
နေပြည်တော် ဒီဇင်ဘာ ၁၇
မြန်မာ- တရုတ် နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် တည်ထောင် အကောင်အထည်ဖော်ရေးဆိုင်ရာ ဗဟိုကော်မတီ၏ (ဆဋ္ဌမအကြိမ်)လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန ညီလာခံခန်းမ၌ ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပသည်။
အစည်းအဝေးတွင် မြန်မာ-တရုတ် နယ်စပ်စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုဇုန် တည်ထောင် အကောင်အထည် ဖော်ရေးဆိုင်ရာ ဗဟိုကော်မတီဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့်က မြန်မာ-တရုတ် နှစ်နိုင်ငံ သဘောတူညီချက်များအရ အကောင် အထည်ဖော် ဆောင်ရွက်နေသည့် နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက် မှုဇုန်အတွက် မြန်မာနိုင်ငံဘက်မှ ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ်က ဥက္ကဋ္ဌအဖြစ် ဦးဆောင် ပြီး သက်ဆိုင်ရာဌာနများမှ တာဝန် ရှိသူများ ပါဝင်သော ဒေသအဆင့် လုပ်ငန်းအဖွဲ့ကို ဖွဲ့စည်းတာဝန် ပေးအပ်ထားခဲ့ရာ ၎င်းအဖွဲ့အနေဖြင့် နှစ်နိုင်ငံ ချိတ်ဆက်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးများ ကျင်းပခဲ့ကြောင်း၊ မြန်မာဘက် ပူးပေါင်းဆောင်ရွက်မှု ဇုန်တည်နေရာနှင့် ဧရိယာသတ်မှတ် တင်ပြနိုင်ရေးအတွက် ကွင်းဆင်း လေ့လာမှုများ ဆောင်ရွက်ခဲ့ပါ ကြောင်း၊ ပူးပေါင်းဆောင်ရွက်မှုဇုန်၏ မြေယာ အသုံးချခွင့်ရရှိရေးအတွက် သတ်မှတ်လုပ်ထုံးလုပ်နည်းများနှင့်အညီ သက်ဆိုင်ရာဌာနများက ပေါင်းစပ်ညှိနှိုင်း၍ ဆောလျင်စွာစိစစ် ဆောင်ရွက်ပေးရန် ဖြစ်ပါကြောင်း၊ ဧရိယာသတ်မှတ်ပြီးမှသာ ပူးပေါင်း ဆောင်ရွက်မှုဇုန် တည်ထောင်ရေး ဆိုင်ရာ မူဘောင်သဘောတူညီချက် ကို နှစ်နိုင်ငံလက်မှတ်ရေးထိုးခြင်း အပါအဝင် တည်ထောင်အကောင် အထည်ဖော်ရေးဆိုင်ရာ လုပ်ငန်းစဉ် အဆင့်ဆင့်ကို လုပ်ထုံးလုပ်နည်းများ နှင့်အညီ ဆက်လက်ဆောင်ရွက်နိုင် မည်ဖြစ်သဖြင့် လုပ်ငန်းစဉ်အားလုံး မြန်ဆန်ချောမွေ့စေရေးအတွက် ဗဟို ကော်မတီဝင်များနှင့် သက်ဆိုင်ရာ ဌာနများမှ ကဏ္ဍအလိုက် ပူးပေါင်း ဆောင်ရွက်ပေးရန် ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ဗဟိုကော်မတီ ဒုတိယ ဥက္ကဋ္ဌ ကချင်ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင်၊ ဒုတိယဥက္ကဋ္ဌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ကိုယ်စား ရှမ်းပြည်နယ် အစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး ဦးစိုးညွန့်လွင်၊ ဗဟိုကော်မတီ အဖွဲ့ဝင် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးကျောက် တယ်ချန်၊ ဗဟိုကော်မတီအတွင်း ရေးမှူး စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးအောင်ထူးနှင့် ဗဟို ကော်မတီအဖွဲ့ဝင် ဌာနဆိုင်ရာအကြီး အကဲများ တက်ရောက်ကြပြီး သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေး တင်ပြကြသည်။
ထို့နောက် မြန်မာ - တရုတ် နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက် မှုဇုန်တည်ထောင် အကောင်အထည် ဖော်ရေးဆိုင်ရာ လုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ ကုန်သွယ်ရေးဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းမင်း က မြန်မာဘက်မှ ပူးပေါင်းဆောင်ရွက် မှုဇုန်တည်နေရာနှင့် ဧရိယာသတ်မှတ် တင်ပြနိုင်ရေးအတွက် ကွင်းဆင်း လေ့လာမှု ဆောင်ရွက်ခဲ့သည့် အခြေအနေကို ရှင်းလင်းတင်ပြ ရာ တက်ရောက်လာကြသူများက ပြန်လည်ဝိုင်းဝန်း ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။
သတင်းစဉ်