
ရန်ကုန် မေ ၂၄
သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း၊ မြန်မာ့အလင်းသတင်းစာတိုက်၏ ငွေစုငွေချေး သမဝါယမအသင်းလီမိတက်၂၀၂၁-၂၀၂၂ဘဏ္ဍာရေးနှစ် နှင့် ၂၀၂၁ ခုနှစ် အောက်တိုဘာ ၁ ရက်မှ ၂၀၂၂ ခုနှစ် မတ် ၃၁ ရက်အထိ ခြောက်လဘဏ္ဍာနှစ်၊ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယနေ့ နံနက် ၁၁ နာရီက မြန်မာ့အလင်းသတင်းစာတိုက် အစည်း အဝေးခန်းမ၌ ပြုလုပ်သည်။
ဦးစွာ ငွေစုငွေချေးသမဝါယမအသင်းလီမိတက် အုပ်ချုပ်မှု ဒါရိုက်တာ မြန်မာ့အလင်းသတင်းစာတိုက်မှ မန်နေဂျာ ဦးဇော်မင်းက အမှာစကားပြောကြားသည်။ ထို့နောက် ဗဟန်းမြို့နယ်သမဝါယမ ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သင်းသင်းအေးက အသင်းသူ၊ အသင်းသား အနေဖြင့် ငွေကြေးစုဆောင်သည့် အလေ့အကျင့်ရရှိစေရန်လိုကြောင်း၊ မိမိစုဆောင်းလိုသည့် ငွေပမာဏကို လစဉ်အလွယ်တကူစုဆောင်း စေနိုင်ပြီး ငွေကြေးအခက်အခဲ လိုအပ်မှုရှိသည့်အခါ သမဝါယမအသင်း စည်းမျဉ်းဥပဒေအရ သတ်မှတ်ထားသည့် သက်သာသော အတိုးနှုန်း ဖြင့် အသင်းမှ ပြန်လည်ချေးငှားနိုင်သည့် အခွင့်အလမ်းရရှိစေမည်ဖြစ် ကြောင်း ပြောကြားသည်။
ဆက်လက်၍ အသင်း၏ လုပ်ငန်းအစီရင်ခံစာနှင့် ဘဏ္ဍာရေး ရှင်းတမ်းတို့ကို ဦးစိုးထူးက ဖတ်ကြားပြီး အသင်းသူ၊ အသင်းသားများ အား အတိုးနှုန်းများ ထုတ်ပေးခဲ့ကြောင်း သိရသည်။ အာကာစိုး