
နေပြည်တော် ဒီဇင်ဘာ ၂၃
အနုပညာဦးစီးဌာန၏ “အနုသုခုမဆိုင်ရာ သုတေသန စာတမ်းဖတ်ပွဲ-၂၀၂၁”ကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာန ယဉ်ကျေးမှုရတနာခန်းမ၌ ကျင်းပသည်။
စာတမ်းဖတ်ပွဲတွင် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက သုတေ သနဆိုသည်မှာ နယ်ပယ်အသီးသီးတွင် မရှိမဖြစ်သည့် လုပ်ငန်းဖြစ်ကြောင်း၊ အချို့သောလုပ်ငန်းများသည် သုတေသနဟု အမည်မခံသော်လည်း သုတေသန သဘောသက်ဝင်သည့် လေ့လာစူးစမ်းမှုများ ပါဝင်နေ တတ်ကြောင်း၊ အနုပညာဦးစီးဌာနအနေဖြင့် သုတေ သနအလုပ်ကို ဇောင်းပေးထားခြင်းမရှိသော်လည်း တီထွင်ဆန်းသစ်မှုများကို ဖန်တီးရကြောင်း၊ ယင်းသည် အမည်မခံသည့် သုတေသနတစ်ရပ် ဖြစ်ကြောင်း၊ အနုပညာဦးစီးဌာနရှိ လေ့ကျင့်ရေးနှင့် သုတေသနဌာနခွဲ၏ အလုပ်တာဝန်များပင်ဖြစ် ကြောင်း။
စာတမ်းငါးစောင်
ယနေ့စာတမ်းဖတ်ပွဲတွင် တင်သွင်းကြမည့် စာတမ်းငါးစောင်ဖြစ်သော မြန်မာ့လွန်းရာကျော် ကြိုးကြီးချိတ်၊ ကိုလိုနီခေတ်ဝတ်စားဆင်ယင်ထုံးဖွဲ့ မှု၊ ပအိုဝ်းတိုင်းရင်းသားတို့ရဲ့ ဓလေ့ထုံးစံများ၊ မြန်မာ့ ရုပ်စုံသဘင်ဇာတ်တော်ကြီးတင်ဆက်မှု အခန်းကဏ္ဍ ကိုလေ့လာခြင်းနှင့် ချစ်သမျှကို သစ္စာတိုင်ပတ်ပျိုး၏ အနှစ်သာရများဟူသည့် စာတမ်းများသည် လေ့လာမှု စာတမ်းများ ဖြစ်သကဲ့သို့ ဒြပ်မဲ့ယဉ်ကျေးမှုတွင် ပါဝင်သည့် စာတမ်းများဖြစ်ကြသည့်အတွက် သုတ၊ ရသ စွယ်စုံပေးနိုင်မည့် စာတမ်းများဖြစ်လိမ့်မည်ဟု ယုံကြည်ကြောင်း၊ အနုပညာဦးစီးဌာနအနေဖြင့် မြန်မာ့ဆိုင်းပညာနှင့် ပတ်သက်သော၊ ဇာတ်ခုံ တင်ဆက်မှုနှင့်ပတ်သက်သော ပညာနှင့် နည်းပညာရပ် များကို ဆက်လက်သုတသနပြု တင်ဆက်ပေးနိုင်ရန် အကြံပြုလိုကြောင်း ပြောကြားသည်။
ရှင်းလင်းတင်ပြ
ထို့နောက် အနုပညာဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ် ဦးညွန့်ဝင်းက စာတမ်းဖတ်ပွဲကျင်းပရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး စာတမ်းဖတ်ပွဲကို ဆက်လက်ကျင်းပသည်။
နံနက်ပိုင်းတွင် သုတေသနလက်ထောက်-၁ ဒေါ်မီမီက “မြန်မာ့လွန်းရာကျော် ကြိုးကြီးချိတ် (ကြိုးကြီးချိတ် အဆင်ဒီဇိုင်းများလေ့လာချက်)” စာတမ်းကိုဖတ်ကြားရာ ဦးတင်မောင်လွင် (ပါမောက္ခ -ငြိမ်း၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ်-ရန်ကုန်)က သဘာပတိအဖြစ် ဆောင်ရွက် ပြီး သုတေသနလက်ထောက်-၂ ဦးတင်လတ်ယုက “ကိုလိုနီခေတ် ဝတ်စားဆင်ယင်ထုံးဖွဲ့မှု” စာတမ်းကို ဆက်လက်ဖတ်ကြားရာ ဦးညွန့်ဟန် (ညွှန်ကြားရေး မှူးချုပ်-ငြိမ်း၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန)က သဘာပတိအဖြစ် ဆောင်ရွက် သည်။
မွန်းလွဲပိုင်းတွင် စာတမ်းဖတ်ပွဲကို ဆက်လက် ကျင်းပရာ အနုပညာရှင်-၂ ဦးရွှေအိုး က “ပအိုဝ်းတိုင်းရင်းသားတို့၏ဓလေ့ထုံးစံများ” စာတမ်းကိုဖတ် ကြားရာ ဦးညွန့်ဟန် (ညွှန်ကြားရေးမှူးချုပ်-ငြိမ်း)က သဘာပတိအဖြစ်လည်းကောင်း၊ ဒေါ်ဇင်မာဝင်း (ပန်တျာကျောင်းအုပ်၊ အနုပညာအထက်တန်း ကျောင်း-ရန်ကုန်)က ရုပ်စုံသဘင်ဇာတ်တော်ကြီး တင်ဆက်မှုအခန်းကဏ္ဍကို လေ့လာခြင်းစာတမ်းကို ဖတ်ကြားရာ ဦးအောင်တိုး(ကထိက-ငြိမ်း၊ အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်-ရန်ကုန်)က သဘာပတိအဖြစ်လည်းကောင်း၊ ပြင်ပဂီတပညာရှင် စာရေးဆရာမကြီး ရွှေကူနန်းနွဲ့နွဲ့က “ချစ်သမျှကို သစ္စာတိုင်ပတ်ပျိုး၏ အနှစ်သာရများ” စာတမ်းကို ဖတ်ကြားရာ ဦးအောင်တိုး (ကထိက-ငြိမ်း၊ အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်-ရန်ကုန်)က သဘာပတိအဖြစ်လည်းကောင်း ဆောင်ရွက်ကြ သည်။
ထို့နောက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးထွန်းအုံက နိဂုံးချုပ်အမှာစကား ပြောကြားပြီး စာတမ်းဖတ်ပွဲကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
စာတမ်းဖတ်ပွဲသို့ ဒုတိယဝန်ကြီး ဦးအေးထွန်း နှင့် ဦးထွန်းအုံ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေး မှူးချုပ်များ၊ အထူးဖိတ်ကြားထားသူများ၊ ဝန်ကြီးဌာန အသီးသီးမှ သုတေသီများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
သတင်းစဉ်