
နေပြည်တော် မတ် ၂
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ စီစဉ်မှုဖြင့် နေပြည်တော် (တပ်ကုန်း)ရှိ မြန်မာ့အသံနှင့်ရုပ်မြင် သံကြားမှ ဝန်ထမ်းများအတွက် အရည် အသွေးမီ စားအုန်းဆီများကို ယနေ့ နံနက်ပိုင်းတွင် ဈေးနှုန်းချိုသာမှန်ကန် စွာဖြင့် လာရောက်ရောင်းချပေးသည်။
အဆိုပါ စားအုန်းဆီများကို စားသုံး ဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး ကော်မတီနှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်း ရှင်များအသင်းတို့ ပေါင်းစပ်ညှိနှိုင်းပြီး စားသုံးသူရေးရာဦးစီးဌာနမှ ကြီးကြပ် ကာ Diamond Dragon Co.ltd မှ အရည်အသွေးမီ စားအုန်းဆီများကို တစ်ပိဿာလျှင် ငွေကျပ် ၅၇၀၀ နှုန်း ဖြင့် ဝန်ထမ်း ၁၁၀၀ အတွက် စုစုပေါင်း ပိဿာ ၂၂၀၀ ကို ရောင်းချပေးခြင်း ဖြစ်သည်။
စားသုံးသူရေးရာဦးစီးဌာန အနေ ဖြင့် ယခုမတ်လအတွင်း နေပြည်တော် ကောင်စီနယ်မြေ ပျဉ်းမနားမြို့ အရှေ့ ဘက် တောင်ပေါ်ဒေသ ကျေးရွာများရှိ အခြေခံလူတန်းစားများအတွက်လည်း ဦးစားပေးအစီအစဉ်အဖြစ် ဆက်လက် ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်