မြန်မာ့ SMEs ကဏ္ဍတွင် AI ၏ အကျိုးသက်ရောက်မှု အခမဲ့ဆွေးနွေးပွဲပြုလုပ်မည်

 

ရန်ကုန် မတ်  ၂၁
ဉာဏ်ရည်တု(AI)များကို လူအများ စိတ်ဝင်စားစွာ အသုံးပြုမှုများလာပြီးနောက်    ရှာဖွေရေးအင်ဂျင် များတွင် AI   များကို    ပေါင်းထည့်လာခြင်းနှင့်  စီးပွားရေးနယ်ပယ်များတွင်ပါ  AI  နည်းပညာကို အသုံးပြုရန် စိတ်ဝင်စားမှုများရှိလာရာ   AI  များ တိုးတက်လာခြင်းက         မြန်မာနိုင်ငံအတွင်းရှိ နယ်ပယ်အသီးသီးမှ SME လုပ်ငန်းများကို အကျိုး သက်ရောက်နိုင်မည့်အချက်များနှင့်   ပတ်သက်၍ အခမဲ့တက်ရောက်နိုင်မည့် ဆွေးနွေးပွဲတစ်ရပ်ကို Impact Hub Yangon  နှင့်  FNF Myanmar   တို့ ပူးပေါင်းပြီး   မတ်   ၂၅   ရက်တွင်   ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။
ဆွေးနွေးပွဲကို “How AI Revolution Affects on Myanmar SMEs Sector” ခေါင်းစဉ်ဖြင့် ပြုလုပ်မည်ဖြစ်ပြီး  AI များ  တိုးတက်လာခြင်းသည် SME လုပ်ငန်းများအတွက် စီးပွားရေးစီမံချက်၊ ဈေးကွက်ချဲ့ထွင်ခြင်းစသည့်   လုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာများတွင် မည်သို့သက်ရောက်မှုရှိမည် ကို   အဓိက   ဆွေးနွေးမည်ဖြစ်ကြောင်း Impact Hub Yangon ၏   လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။
ဆွေးနွေးပွဲအပြင် မြန်မာ   SME  လုပ်ငန်းများ အနေဖြင့်  လက်ရှိကြုံတွေ့နေရသည့်  နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ နည်းပညာဆိုင်ရာ အခက်အခဲ၊ စိန်ခေါ်မှုများ၊   လိုအပ်ချက်များနှင့်     အနာဂတ် အခွင့်အလမ်းများအကြောင်း၊ မည်သို့ကျော်ဖြတ် နိုင်မည်ကို    ဆွေးနွေးအဖြေရှာမည့်     အလုပ်ရုံ ဆွေးနွေးပွဲနှင့် ချိတ်ဆက်ခြင်းအစီအစဉ်များလည်း ပါဝင်မည်ဖြစ်ကြောင်း၊   ဆွေးနွေးပွဲကို   Mercure Yangon ကမ္ဘာအေးဟိုတယ်၌ မတ် ၂၅ ရက် ညနေ ၃ နာရီမှ ည ၇ နာရီအထိ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
ဆွေးနွေးပွဲအတွက်  နယ်ပယ်မျိုးစုံမှ MSME လုပ်ငန်းများ၊   နည်းပညာကို   စိတ်ပါဝင်စားသူ များအားလုံးကို ဖိတ်ခေါ်ကြောင်း၊ သို့သော် လူဦးရေ ကန့်သတ်ထားသောကြောင့် အမြန်စာရင်းသွင်းရန် လိုအပ်ပြီး    https://bit.ly/3YGERfB  လိပ်စာ၌ ဝင်ရောက်စာရင်းပေးရမည်ဖြစ်ကာ တက်ရောက်ခွင့် အတည်ပြုချက်ကို မတ်  ၂၂  ရက်တွင်   ပြန်လည် အကြောင်းကြားမည်ဖြစ်ကြောင်း၊ ဆွေးနွေးပွဲနှင့် ပတ်သက်ပြီး    မေးမြန်းလိုပါက   Impact Hub Yangon  ဖုန်း-၀၉ ၉၅၁၈၅၁၂၉၈ (သို့မဟုတ်) ၀၉ ၉၆၃၂၈၇၉၁၂ တို့သို့ ဆက်သွယ်နိုင်မည်ဖြစ်ကြောင်း သိရသည်။
ကိုစိုး