိုင်ရေး၊ ဆန်စပါးကဏ္ဍတွင်     ဒစ်ဂျစ်တယ်နည်းပညာများ ထိရောက်စွာ အသုံးပြုနိုင်ရေးတို့အတွက် ကျယ်ကျယ် ပြန့်ပြန့်ဆွေးနွေးကြပြီး ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ ချမှတ်နိုင်ရေး ကြိုးပမ်းဆောင်ရွက် ပေးကြရန် တိုက်တွန်းပြောကြားလိုပါကြောင်း။

 


ယနေ့တက်ရောက်လာသည့် ဆန်စပါးနယ်ပယ်မှ အတွေ့အကြုံရှိသည့်  ဘာသာရပ်ဆိုင်ရာ  ဆန်စပါး ပညာရှင်များ၊ ပုဂ္ဂလိကကဏ္ဍ နယ်ပယ်အသီးသီးမှ ပါဝင်တက်ရောက်သူများ၊ ဆန်စပါးကဏ္ဍနှင့်ဆက်စပ် လျက်ရှိသည့် ဝန်ကြီးဌာနအသီးသီးမှ တာဝန်ရှိသူများ အပြင် ပြည်ပမှလာရောက်သည့် ဆန်စပါးပညာရှင် လည်း    ပါဝင်တက်ရောက်ကြောင်း  သိရှိရသည့် အတွက် အရည်အသွေးကောင်းမွန်သည့် ဆန်စပါး ထုတ်လုပ်နိုင်ရေး၊   အရေအတွက်ပမာဏ   ပိုမို ထုတ်လုပ်နိုင်ခြင်းဖြင့် ပြည်ပနိုင်ငံများကို ပိုမိုတင်ပို့ရောင်းချနိုင်ရေးတို့အတွက်    ထိထိရောက်ရောက် ဆွေးနွေးဆောင်ရွက်နိုင်လိမ့်မည်ဟုလည်း မျှော်လင့် မိပါကြောင်း၊ မြန်မာ့ဆန်စပါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေ ရေးအတွက် ရေတို၊ ရေရှည်စီမံကိန်း၊ စီမံချက်များဖြင့် ဆောင်ရွက်သွားရမည့် သုံးသပ်အကြံပြုချက်များကို လည်း ဖော်ထုတ်ပေးကြရန် တိုက်တွန်းပြောကြား လိုပါကြောင်း။

 


မြန်မာနိုင်ငံသည် ကမ္ဘာ့အလယ်တွင် တစ်ချိန်က ဆန်အများဆုံးတင်ပို့သည့်နိုင်ငံအဖြစ် မှတ်တမ်းတင် ခံခဲ့ရသော နိုင်ငံဖြစ်သည့်အတွက် ယခင်အခြေအနေ ကို ပြန်လည်ရောက်ရှိအောင် စိုက်ပျိုးသူ လယ်သမား ကြီးများ၊ သိုလှောင်ကြိတ်ခွဲသူများ၊ ကုန်သည်ကြီးများ၊ ပြည်ပတင်ပို့သည့်ကုမ္ပဏီများ၊ တစ်ဆင့်ခံရောင်းဝယ် သူများ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၊ မြန်မာနိုင်ငံဆန်စပါး   အသင်းချုပ်နှင့်    ဆန်စပါး နယ်ပယ်မှ အသင်းအဖွဲ့များက  သက်ဆိုင်ရာဝန်ကြီး ဌာနများနှင့် တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက် သွားကြရန်နှင့်  မြန်မာနိုင်ငံဆန်စပါးကဏ္ဍ  ဖွံ့ဖြိုး တိုးတက်ရေးအတွက် နိုင်ငံတော်အနေဖြင့် လိုအပ် ချက်များကို ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း ပြောကြားသည်။

 


ထို့နောက်      ပြည်ထောင်စုဝန်ကြီးများဖြစ်ကြ သည့် ဦးအောင်နိုင်ဦး၊ ဦးတင်ထွဋ်ဦးနှင့် ဦးလှမိုးတို့က  မြန်မာ့ဆန်စပါးညီလာခံ ၂၀၂၂ အခမ်းအနား ကျင်းပ ပြုလုပ်ရခြင်းနှင့်စပ်လျဉ်း၍         ရှင်းလင်းတင်ပြ ကြသည်။
ယင်းနောက်   မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်က   “နိုင်ငံ့စီးပွားမြှင့်တင်ဖို့၊ ဆန်စပါးဖြင့်  ကြိုးပမ်းစို့”   ခေါင်းစဉ်ဖြင့်   တင်ပြ ဆွေးနွေးသည်။

 


တင်ပြဆွေးနွေးမှုများအပေါ် နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီ  ဥက္ကဋ္ဌ   နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး   မင်းအောင်လှိုင်က   စိုက်ပျိုးရေး လုပ်ငန်းများ  ဆောင်ရွက်ရာတွင်  မျိုး၊ မြေ၊ ရေနှင့် နည်းပညာများလိုအပ်မှု၊   မျိုးကောင်းမျိုးသန့်များ ရရှိရေးအတွက် နိုင်ငံတော်အစိုးရမှ ဆောင်ရွက်လျက် ရှိသကဲ့သို့    ပုဂ္ဂလိကကဏ္ဍမှလည်း    ကြိုးပမ်း ဆောင်ရွက်ရန်လိုအပ်မှု၊ စိုက်ပျိုးမြေများကို   စက် ကိရိယာများအသုံးပြု           စိုက်ပျိုးနိုင်ရေးအတွက် စနစ်တကျပြုပြင်ဆောင်ရွက်ရန်  လိုအပ်မှု၊  ဓာတ် မြေဩဇာများ       လုံလောက်စွာရရှိရေးအတွက် နိုင်ငံတော်အစိုးရမှ   ကြိုးပမ်းဆောင်ရွက်လျက် ရှိသကဲ့သို့   စိုက်ပျိုးတောင်သူများအနေဖြင့်လည်း မွေးမြူရေးလုပ်ငန်းများမှ  ထွက်ရှိလာသည့်  ဇီဝ မြေဩဇာများကဲ့သို့သော   သဘာဝမြေဩဇာများကို အသုံးပြုဆောင်ရွက်ရန်လိုအပ်မှု၊        စိုက်ပျိုးရေနှင့် အောင်ရေများလုံလောက်စွာရရှိရေးအတွက် မြစ်ရေ တင်လုပ်ငန်းများကို             အကောင်အထည်ဖော် ဆောင်ရွက်ရန်လိုအပ်မှု၊   ဆန်စပါးများ အရည်အသွေး ပြည့်မီစွာ    ထုတ်လုပ်၍    ပြည်တွင်း  ဈေးကွက်နှင့်   ပြည်ပဈေးကွက်များသို့ ရောင်းချနိုင်ရေး ဈေးကွက် ရှာဖွေခြင်းနှင့် ဈေးကွက် ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ရန် လိုအပ်မှု၊ ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှု    ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်မှ အားပေးပံ့ပိုး ကူညီဆောင်ရွက်ပေးနေမှု      အခြေအနေများနှင့် စပ်လျဉ်း၍        အကျယ်တဝင့်ရှင်းလင်းပြောကြား သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ    နိုင်ငံတော်ဝန်ကြီးချုပ်နှင့်   အခမ်းအနား တက်ရောက်လာကြသူများသည်   စုပေါင်းမှတ်တမ်း တင်ဓာတ်ပုံ ရိုက်ကြသည်။

 


လှည့်လည်ကြည့်ရှုအားပေး


ယင်းနောက်   မြန်မာနိုင်ငံဆန်စပါးအထူးပြု ပြခန်းများအတွင်း    မြန်မာနိုင်ငံမှ  ထွက်ရှိသည့်  ဆန်၊ စပါးများနှင့်    မြေဩဇာများ   ပြသထားရှိမှုကို လှည့်လည်ကြည့်ရှု အားပေးကြသည်။

 


အဆိုပါ    မြန်မာ့ဆန်စပါး   ညီလာခံ   ၂၀၂၂ (Myanmar Rice Conference – 2022) ကို အောက်တိုဘာ ၆ ရက်မှ ၇ ရက်အထိ ကျင်းပပြုလုပ် သွားမည်ဖြစ်ပြီး ညီလာခံအတွင်း ဆန်စပါးစိုက်ပျိုး ထုတ်လုပ်မှု   ဖွံ့ဖြိုးတိုးတက်ရေး၊  ဆန်စပါးဝယ်ယူ၊ သိုလှောင်ကြိတ်ခွဲခြင်းနှင့်        တန်ဖိုးမြှင့်တင်ခြင်း လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ ဆန်စပါး ကုန်သွယ် မှုနှင့်    ပို့ကုန်မြှင့်တင်ရေးကဏ္ဍတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးခြင်းများ         ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်