မြန်မာ-တရုတ် ကုန်သွယ်မှုဆောင်ရွက်ရာတွင် တရုတ်(ယွမ်)ငွေစာရင်း ဖွင့်လှစ် ငွေပေးချေမှုဆောင်ရွက်ရန်နှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေး

 

မူဆယ်  ဒီဇင်ဘာ ၂၉


မြန်မာ -တရုတ်  နှစ်နိုင်ငံကုန်သွယ် မှုဆောင်ရွက်ရာတွင်     တရုတ် (ယွမ်ငွေ)      စာရင်းဖွင့်လှစ်၍ ငွေပေးချေမှု   ဆောင်ရွက်ရန်နှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပွဲ ကို ဒီဇင်ဘာ ၂၉ ရက်က  မူဆယ် ခရိုင်   အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၌ ကျင်းပသည်။

 


ရှေးဦးစွာ  ကုန်သွယ်ရေးဦးစီးဌာနညွှန်ကြားရေးမှူးချုပ်  ဦးမြင့် သူရနှင့်  ခရိုင်အထွေထွေအုပ်ချုပ် ရေးမှူး   ဦးအောင်ဇော်မိုးတို့က အမှာစကားပြောကြားသည်။

 


ဆက်လက်၍   ရှမ်းပြည်နယ် မြန်မာ့စီးပွားရေးဘဏ် ပြည်နယ် မန်နေဂျာ   ဦးအောင်မျိုးထွန်းက တရုတ်ယွမ်ငွေစာရင်း   ဖွင့်လှစ်၍ ငွေပေးချေမှုဆောင်ရွက်မည့် ကိစ္စ ရပ်များ ရှင်းလင်းပြောကြားသည်။

 


Bank of China (BOC)ဘဏ်မှ မစ္စ ရှီရှင်းဝိန်၊   lndustrial and Commercial Bank of China (lCBC) ဘဏ်မှ မထက်ထက်ဖြူစင် တို့က     ရှင်းလင်းဆွေးနွေးကာ မူဆယ် - နယ်စပ်    ကုန်သွယ်ရေး ကုန်သည်များအသင်း       ဒုဥက္ကဋ္ဌ  ဦးမင်းနိုင်စိုး၊ ဆန်စပါးကုန်စည်ဒိုင် အတွင်းရေးမှူးဦးသန်းဘိုဦး၊ ပဲ၊ ပြောင်း၊ နှမ်းနှင့်   လယ်ယာထွက် ကုန်ပစ္စည်း     ကုန်စည်ဒိုင်ဘဏ္ဍာ ရေးမှူး    ဦးကျော်ကျော်အောင်၊ သစ်သီးဝလံကုန်စည်ဒိုင်    ဒုဥက္ကဋ္ဌ ဦးစိုင်းခင်မောင်၊      ယာဉ်ယန္တရား အသင်း ဒုဥက္ကဋ္ဌ  ဦးမျိုးမင်းဌေး(ခ) ဒိုးလုံးနှင့်  တက်ရောက်သူများက သိလိုသည်များ       မေးမြန်းကာ ကုန်သွယ်ရေး   ညွှန်ကြားရေးမှူး ချုပ်နှင့်        တာဝန်ရှိသူများက ပြန်လည်ဖြေကြားသည်။

 


“တရုတ် - မြန်မာ    နှစ်နိုင်ငံ ကုန်သွယ်မှု   (Border Trade)မှာ  ယွမ်နဲ့ကျပ်ကို    ဘဏ်စနစ်အသုံးပြု ပြီး တိုက်ရိုက်ပေးချေနိုင်ဖို့ မူဆယ် နယ်စပ်ဒေသက     စီးပွားရေး လုပ်ငန်းရှင်တွေ၊   ကုန်သည်တွေနဲ့ လာရောက်  ညှိနှိုင်းဆွေးနွေးတာ ပါ။  ကုန်သွယ်မှုတန်ဖိုးအကြီးဆုံးဖြစ်တဲ့  မူဆယ်ဒေသကို  ရှေ့ပြေး ဒေသအဖြစ်  ရွေးချယ်ထားတာပါ။ မူဆယ်ဒေသမှာရှိတဲ့ မြန်မာ့စီးပွား ရေးဘဏ်ကို  Pilot Tax သွားနိုင် ဖို့ စမ်းသပ်နေတာ  ဖြစ်ပါတယ်။ အခုကာလက  တရားဝင် ရှေ့ပြေး စီမံချက်ကာလ    ဖြစ်ပါတယ်။ ကုန်သည်တွေနဲ့   ဘဏ်တွေကြား မှာ   ဘယ်လိုအခက်အခဲရှိတယ် ဆိုတာ      အဖြေထွက်လာမှာပါ။ ထွက်လာတဲ့ အဖြေပေါ်မူတည်ပြီး ယွမ်/ကျပ်          လဲလှယ်စနစ်ကို အောင်မြင်စွာ   အကောင်အထည် ဖော်နိုင်ဖို့ ဦးတည်ဆောင်ရွက်နေ တာပါ။   မြန်မာ့စီးပွားရေးဘဏ်နဲ့ ပူးပေါင်း        ဆောင်ရွက်တာက တရုတ်နိုင်ငံ  ဟောင်ကောင်အခြေ စိုက်  Bank of China နဲ့ lndustrial and Commercial Bank of China (lCBC) ဖြစ်ပါတယ်။    ဒီဘဏ် နှစ်ဘဏ်နဲ့ မြန်မာ့စီးပွားရေးဘဏ် တို့       ပူးပေါင်းဆောင်ရွက်ပြီး နိုင်ငံတော်ရဲ့     ငွေကြေးစီးဆင်းမှု ချောမွေ့စေဖို့၊     တရုတ် - မြန်မာ ငွေကြေး ယွမ်နဲ့ကျပ်ကို တိုက်ရိုက် ပေးချေနိုင်ဖို့   ယခုဘဏ်တွေကို ကြားခံပြီး ဒေသခံကုန်သည်တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ  အဆင် ပြေဖို့    စတင်မိတ်ဆက်လိုက်တဲ့ သဘောဖြစ်ပါတယ်။ 

 


ဒီဇင်ဘာ ၁၃ ရက်မှာ  ရှေ့ပြေး စီမံချက်  စတင်ဆောင်ရွက်နေတာ  ဖြစ်ပါတယ်။     တရုတ်ဘက်က  မြန်မာကုန်သည်တွေကို     ငွေပေး ချေတာတွေလည်း     ရှိတယ်။   မြန်မာဘက်ကလည်း   တရုတ် ဘက်ကို  ယွမ်ငွေပေးပြီး  ငွေပေး ချေတာတွေလည်း     ရှိတယ်။ ဒီပေါ်မှာမူတည်ပြီး  ကြုံတွေ့ရတဲ့ အခက်အခဲတွေကို    ပေါင်းစပ် ညှိနှိုင်းပြီး      ဆောင်ရွက်နေပါ တယ်။  ယခုကိစ္စလည်း အောင်မြင် မယ်လို့    မျှော်လင့်ထားပါတယ်” ဟု ပြည်နယ်မန်နေဂျာ ဦးအောင် မျိုးထွန်းက ပြောသည်။


“နယ်စပ်မှာ   ဖြစ်တဲ့အတွက် ယွမ်နဲ့       အလုပ်လုပ်ရတာမို့ တစ်ဖက်နိုင်ငံမှာ  ယွမ်ငွေစာရင်း တွေဖွင့်ပြီး  အရောင်းအဝယ်လုပ်ရ တယ်။ တရုတ်နိုင်ငံရဲ့အကြောင်းအမျိုးမျိုးကြောင့် ဘဏ်တွေပိတ် တဲ့  ဒုက္ခတော့  ကင်းဝေးသွားမှာ ဖြစ်ပါတယ်။   အခုလုပ်လိုက်တဲ့ စနစ်ကတော့     အကောင်းဆုံး ဖြစ်မယ်လို့ မျှော်လင့်ပါတယ်” ဟု မူဆယ်     ဆန်စပါးကုန်စည်ဒိုင် အတွင်းရေးမှူး   ဦးသန်းဘိုဦးက  ပြောသည်။


သန့်ဇင် (မူဆယ်)