မြန်မာအမျိုးသားလေကြောင်း ရန်ကုန်-နန်နင်း-ရန်ကုန် Cargo ခရီးစဉ်စတင်ပျံသန်းပြေးဆွဲ

ရန်ကုန်   မေ   ၁၆


မြန်မာအမျိုးသားလေကြောင်း၏   ရန်ကုန်-နန်နင်း  -  ရန်ကုန်        ကုန်ပစ္စည်းသယ်ယူ ပို့ဆောင်ရေးလေကြောင်းခရီးစဉ်များ(Cargo Flight)  အား   ယနေ့မွန်းလွဲ   ၁၂  နာရီ   ၁၅  မိနစ်တွင်      ရန်ကုန်အပြည်ပြည်ဆိုင်ရာ     လေဆိပ်မှ        Boeing 737 - 800 Freigh- ter   လေယာဉ်ဖြင့်     စတင်ပျံသန်းပြေးဆွဲ    သည်။
ယနေ့ ရန်ကုန်-နန်နင်းခရီးစဉ်(UB-8503)ဖြင့် ရေထွက်ကုန်ပစ္စည်းများဖြစ်သော ကဏန်း နှင့်ငါးရှဉ့် ၁၆ တန် တင်ဆောင်ခဲ့ပြီး  ရန်ကုန်-နန်နင်း - ရန်ကုန် ကုန်ပစ္စည်းသယ်ယူပို့ဆောင် ရေးလေကြောင်းခရီးစဉ် Cargo Flight အား တစ်ပတ်လျှင်သုံးကြိမ်    အင်္ဂါ၊    ကြာသပတေး နှင့်  စနေနေ့များတွင်  ပျံသန်းပြေးဆွဲသွားမည် ဖြစ်သည်။
Boeing 737-800  Freighter လေယာဉ်သည် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ  ၂၄  ရက်တွင်   မြန်မာနိုင်ငံသို့   ဆိုက်ရောက်ခဲ့ပြီး မြန်မာအမျိုးသားလေကြောင်း၏   ကုန်ပစ္စည်း သယ်ယူပို့ဆောင် ရေး    လေကြောင်းခရီးစဉ်များဖြစ်သော     ရန်ကုန်-ကူမင်း-ရန်ကုန်၊  ရန်ကုန်-ဘန်ကောက်-ရန်ကုန်၊ ရန်ကုန်-စင်ကာပူ-ရန်ကုန်နှင့်  ရန်ကုန်-မန်စီ-ရန်ကုန်  Cargo  ခရီးစဉ်များတွင် ပျံသန်းပြေးဆွဲပေးလျက်ရှိသည်။                    အာကာလင်း