မြန်မာ့အသံနှင့်ရုပ်မြင်သံကြား (၇၇)နှစ်မြောက်နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဘတ်စကက်ဘောပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ

 

နေပြည်တော်  ဖေဖော်ဝါရီ  ၁၄


ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့် ရုပ်မြင် သံကြား   (၇၇)   နှစ်မြောက်    နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဘတ်စကက်ဘောပြိုင်ပွဲ အမျိုးသား နှင့်   အမျိုးသမီးအသင်းများ၏    ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲများကို ယနေ့နံနက်ပိုင်းနှင့် ညနေပိုင်း တို့တွင်  နေပြည်တော်(တပ်ကုန်း)ရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၌ ကျင်းပသည်။

 


ယနေ့နံနက်ပိုင်းက  ကျင်းပသည့်   အမျိုးသမီး ပြိုင်ပွဲ    ဗိုလ်လုပွဲတွင်  တိုင်းရင်းသားလူမျိုးများ ရုပ်သံလိုင်း NRC ဌာနခွဲနှင့် စီမံဌာနခွဲအသင်းတို့    ယှဉ်ပြိင်ကစားကြရာ     တိုင်းရင်းသားလူမျိုးများ ရုပ်သံလိုင်း NRC ဌာနခွဲအသင်းက လည်းကောင်း၊ ညနေပိုင်းတွင်ကျင်းပသည့်    အမျိုးသားပြိုင်ပွဲ ဗိုလ်လုပွဲအဖြစ်     အသံလွှင့်ဌာနခွဲအသင်းနှင့် ရုပ်မြင်ဌာနခွဲအသင်းတို့    ယှဉ်ပြိုင်ကစားကြရာ အသံလွှင့်ဌာနခွဲအသင်းကလည်းကောင်း အနိုင်ရရှိ  ဗိုလ်စွဲသည်။

 


ပြိုင်ပွဲများအပြီးတွင်   ဆုချီးမြှင့်ခြင်း   အခမ်း အနားကျင်းပရာ  ညွှန်ကြားရေးမှူးချုပ်ဦးရဲနိုင်က ပထမဆုရရှိခဲ့ကြသည့် အသံလွှင့်ဌာနခွဲ (အမျိုးသား) အသင်းနှင့် တိုင်းရင်းသားလူမျိုးများ ရုပ်သံလိုင်း  NRC ဌာနခွဲ (အမျိုးသမီး) အသင်းတို့ကိုလည်းကောင်း (အောက်ပုံ)၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(စီမံ)က ဒုတိယဆု  ရရှိခဲ့ကြသည့် ရုပ်မြင်ဌာနခွဲ (အမျိုးသား)အသင်းနှင့် စီမံဌာနခွဲအသင်း   (အမျိုးသမီး) ဘတ်စကတ်ဘော အသင်းများကိုလည်းကောင်း  ဒုတိယညွှန်ကြား  ရေးမှူးချုပ်   (EIC)   က တတိယဆုရရှိသည့် တိုင်းရင်းသားလူမျိုးများရုပ်သံလိုင်း NRC ဌာနခွဲ (အမျိုးသား)အသင်းနှင့် အသံလွှင့်ဌာနခွဲ(အမျိုးသမီး)အသင်းတို့အား လည်းကောင်း၊ ညွှန်ကြားရေးမှူး (စီမံခန့်ခွဲရေး)က  နှစ်သိမ့်ဆုရရှိသည့် စီမံဌာနခွဲ (အမျိုးသားအသင်း)အားလည်းကောင်း ဆုများချီးမြှင့်ကြသည်။

 


ထို့နောက်   ညွှန်ကြားရေးမှူးချုပ်က  ဌာနတွင်း  ဘတ်စကတ်ဘောပြိုင်ပွဲတွင် နည်းပြနှင့် ဒိုင်လူကြီး များအဖြစ် ကူညီဆောင်ရွက်ပေးခဲ့ကြသူ နှစ်ဦးကို ဂုဏ်ပြုချီးမြှင့်ငွေနှင့်   အမှတ်တရလက်ဆောင်  ပစ္စည်းများ ပေးအပ်သည်။

 


မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင် ဝန်ထမ်များ ချစ်ကြည်ရင်းနှီးမှုရရှိစေရန်နှင့် လုပ်ငန်းခွင်တွင် ပျော်ရွှင်ပြီး ကျန်းမာစွာဖြင့် တာဝန်ထမ်းဆောင် နိုင်စေရန် ရည်ရွယ်ချက်ဖြင့် ဌာနတွင်း အားကစား ပြိုင်ပွဲများကို စီစဉ်ကျင်းပလျက်ရှိရာ ယခုအခါ (၇၇)နှစ်မြောက်   နှစ်ပတ်လည်နေ့အထိမ်းအမှတ် အဖြစ် ညွှန်ကြားရေးမှူးချုပ်ဖလား  ဘတ်စကက်ဘော ပြိုင်ပွဲကို ဖေဖော်ဝါရီ ၈ ရက်မှစတင်ပြီး အမျိုးသား အသင်း ငါးသင်းကို  အုပ်စုနှစ်စု ခွဲ၍လည်းကောင်း၊ အမျိုးသမီးအသင်း သုံးသင်းကို အုပ်စုပတ်လည်အသင်း စနစ်ဖြင့်လည်းကောင်း  ပွဲစဉ်ရေးဆွဲ၍ ယှဉ်ပြိုင် ကစားကြခြင်း ဖြစ်ကြောင်းသိရသည်။

 

သတင်းစဉ်