
နေပြည်တော် ဇူလိုင် ၅
မြန်မာ- ထိုင်း နှစ်နိုင်ငံ အလုပ် သမားရေးရာ ကျွမ်းကျင်သူများ ညှိနှိုင်းအစည်းအဝေးကို ယနေ့ တွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
အစည်းအဝေးသို့ အလုပ် သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားရေး ဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်သန်း ဦးဆောင်၍ ပြည်ပတွင် အလုပ်လုပ်ကိုင်မှု ကြီးကြပ်ရေး ကော်မတီဝင်များ ဖြစ် သော ကောင်စစ်ရေးရာနှင့် ဥပဒေရေးရာဦးစီးဌာန၊ သတင်း ရဲတပ်ဖွဲ့၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ အမျိုးသား မှတ်ပုံတင်နှင့် နိုင်ငံသားဦးစီးဌာန တို့မှ ကိုယ်စားလှယ်များ၊ ထိုင်း နိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ သံမှူးကြီးနှင့် အလုပ်သမား သံအရာရှိအပါအဝင် အဖွဲ့ဝင် ကိုယ်စားလှယ်များနှင့် ထိုင်းနိုင်ငံ၊ အလုပ်သမားဝန်ကြီးဌာန၊ အလုပ် အကိုင်ဌာန ညွှန်ကြားရေးမှူးချုပ် Mr. Phairoj Chotikasatien ဦးဆောင်သော ကိုယ်စားလှယ် များ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ထိုင်း နိုင်ငံ အစိုးရအဖွဲ့အစည်းအဝေးမှ မြန်မာရွှေ့ပြောင်း အလုပ်သမား များအား ကိုဗစ်-၁၉ ရောဂါ စစ်ဆေးခြင်း၊ ကျန်းမာရေးအာမခံ မှတ်ပုံတင်ခြင်းနှင့် အလုပ် လုပ်ကိုင်ခွင့် (Work Permit) မှတ်ပုံတင်ခြင်းကို ၂၀၂၁ ခုနှစ် စက်တင်ဘာ ၁၃ ရက်အထိ တိုးမြှင့်ပေးခဲ့သည့် ကိစ္စ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ တော်အစိုးရနှင့် ထိုင်းနိုင်ငံ အစိုးရ တို့အကြား အလုပ်သမားရေးရာ ပူးပေါင်းဆောင်ရွက်ခြင်းဆိုင်ရာ နားလည်မှု စာချွန်လွှာ သက်တမ်း တိုး ဆောင်ရွက်နိုင်ရေး၊ နှစ်နိုင်ငံ အလုပ်သမားများ အလုပ်ခန့်ထား ခြင်းဆိုင်ရာ သဘောတူစာချုပ် သက်တမ်းတိုး ဆောင်ရွက်နိုင်ရေး၊ ထိုင်းနိုင်ငံတွင် MoU စနစ်ဖြင့် အလုပ် လုပ်ကိုင်နေကြသော ပြည်ဝင်ခွင့်ဗီဇာ သက်တမ်းလေးနှစ် ပြည့်ပြီးဖြစ်သည့် မြန်မာ ရွှေ့ပြောင်း အလုပ်သမားများကို ကိုဗစ်-၁၉ ကူးစက်ရောဂါ ဖြစ်ပွားနေသည့်ကာလအတွင်း မြန်မာနိုင်ငံသို့ ပြန်လာရန် မလို အပ်ဘဲ ထိုင်းနိုင်ငံအတွင်း၌သာ နိုင်ငံကူးလက်မှတ်နှင့် မည်သူ မည်ဝါဖြစ်ကြောင်း သက်သေခံ လက်မှတ် (Certificate of Identity - CI) ကိုင်ဆောင်ထား သူများကို သက်တမ်းတိုး အသစ် ထုတ်ပေးနိုင်ရေး၊ CI သက်တမ်း တိုး စခန်းများ ဖွင့်လှစ်နိုင်ရေး၊ တရားမဝင် အလုပ်သမားများ ကို တရားဝင်နေထိုင်အလုပ် လုပ်ကိုင်ခွင့်ရရှိအောင် ဆောင် ရွက်သည့် လုပ်ငန်းစဉ်များ၊ MoU လုပ်ငန်းစဉ်များ ပြန်လည် စတင်နိုင်ရေးနှင့် ထိုင်းနိုင်ငံ ရောက် မြန်မာ အလုပ်သမား များ အခွင့်အရေးနှင့် ကာကွယ် စောင့်ရှောက်ခွင့်များ အပြည့်အဝ ရရှိနိုင်ရေး စသည့် ကိစ္စရပ်များကို နှစ်နိုင်ငံ ရင်းနှီးပွင့်လင်းစွာ ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရ သည်။
သတင်းစဉ်