မြန်မာ-တရုတ် နှစ်နိုင်ငံ လယ်ယာကဏ္ဍပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆွေးနွေး

 

နေပြည်တော်   ဇူလိုင်   ၉


စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး   ဦးတင်ထွဋ်ဦးသည်   ယနေ့ ညနေပိုင်းတွင်  မြန်မာနိုင်ငံဆိုင်ရာ  တရုတ်ပြည်သူ့ သမ္မတနိုင်ငံ    သံအမတ်ကြီး   မစ္စတာချန်းဟိုင်ကို Online Virtual ဖြင့် တွေ့ဆုံ၍ နှစ်နိုင်ငံလယ်ယာ ကဏ္ဍကုန်သွယ်မှု တိုးမြှင့်ရေးဆိုင်ရာများကို ရင်းနှီး ပွင့်လင်းစွာဆွေးနွေးကြသည်။


ဆွေးနွေးစဉ် မြန်မာ-တရုတ် နှစ်နိုင်ငံ လယ်ယာ၊ သားငါးထွက်ကုန်များ ကုန်သွယ်မှုတွင် လိုအပ်သော ပိုးမွှားရောဂါ    ထိန်းချုပ်ရေးဆိုင်ရာများ၊     အပင်၊ တိရစ္ဆာန်နှင့်   သားငါး   ပိုးမွှားရောဂါကင်းစင်ရေး သဘောတူညီချက်များနှင့်အညီ စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ GACC တို့အကြား လက်မှတ်ရေးထိုးပြီး ဆောင်ရွက်ဆဲလုပ်ငန်းများနှင့်    လက်မှတ်ရေးထိုး ဆောင်ရွက်ရန်     လုပ်ငန်းဆိုင်ရာများကို    လည်း ကောင်း၊ နှစ်နိုင်ငံ အစိုးရအကြား လက်မှတ်ရေးထိုး ခဲ့သည့်  စီးပွားရေးနှင့်  နည်းပညာဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု      စီမံကိန်းလုပ်ငန်းများကို    အပြည့် အဝ   အကောင်အထည်ဖော်ဆောင်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များ၊   နှစ်နိုင်ငံ  လယ်ယာစိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ    ကိစ္စရပ်များကို     ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ 


သတင်းစဉ်