
နေပြည်တော် မေ ၁၀
မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ဝန်ထမ်းသစ်များ မောင်မယ် သစ်လွင်ကြိုဆိုပွဲနှင့် မြန်မာ့ရုပ်ရှင် အကယ်ဒမီဆုချီးမြှင့်ပွဲတွင် ပါဝင် ဆောင်ရွက်ခဲ့ကြသည့် ဝန်ထမ်း များအား ဂုဏ်ပြုပွဲအခမ်းအနား ကို ယနေ့ နံနက်ပိုင်းတွင် နေပြည် တော် တပ်ကုန်းမြို့ရှိ မြန်မာ့အသံ နှင့် ရုပ်မြင်သံကြား Auditorium ခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ အမြဲတမ်း အတွင်းဝန် ဦးမျိုးမြင့်မောင်၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။
ရှေးဦးစွာ Auditorium ခန်းမ ၌ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ဝန်ထမ်းများက “စိန်ရတု အလှမှန် ထာဝရ မြန်မာ့အသံ” အကဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။
ထို့နောက် ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက အမှာ စကားပြောကြားရာတွင် မိမိတို့ ဝန်ကြီးဌာနသည် နိုင်ငံတော် မီဒီယာအဖြစ် လုပ်ငန်းတာဝန်များ ကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား သည် ယခင်ကထက် ပိုမိုတိုးတက် ကောင်းမွန်လာပြီး နိုင်ငံတော် အဆင့် အခမ်းအနားများတွင် ရိုက်ကူးထုတ်လွှင့် ပြသရေး အပြင် အခမ်းအနားမှူးများ ပါဝင် ဆောင်ရွက်မှု၊ ဖျော်ဖြေရေး အစီ အစဉ်များကိုလည်း အဆင့် အတန်းရှိရှိ တင်ဆက်နိုင်မှုတို့ဖြင့် လမ်းကြောင်းမှန်ပေါ်သို့ ရောက်ရှိ နေပြီဖြစ်ပါကြောင်း၊ မြန်မာ့အသံ နှင့် ရုပ်မြင်သံကြားသို့ ရောက်ရှိ လာသည့် ဝန်ထမ်းသစ်များ အားလုံးကို လှိုက်လှဲနွေးထွေးစွာ ကြိုဆိုပါကြောင်း၊ နိုင်ငံတော် မီဒီယာ၏ ရည်မှန်းချက်ကို အကောင်အထည်ဖော် ဆောင်ရွက် မည့် ဝန်ထမ်းများ ဖြည့်တင်းနိုင် ခြင်းဖြစ်၍ ခွန်အားသစ်များ ရရှိ ခြင်းပင်ဖြစ်ကြောင်း၊ ဝန်ထမ်း ဖြစ်လာသည်နှင့် ဝန်ထမ်း တစ်ယောက်၏ စည်မျဉ်းစည်းကမ်း များကို လိုက်နာရမည့်အပြင် ပေးအပ်သော တာဝန်ကိုလည်း ကောင်းမွန် ကျေပွန်စွာ ထမ်း ဆောင်ရမည် ဖြစ်ပါကြောင်း၊ ဝန်ထမ်းများအားလုံး အနေဖြင့် ကိုယ်စီတာဝန်များကို သိရှိ နားလည်အောင် ကြိုးစားဆောင် ရွက်ကြစေလိုပါကြောင်း။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်း မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲကို ပြီးပြည့်စုံသည့် အခမ်းအနား တစ်ခုအဖြစ် အောင်မြင်စွာ ကျင်းပ နိုင်ခဲ့ပါကြောင်း၊ ယင်းအောင်မြင် မှုသည် မိမိတို့ ဝန်ကြီးဌာနမှ ဝန်ထမ်းအားလုံး၏ ကြိုးစားမှု ကြောင့် ဖြစ်ပါကြောင်း၊ ယင်း ဆုပေးပွဲသည် အနုပညာလောက အတွက်လည်း ကြီးမားသည့် အောင်မြင်မှုတစ်ခုဖြစ်ပြီး အနု ပညာ လှုပ်ရှားမှုများကို ယခင် ကဲ့သို့ ပုံမှန်ဆောင်ရွက်နိုင်တော့ မည်ဟု ယုံကြည်ပါကြောင်း။
မိမိတို့ဝန်ကြီးဌာနကို သစ်လွင် နုပျိုသည့် ဌာနတစ်ခုဖြစ်စေရန် ကြိုးပမ်း ဆောင်ရွက်လျက်ရှိ ကြောင်း၊ မြန်မာနိုင်ငံ၏ နိုင်ငံတော် မီဒီယာဖြစ်ပြီး ဂုဏ်သိက္ခာပုံရိပ် မြင့်မားသည့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ဌာနကြီးတွင် ဝန်ထမ်းများအဖြစ် တာဝန်ထမ်း ဆောင်ခွင့်ရရှိကြသည်ကို ဂုဏ်ယူ တန်ဖိုးထားကြစေ လိုကြောင်း၊ ဝန်ထမ်းများ တစ်ဦးချင်းစီ၏ လုပ်ငန်းကျွမ်းကျင် တတ်မြောက် မှုနှင့်အတူ ဂုဏ်သိက္ခာ မြင့်မား အောင် ကြိုးစားအားထုတ်ပြီး ဌာန၏ ဂုဏ်၊ နိုင်ငံတော်၏ ပုံရိပ် ကို မြှင့်တင်နိုင်ရန် ကြိုးစား ဆောင်ရွက်ကြစေ လိုကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စု ဝန်ကြီးက မြန်မာ့ရုပ်ရှင် အကယ် ဒမီဆုချီးမြှင့်ပွဲတွင် ပါဝင်ဆောင် ရွက်ခဲ့ကြသည့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဝန်ထမ်းများ အား ဂုဏ်ပြုလက်မှတ်နှင့် ဂုဏ်ပြု ဆုငွေများ ပေးအပ်ချီးမြှင့်ရာ ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်နှင့် ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းသူတို့က လက်ခံ ရယူ ကြသည်။
ဆက်လက်၍ မြန်မာ့အသံ နှင့် ရုပ်မြင်သံကြား ဝန်ထမ်းများ က “တေးသရုပ်ဖော် တစ်ခန်း ရပ်ပြဇာတ်” ဖြင့် ဖျော်ဖြေ တင်ဆက်ကြပြီး ဝန်ထမ်းသစ် တစ်ဦးက ကျေးဇူးတင်စကား ပြောကြားသည်။
ထို့နောက် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ဝန်ထမ်းများက “ငြိမ်းချမ်းရေးလက် မြဲမြဲဆက်” အကဖြင့် ဖျော်ဖြေတင်ဆက်ကြပြီး ပြည်ထောင်စုဝန်ကြီးနှင့် တာဝန် ရှိသူများသည် ဝန်ထမ်းသစ်များ နှင့်အတူ မှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကြသည်။
ယင်းနောက် ပြည်ထောင်စု ဝန်ကြီးက အခမ်းအနားတွင် ဖျော်ဖြေ တင်ဆက်ခဲ့ကြသည့် ဝန်ထမ်းများအား ဂုဏ်ပြုဆုငွေ ပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးနှင့် တာဝန်ရှိသူများသည် Training Room သို့ ရောက်ရှိပြီး သတင်းဖတ်ကြားခြင်း၊ အစီအစဉ် တင်ဆက်ခြင်းနှင့် အခမ်းအနား မှူး တာဝန်ထမ်းဆောင်ခြင်း ဆိုင်ရာ သင်တန်း ဖွင့်လှစ် သင်ကြားနေမှုကို ကြည့်ရှုအားပေး သည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီးနှင့် တာဝန်ရှိသူများသည် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ၏ Office Canteen ၌ အရာထမ်း များ၊ ဝန်ထမ်းသစ်များနှင့်အတူ နေ့လယ်စာ အတူတကွသုံးဆောင် ကြသည်။
ယင်းနောက် ပြည်ထောင်စု ဝန်ကြီးနှင့် တာဝန်ရှိသူများသည် News Channel Studio တွင် သတင်းထုတ်လွှင့်နေမှုနှင့် Aircon Chiller တပ်ဆင် ဆောင်ရွက် ပြီးစီးမှု အခြေအနေများကို ကြည့်ရှု စစ်ဆေးကြသည်။
ဆက်လက်၍ မြန်မာ့အသံ နှင့် ရုပ်မြင်သံကြားရှိ လူပျိုဆောင်၊ အပျိုဆောင်နှင့်် အိမ်ထောင်သည် လိုင်းခန်းများသို့ သွားရောက်ကာ နေထိုင်စားသောက်မှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေး ကြိုတင်ကာကွယ် ဆောင်ရွက် သွားရန်နှင့် အိမ်ရာဝင်းအတွင်း သန့်ရှင်းသာယာ လှပစေရေး ပေါင်းစပ် ဆောင်ရွက်သွားရန် မှာကြားခဲ့သည်။
မြန်မာ့အသံနှင့် ရုပ်မြင် သံကြား၌ တာဝန်ထမ်းဆောင်ကြ မည့် ဝန်ထမ်းသစ်များအတွက် ဖွင့်လှစ်သည့် စွမ်းရည်မြှင့်တင်ရေး သင်တန်းတွင် ပြန်ကြားရေး ဝန်ကြီးဌာနနှင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ ရည်မှန်းချက်၊ ဖွဲ့စည်းပုံနှင့် လုပ်ငန်းတာဝန်များ၊ ရုပ်သံထုတ်လွှင့်မှု လုပ်ငန်းစဉ် များနှင့် ပြည်ထောင်စုရာထူးဝန် အဖွဲ့မှ ပို့ချမည့် ဝန်ထမ်းဥပဒေ၊ နည်းဥပဒေနှင့် ကျင့်ဝတ်ဆိုင်ရာ များကို မေ ၈ ရက်မှ ၁၂ ရက်အထိ သင်တန်းသား သင်တန်းသူ ၁၃၂ ဦးဖြင့် သင်ကြားပို့ချသွား မည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်