
နေပြည်တော် ဒီဇင်ဘာ ၇
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး ဦးဆောင်၍ သက်ဆိုင်ရာဝန်ကြီး ဌာန/အဖွဲ့အစည်းများနှင့် မြန်မာ- တရုတ် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်၌ ကျင်းပသည်။
အစည်းအဝေးတွင် ပြည် ထောင်စုဝန်ကြီးက မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင် ရွက်လျက်ရှိသည့် စီမံကိန်းများ ဆက်လက် အကောင်အထည် ဖော်ခြင်းနှင့်စပ်လျဉ်း၍ လည်း ကောင်း၊ နှစ်နိုင်ငံ အစိုးရချင်း ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စများနှင့်စပ်လျဉ်း၍ လည်း ကောင်း၊ လက်ရှိပူးပေါင်းဆောင် ရွက်နေသည့် စီမံကိန်းများဖြစ် သည့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ စီမံကိန်းများ၊ နှစ်နိုင်ငံကုန်သွယ်မှု တိုးမြှင့်ရေးနှင့် သက်ဆိုင်သည့် စီမံကိန်းများ၊ စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး၊ လူသား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး နှင့် နှစ်နိုင်ငံအကြား ယဉ်ကျေးမှု ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ စီမံကိန်းများကို အကောင်အထည် ဖော်ရာတွင် နှစ်နိုင်ငံအကြား သဘောတူညီထားသည့် နားလည် မှု စာချွန်လွှာများ၊ သဘောတူ စာချုပ်များနှင့် စာလွှာများနှင့် အညီ ဆက်လက်အကောင် အထည်ဖော်ရေးနှင့် စပ်လျဉ်း၍ လည်းကောင်း၊ တွေ့ကြုံရသော အခက်အခဲများ၊ နှစ်နိုင်ငံညှိနှိုင်း ပေးရမည့်ကိစ္စရပ်နှင့် မူဝါဒခံယူ ပေးရမည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ လည်းကောင်း ဆွေးနွေးရန် မှာကြားသည်။
ထို့နောက် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန်းအောင်ကျော်က စီမံကိန်း များ ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ ကိစ္စများနှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြသည်။
အစည်းအဝေးသို့ တက် ရောက်လာသော အမြဲတမ်း အတွင်းဝန်များ၊ ညွှန်ကြားရေးမှူး ချုပ်များက သက်ဆိုင်ရာစီမံကိန်း များအလိုက် အကောင်အထည် ဖော်မှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြရာ ပြည် ထောင်စုဝန်ကြီးနှင့် ဒုတိယ ဝန်ကြီးတို့က လိုအပ်သည်များ ဖြည့်စွက်အကြုံပြု ဆွေးနွေးခဲ့ ကြသည်။
အစည်းအဝေးသို့ ရင်းနှီး မြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ဝန်ကြီးဌာန အသီးသီးမှ အမြဲတမ်းအတွင်းဝန် များ၊ ညွှန်ကြားရေးမှူးချုပ်များ တက်ရောက်ကြပြီး မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ရုံးနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ရုံးတို့မှ ကိုယ်စားလှယ်များက Virtual စနစ်ဖြင့် ပါဝင်တက် ရောက်ခဲ့ကြသည်။
သတင်းစဉ်