မြန်မာ-တရုတ် ကုန်စည်စီးဆင်းရာတွင် သီးနှံတင်မော်တော်ယာဉ်များ စနစ်တကျ စိစစ်နိုင်ရေး ညှိနှိုင်းဆွေးနွေး

 

မြစ်ကြီးနား  စက်တင်ဘာ  ၃


ကချင်ပြည်နယ်အတွင်း  ကန်ပိုက်တီ နယ်စပ်ဂိတ်နှင့်  လွယ်ဂျယ်နယ်စပ်ဂိတ် များမှတစ်ဆင့် မြန်မာ- တရုတ် ကုန်စည် စီးဆင်းရာတွင် သီးနှံတင်မော်တော်ယာဉ် များကို စနစ်တကျဖြင့် စိစစ်ဆောင်ရွက် နိုင်ရေးအတွက် မြန်မာ-တရုတ် ကုန်စည် ပြန်လည်စီးဆင်းနိုင်ရေး လုပ်ငန်းကော်မတီ အဖွဲ့ဝင်များ၏    လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို သြဂုတ် ၃၁ ရက်က ကချင် ပြည်နယ်အစိုးရအဖွဲ့ရုံး၌  ပြုလုပ်သည်။

 


အစည်းအဝေးတွင် ကချင်ပြည်နယ် မြန်မာ-တရုတ် ကုန်စည်ပြန်လည်စီးဆင်း နိုင်ရေးလုပ်ငန်းကော်မတီ     နာယက ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က နယ်စပ်ဂိတ်များမှတစ်ဆင့် တရုတ်နိုင်ငံ သို့ မကြာမီကာလအတွင်း  စိုက်ပျိုးရေး ထုတ်ကုန် တစ်သျှူးငှက်ပျောနှင့်   အခြား သီးနှံများ      တင်ပို့နိုင်ရေးလုပ်ငန်းများ စတင်တော့မည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ ကုန်စည်တင်ပို့မည့်မော်တော်ယာဉ်များကို စနစ်တကျ စိစစ်ဆောင်ရွက်သွားရေး၊ ဒေသခံလုပ်ငန်းရှင်များ         နစ်နာမှုမရှိ စေရေး၊ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး စည်းကမ်းများနှင့်အညီ စည်းကမ်းတကျ လိုက်နာရေးနှင့်    နိုင်ငံတော်အခွန်ငွေ အပြည့်အဝရရှိရေးအတွက် အားလုံးက ဝိုင်းဝန်းကြိုးပမ်း      ဆောင်ရွက်ရမည် ဖြစ်ကြောင်း မှာကြားသည်။

 


ထို့နောက် ကော်မတီဥက္ကဋ္ဌ  ပြည်နယ် စီးပွားရေးရာဝန်ကြီး    ဦးမျိုးဆွေက နှစ်နိုင်ငံ ကုန်စည်တင်ပို့မှုဆိုင်ရာ   ညှိနှိုင်း ဆောင်ရွက်မှုများ၊     ယခုနှစ်အတွက် ကုန်စည်ပို့ဆောင်ရေး တင်ပြလာသည့် မော်တော်ယာဉ်   အရေအတွက်အပေါ် ခွင့်ပြုပေးနိုင်ရေးစသည့်  ကိစ္စရပ်များနှင့် စပ်လျဉ်း၍       ဆွေးနွေးတင်ပြခဲ့ပြီး လုပ်ငန်းကော်မတီ    အဖွဲ့ဝင်များက  နှစ်နိုင်ငံ ကုန်စည်စီးဆင်းမှုတွင်   သီးနှံ တင်ပို့မှုများနှင့်စပ်လျဉ်း၍      ညှိနှိုင်း ဆောင်ရွက်ခဲ့မှုများ၊    မော်တော်ယာဉ် များကို တစ်နေရာတည်း၌  စနစ်တကျ စိစစ်နိုင်ရေး စီမံဆောင်ရွက်သွားမည့် အစီ အမံများ၊   ကိုဗစ်-၁၉ စည်းကမ်းချက် များနှင့်အညီ ယာဉ်မောင်း/ ယာဉ်နောက် လိုက်များကို   စစ်ဆေးဆောင်ရွက်မည့် အစီအစဉ်များကို ဆွေးနွေးခဲ့သည်။  

    
ပြည်နယ်(ပြန်/ဆက်)