
နေပြည်တော် ဇူလိုင် ၅
ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့ အသံနှင့် ရုပ်မြင်သံကြားတွင် ဝန်ထမ်းသစ်များ ကြိုဆိုပွဲနှင့် စွမ်းရည်မြှင့်တင်ရေး သင်တန်း ဖွင့်ပွဲကို ယနေ့ နံနက်ပိုင်း က နေပြည်တော် တပ်ကုန်းရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား Auditorium ခန်းမ၌ ကျင်းပ သည်။
ရှေးဦးစွာ “စိန်ရတုအလှမှန်- ထာဝရမြန်မာ့အသံ” သီချင်းဖြင့် ကပြဖျော်ဖြေသည်။
ယင်းနောက် ညွှန်ကြားရေး မှူးချုပ် ဦးရဲနိုင် က ဝန်ထမ်းသစ် များအား လှိုက်လှဲနွေးထွေးစွာ ကြိုဆိုပါကြောင်းနှင့် နိုင်ငံ့ဝန်ထမ်း ပီသစွာဖြင့် ဌာန၏ သတ်မှတ် ရည်မှန်းချက်နှင့် လုပ်ငန်းတာဝန် များကို စိတ်စေတနာကောင်းဖြင့် ဂုဏ်ယူစွာ တာဝန်ထမ်းဆောင် ကြရန်ဖြစ်ကြောင်း ပြောကြား သည်။ ဆက်လက်၍ ဝန်ထမ်းသစ် များက တစ်ဦးချင်း မိတ်ဆက် ပြောကြားပြီး “အသစ်တစ်ဖန် - ခေတ်သဏ္ဌာန် MRTV” သီချင်းဖြင့် ကပြဖျော်ဖြေကြသည်။
ဝန်ထမ်းသစ်များ စွမ်းရည် မြှင့်တင်ရေးသင်တန်းတွင် နိုင်ငံ့ ဝန်ထမ်းဥပဒေ၊ နည်းဥပဒေဆိုင်ရာ များ၊ ရုံးလုပ်ငန်းလက်စွဲ၊ ဌာန၏ ဖွဲ့စည်းပုံနှင့် လုပ်ငန်းတာဝန်များ၊ မီဒီယာနှင့် ရုပ်သံပညာရပ်များ ကို ဝန်ထမ်းသစ် ၁၂၈ ဦး အား သင်ကြားပို့ချပေးမည်ဖြစ်ပြီး COVID-19 ရောဂါ ကာကွယ်ရေး နည်းလမ်းများနှင့်အညီအခန်းများ ခွဲခြားကာ ရက်သတ္တ ၂ ပတ်ကြာ ပို့ချသွားမည်ဖြစ်ကြောင်း သိရ သည်။
သတင်းစဉ်