
နေပြည်တော် ဒီဇင်ဘာ ၁၁
မြန်မာ-တရုတ် နယ်စပ်ကုန်သွယ် ရေး၊ မန္တလေး-မူဆယ်လမ်းကြောင်း တစ်လျှောက် ကုန်စည်ကူးသန်း ရေးတွင် ကိုဗစ်-၁၉ရောဂါ ပြန့်ပွား မှုထိန်းချုပ်ရေး၊ ယာဉ်ကြော ပိတ်ဆို့မှုမရှိစေရေးနှင့် Check Point များ သတ်မှတ်ဆောင်ရွက် ရေးဆိုင်ရာ ဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီက မန္တလေးတိုင်း ဒေသကြီး (၇၃) လမ်း သဇင်လမ်း နှင့် ငုရွှေဝါလမ်းကြားရှိ Pullman Mandalay Mingalar Hotel သဇင် ခန်းမ(၂)၌ ကျင်းပသည်။
ရှေးဦးစွာ မန္တလေးတိုင်းဒေသ ကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော် မင်းက ယခုအချိန်တွင် တရုတ် နယ်စပ်ဂိတ်များ ပြန်လည်ဖွင့်လှစ် သော်လည်း မူဆယ်၊ ချင်းရွှေဟော် တို့၌ ပို့ကုန်ယာဉ်အများအပြား ကျန်ရှိနေသေးသဖြင့် ယာဉ်ကြော ပိတ်ဆို့မှုများ ဖြစ်ပေါ်လာနိုင်ပါ ကြောင်း၊ ယင်းကြောင့် မန္တလေး ၁၆ မိုင် စစ်ဆေးရေးဂိတ်အနေ ဖြင့် ပို့ကုန်ယာဉ်များအား ခေတ္တ ယာယီ ဖြတ်သန်းခွင့်မပြုသေးဘဲ၊ ဒုတိယအကြိမ် SOP အသစ် ပြန်လည်ရေးဆွဲပြီး၊ မန္တလေး ၁၆ မိုင် စစ်ဆေးရေးဂိတ်အပါအဝင် မြစ်ငယ်တိုးဂိတ်၊ မန္တလေးထုံးဘို လမ်းနှင့် (၆၂) လမ်းဆုံ အုန်းချော အဝင် မန္တလေး - လားရှိုးလမ်းနှင့် ထုံးဘိုလမ်းဆုံ (ရတနာလင်း လမ်းဆုံ) စသည့် နေရာများတွင် Check Point ထပ်မံဖွဲ့စည်းပြီး ပို့ကုန်ယာဉ်များအား ထိန်းချုပ် စေလွှတ်ခြင်းများ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ မူဆယ်တွင် ယာဉ်ကြောပိတ်ဆို့မှု မဖြစ်ပေါ်စေ ရေး၊ Logistic Cost ကုန်ကျစရိတ် မြင့်မားမှု မဖြစ်ပေါ်စေရေးတို့ အတွက် တက်ရောက်လာကြသော ကုန်သည်များ၊ လုပ်ငန်းရှင်များက ပူးပေါင်း ဆောင်ရွက်ပေးမည် ဆိုပါက Management လုပ်ကိုင် ဆောင်ရွက်နေရသော အစိုးရပိုင်း အနေဖြင့်လည်းကောင်း၊ ပုဂ္ဂလိက ပိုင်းအနေဖြင့်ပါ Win - Win Situ-ation ဖြစ်လာနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် မန္တလေးတိုင်း ဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေးက ကုန်စည်ကူးသန်း ရောင်းဝယ်မှုတွင် ကျန်းမာရေး ဦးစီးဌာနက ထုတ်ပြန်ထားရှိသော ကိုဗစ်-၁၉ ဆိုင်ရာ လမ်းညွှန် မှာကြားချက်များကို တိကျစွာ လိုက်နာ ဆောင်ရွက်သင့်ပါ ကြောင်း၊ Check Point တစ်ခုချင်း စီတွင် လုပ်ဆောင်ရမည့် လုပ်ငန်း စဉ်များကို ကုန်သည်လုပ်ငန်းရှင် များနှင့်အတူ လိုက်ပါဆောင်ရွက် ရသော ယာဉ်မောင်း/ ယာဉ်နောက် လိုက်များပါ သိရှိနိုင်ရေး ဝိုင်းဝန်း ကူညီဆောင်ရွက်ပေးရန် လိုအပ် ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ကုန်စည် ကူးသန်းရေးတွင် ကိုဗစ်-၁၉ ရောဂါပြန့်ပွားမှု ထိန်းချုပ်ရေး ဆပ်ကော်မတီဥက္ကဋ္ဌ၊ ကုန်သွယ် ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ် ဦးမြင့်သူရက မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေး မန္တလေး-မူဆယ်လမ်းကြောင်းတစ်လျှောက် ယာဉ်ကြောပိတ်ဆို့မှု မရှိစေရေး နှင့် Check Point များ သတ်မှတ် ဆောင်ရွက်ရေး ဆိုင်ရာများကို ရှင်းလင်းဆွေးနွေးခဲ့ပြီး သက်ဆိုင် သည့် ဌာနများဖြစ်သော ကျန်းမာ ရေးဦးစီးဌာန မန္တလေးတိုင်းဒေသ ကြီး (၁၆) မိုင် စစ်ဆေးရေးစခန်း တာဝန်ခံများက ဆွေးနွေးကြ သည်။
ဆွေးနွေးပွဲတွင် ပြည်နယ် အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်း ပြည်နယ်မြောက်ပိုင်း) ဥက္ကဋ္ဌ၊ မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေး စခန်းတာဝန်ခံ ညွှန်ကြားရေးမှူး၊ ချင်းရွှေဟော် ကုန်သွယ်ရေးစခန်း တာဝန်ခံ ညွှန်ကြားရေးမှူးတို့က Zoom Meeting ဖြင့် တက်ရောက် ခဲ့ပြီး Check Point နေရာများ အလိုက် ဆောင်ရွက်မည့် လုပ်ငန်း စဉ်၊ ယာဉ်ရပ်နားကွင်း၊ ကုန်ချ ကွင်းနှင့် ယာဉ်ရပ်နားမှုအခြေ အနေများကို ရှင်းလင်းတင်ပြ သည်။
ယင်းနောက် မန္တလေးတိုင်း ဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်မင်းက နိဂုံးချုပ် စကား ပြောကြားသည်။
ယင်းနောက် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်မင်း၊ ကုန်သွယ်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်သူရတို့သည် မွန်းလွဲပိုင်း တွင် မန္တလေးတိုင်းဒေသကြီး မန္တလေး-ပြင်ဦးလွင် လမ်းမကြီး ပေါ်ရှိ (၁၆)မိုင် ကုန်ပစ္စည်း စစ်ဆေးရေးစခန်းသို့ ရောက်ရှိရာ တာဝန်ရှိသူများက မော်တော် ယာဉ်နှင့် ကုန်ပစ္စည်းများအား စစ်ဆေး ဆောင်ရွက်နေမှုတို့ကို ရှင်းလင်းပြသခဲ့ကြောင်း သိရ သည်။
သတင်းစဉ်