မြန်မာ့အော်ဂဲနစ်ထုတ်ကုန်များ နိုင်ငံတကာစျေးကွက်သို့ ထိုးဖောက်၍ စျေးကွက်ယှဉ်ပြိုင်နိုင်စွမ်းမြင့်မားစေရေး ကြိုးပမ်းဆောင်ရွက်

 

နေပြည်တော်  နိုဝင်ဘာ   ၉
ပြည်တွင်း၌   အော်ဂဲနစ်စိုက်ပျိုး ထုတ်လုပ်သူများနှင့်  အော်ဂဲနစ် စျေးကွက်        ဖြစ်ပေါ်လာရေး၊ ထောက်ခံချက်များ     ပါရှိသော မြန်မာ့အော်ဂဲနစ်       ထုတ်ကုန် များ    နိုင်ငံတကာစျေးကွက်သို့ ထိုးဖောက်၍   စျေးကွက်ယှဉ်ပြိုင် နိုင်စွမ်း    မြင့်မားစေရေးအတွက် မြန်မာအော်ဂဲနစ်    စံချိန်စံညွှန်း များကို  ၂၀၁၉  ခုနှစ်၌ ထုတ်ပြန် ခဲ့ပြီးဖြစ်ရာ   အော်ဂဲနစ်စိုက်ပျိုး ရေးဆိုင်ရာ   လျှောက်ထားခြင်း၊ စစ်ဆေးခြင်း၊    ထောက်ခံချက် ပေးခြင်း၊ အော်ဂဲနစ်စနစ်ကျင့်သုံးခြင်းများအတွက်   လမ်းညွှန်ချက် များရေးဆွဲခြင်းဆိုင်ရာ  လုပ်ငန်း များ ဆက်လက်အကောင်အထည် ဖော်   ဆောင်ရွက်ရန်   ဒုတိယ အကြိမ်     အလုပ်ရုံဆွေးနွေးပွဲကို နိုဝင်ဘာ ၄ ရက်က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်    ဆည်မြောင်း ဝန်ကြီးဌာန     နေပြည်တော် ရုံးအမှတ်   ၄၃   ၌  ကျင်းပရာ စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူ များ၊      အော်ဂဲနစ်အဖွဲ့အစည်း အသီးသီးမှ   ကိုယ်စားလှယ်များ၊ အော်ဂဲနစ်   စိုက်ပျိုးထုတ်လုပ်သူ များ  တက်ရောက်ကြပြီး  ဒေသ အသီးသီးမှ   အော်ဂဲနစ်စိုက်ပျိုး ထုတ်လုပ်ရေး     စိတ်ဝင်စားသူ များက အွန်လိုင်းမှ တက်ရောက် ဆွေးနွေးကြသည်။
စိုက်ပျိုးရေး    ဦးစီးဌာနက ဦးဆောင်သည့် အော်ဂဲနစ်စိုက်ပျိုး ရေးဆိုင်ရာ   နည်းပညာရှင်များ အဖွဲ့နှင့်အတူ     စိုက်ပျိုးရေး တက္ကသိုလ်၊ စိုက်ပျိုးရေးသုတေ သန ဦးစီးဌာနအပါအဝင်  ကဏ္ဍ ပေါင်းစုံမှ ပညာရှင်များ၊ ပညာ ရေးဝန်ကြီးဌာန၊   အမျိုးသား စံချိန်စံညွှန်းအဖွဲ့မှ  ပညာရှင်များ ပူးပေါင်း၍      ထောက်ခံချက် ပေးရာတွင်        လိုက်နာရမည့် အော်ဂဲနစ်ထောက်ခံချက်ပေးရေးလမ်းညွှန်ချက်နှင့်    အော်ဂဲနစ် စိုက်ပျိုးရေး စစ်ဆေးခြင်းဆိုင်ရာလမ်းညွှန်ချက်များကို  အတည်ပြု နိုင်ခဲ့ပြီး ပထမအကြိမ် အလုပ်ရုံ ဆွေးနွေးပွဲကို    ၂၀၂၂   ခုနှစ် စက်တင်ဘာလအတွင်း ကျင်းပ ခဲ့ပြီးဖြစ်သည်။
ယခုကျင်းပသည့်  အော်ဂဲနစ် စနစ်  ကျင့်သုံးခြင်းများအတွက် လမ်းညွှန်ချက်များ   ရေးဆွဲခြင်း ဆိုင်ရာ ဒုတိယအကြိမ် အလုပ်ရုံ ဆွေးနွေးပွဲ၌        အော်ဂဲနစ် ထောက်ခံချက်   လက်မှတ်များ ပေးအပ်နိုင်ရေးအတွက်   လိုအပ် လျက်ရှိသော    ထောက်ခံချက် ပေးရာတွင်        လိုက်နာရမည့် လမ်းညွှန်ချက်များ၊  စစ်ဆေးရေး မှူးများ လိုက်နာရမည့် လမ်းညွှန် ချက်များ၊       စိုက်ပျိုးသူများ လိုက်နာရမည့်    လမ်းညွှန်ချက် များအား   ဆက်လက်ရေးဆွဲရန် ကိစ္စရပ်များ၊ လမ်းညွှန်ချက်များ ထုတ်ပြန်ရာတွင်       အော်ဂဲနစ် စိုက်ပျိုးထုတ်လုပ်မှု   ကွင်းဆက် တစ်လျှောက်ပါဝင်နေသူများ သိရှိ လိုက်နာရမည့် လမ်းညွှန်ချက်များ ဖြစ်စေရန်နှင့်   အမှားအယွင်းမရှိ စစ်မှန်သော   အော်ဂဲနစ်စိုက်ပျိုး ထုတ်လုပ်မှုစနစ်ကို ဖော်ဆောင် နိုင်ရန်       ရိုးရှင်းလွယ်ကူစွာ နားလည်နိုင်ပြီး        စနစ်တကျ လိုက်နာနိုင်မည့်   လမ်းညွှန်ချက် များ အတည်ပြုထုတ်ပြန်နိုင်ရေး ဆွေးနွေးကြကြောင်း  သိရသည်။                      
သတင်းစဉ်