မြန်မာ - တရုတ်ခရီးသွားမြှင့်တင်ရေး ရင်းနှီးကျွမ်းဝင်မှုဆိုင်ရာခရီးစဉ် (Familiarization Trip- FAM Trip) တွင် လိုက်ပါလာကြသည့်ကိုယ်စားလှယ်များ နေပြည်တော် ဟိုတယ်လုပ်ငန်းဆိုင်ရာသင်တန်းကျောင်း၌ အမှတ်တရသစ်ပင်များစိုက်ပျိုး

နေပြည်တော်    မေ    ၁၆
မြန်မာ - တရုတ်      ခရီးသွားမြှင့်တင်ရေး ရင်းနှီးကျွမ်းဝင်မှုဆိုင်ရာခရီးစဉ် (Familiari-zation Trip- FAM Trip)  တွင်  လိုက်ပါ လာကြသည့်    ကိုယ်စားလှယ်များသည်   ယနေ့နံနက်ပိုင်းတွင်    ပြည်ထောင်စု နယ်မြေ  နေပြည်တော် ဟိုတယ်လုပ်ငန်း ဆိုင်ရာ  သင်တန်းကျောင်း၌  အမှတ်တရ သစ်ပင်များ  စိုက်ပျိုးကြရာ  ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန      ပြည် ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ အမြဲတမ်းအတွင်းဝန်၊  ညွှန်ကြားရေးမှူး ချုပ်နှင့်   အရာရှိကြီးများ၊   နေပြည်တော် ဟိုတယ်ဆိုင်ရာ  လုပ်ငန်းရှင်များအသင်း နှင့်  ခရီးသွားလုပ်ငန်းရှင်များအသင်းတို့မှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊ ဟိုတယ် များမှ  တာဝန်ရှိသူများက သွားရောက် ကြည့်ရှုအားပေးကြသည်။
ကြည့်ရှုအားပေးစဉ်    ပြည်ထောင်စု ဝန်ကြီးက   မြန်မာ - တရုတ်   ခရီးသွား မြှင့်တင်ရေး     ရင်းနှီးကျွမ်းဝင်မှုဆိုင်ရာ ခရီးစဉ်တွင် လိုက်ပါလာကြသည့် ကိုယ်စား လှယ်များကို  ယခုခရီးစဉ်၏ အမှတ်တရ အဖြစ်     သစ်ပင်စိုက်ပျိုးခြင်းအစီအစဉ် ထည့်သွင်းပေးထားခြင်း   ဖြစ်ပါကြောင်း၊ ကိုယ်စားလှယ်များ  စိုက်ပျိုးထားခဲ့သော အပင်များကို  နောင်လာမည့် နှစ်များတွင် လာရောက်ကြည့်ရှုနိုင်ရေးအတွက် ထပ်မံ ဖိတ်ခေါ်ပေးသွားမည်    ဖြစ်ပါကြောင်း၊ အစိမ်းရောင်   ခရီးသွားလုပ်ငန်းမြှင့်တင် ရေးဆောင်ရွက်ရာတွင်  အားပေးကူညီပေး စေလိုသည့်အတွက်  ဆောင်ရွက်ပေးခြင်း ဖြစ်ပါကြောင်း၊ ဆက်လက် သွားရောက် မည့်    ခရီးစဉ်များတွင်    ပျော်ရွှင်ပါစေ ကြောင်း  ဆုမွန်တောင်းစကား ပြောကြား သည်။
ထို့နောက် (FAM Trip) ၏ ကိုယ်စား ပြုသူ   ကိုယ်စားလှယ်တစ်ဦးက   သစ်ပင် စိုက်ပျိုးစောင့်ရှောက်မှုအတွက်  နေပြည် တော်   ဟိုတယ်ဆိုင်ရာ   လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌထံသို့ အလှူငွေပေးအပ်ပြီး စုပေါင်းမှတ်တမ်းတင်    ဓာတ်ပုံရိုက်ကြ သည်။  
ဆက်လက်၍  ပြည်ထောင်စုဝန်ကြီး သည်  ဂျပန်နိုင်ငံ Sendai  မြို့အခြေစိုက် Grape City ကုမ္ပဏီလီမိတက်မှ ကိုယ်စား လှယ်အဖွဲ့ကို ဝန်ကြီးဌာန၏ နီလာခန်းမ၌ လက်ခံတွေ့ဆုံသည်။ 
တွေ့ဆုံစဉ်  ခေတ်စနစ်နှင့် လျော်ညီ သော ခရီးသွားမြှင့်တင်ရေးဆိုင်ရာ ဗီဒီယို များ ရိုက်ကူးတည်းဖြတ်ရေးဆိုင်ရာကိစ္စ၊ website  နှင့်  social media များတွင် မြန်မာနိုင်ငံ၏     ပုံရိပ်ကောင်းမွန်သော ခရီးသွားအချက်အလက်များ  ကျယ်ကျယ် ပြန့်ပြန့် လွှင့်တင်ဖြန့်ဝေရေးဆိုင်ရာ ကိစ္စ၊ နည်းပညာနှင့်  လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက်    ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာကိစ္စ၊ ခရီးစဉ်ဒေသ များအလိုက် တိုင်းရင်းသားရိုးရာယဉ်ကျေး မှုများနှင့်    အစားအစာများ    မြှင့်တင် ကြော်ငြာရေးဆိုင်ရာကိစ္စ၊   နိုင်ငံတကာ အစည်းအဝေးများတွင်   မြန်မာနိုင်ငံကို ဆွဲဆောင်မှုရှိပြီး  လည်ပတ်စရာကောင်း သော  ခရီးစဉ်ဒေသတစ်ခုအဖြစ်  မြှင့်တင် နိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို  ဆွေးနွေးခဲ့ ကြောင်း သိရသည်။                 သတင်းစဉ်