မြန်မာ - ရုရှား သံတမန်ဆက်ဆံရေး (၇၅) နှစ်မြောက် စိန်ရတုအထိမ်းအမှတ် အခမ်းအနားကျင်းပ

 

နေပြည်တော် ဖေဖော်ဝါရီ ၁၈


မြန်မာ-ရုရှား သံတမန်ဆက်ဆံ ရေး   (၇၅)  နှစ်မြောက်  စိန်ရတု အထိမ်းအမှတ်   အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင်          မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန-၁၌    ကျင်းပပြုလုပ်ရာ နိုင်ငံတော်      စီမံအုပ်ချုပ်ရေး ကောင်စီဝင်များ၊    ပြည်ထောင်စု အဆင့်ပုဂ္ဂိုလ်များ၊        ဒုတိယ ဝန်ကြီးချုပ်များ၊     ပြည်ထောင်စု ဝန်ကြီးများ၊   ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ       ရုရှား သံအမတ်ကြီး၊        ရန်ကုန်မြို့ အခြေစိုက်   နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊    သံရုံးအကြီး အကဲများ၊       သံတမန်များနှင့် သက်ဆိုင်ရာ   ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ    တက်ရောက် ကြသည်။ 

 


သဝဏ်လွှာ ဖတ်ကြား


အခမ်းအနားတွင်   နိုင်ငံခြား ရေးဝန်ကြီးဌာန    ပြည်ထောင်စု ဝန်ကြီး ဦးသန်းဆွေက နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ   ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်   ဗိုလ်ချုပ် မှူးကြီး     မင်းအောင်လှိုင်  ထံမှ ရုရှားဖက်ဒရေးရှင်းနိုင်ငံ  သမ္မတ မစ္စတာ ဗလာဒီမာ ပူတင် ထံသို့ မြန်မာ-ရုရှား   သံတမန်ဆက်ဆံ ရေး  (၇၅)   နှစ်မြောက်  စိန်ရတု အထိမ်းအမှတ်      အခါသမယ အတွက် ပေးပို့သည့် ဝမ်းမြောက် ကြောင်း သဝဏ်လွှာကို ဖတ်ကြား ပြီး မိန့်ခွန်းပြောကြားသည်။ 

 


ယင်းနောက်    မြန်မာနိုင်ငံ ဆိုင်ရာ         ရုရှားဖက်ဒရေးရှင်း သံအမတ်ကြီး         ဒေါက်တာ နီကိုလိုင်း    လစ်စတိုပါဒေါ့ဗ် က ရုရှားဖက်ဒရေးရှင်းနိုင်ငံ   သမ္မတ မစ္စတာ ဗလာဒီမာ  ပူတင်  ထံမှ နိုင်ငံတော်     စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ          နိုင်ငံတော် ဝန်ကြီးချုပ်     ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံသို့      မြန်မာ-ရုရှား သံတမန်ဆက်ဆံရေး (၇၅)နှစ်မြောက် စိန်ရတုအထိမ်းအမှတ် အခါသမယအတွက် ပေးပို့သည့် ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ကို ဖတ်ကြားပြီး မိန့်ခွန်းပြောကြား သည်။

 


အောင်မြင်မှုများရရှိခဲ့


ထို့နောက်    ပြည်ထောင်စု ဝန်ကြီးက    မြန်မာနိုင်ငံနှင့် ရုရှား နိုင်ငံတို့သည်  သမိုင်းကြောင်း၊ ယဉ်ကျေးမှုနှင့်  ပထဝီဝင်အနေ အထား  ကွာခြားချက်များ ရှိလင့် ကစား   လွန်ခဲ့သည့်   ဆယ်စုနှစ် ခုနစ်ခုကျော်        ကာလအတွင်း တစ်နိုင်ငံနှင့်   တစ်နိုင်ငံ  အပြန် အလှန်   နားလည်မှု၊  ယုံကြည်မှု၊ လေးစားမှုတို့ကို       အခြေခံကာ နှစ်နိုင်ငံဆက်ဆံရေးတွင်  သိသာ ထင်ရှားသည့်   အောင်မြင်မှုများ ရရှိခဲ့ကြောင်း၊    နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီမှ နိုင်ငံတော် တာဝန်များကို စတင်တာဝန်ယူပြီး နောက်ပိုင်းတွင် ပိုမိုများပြားလာ သည့် အပြန်အလှန်ခရီးစဉ်များနှင့် ကဏ္ဍစုံ     ပူးပေါင်းဆောင်ရွက်မှု များက   နှစ်နိုင်ငံဆက်ဆံရေးကို အရှိန်အဟုန်    မြှင့်တင်ပေးနိုင်ခဲ့ သည်မှာ       ကျေနပ်အားရဖွယ် ဖြစ်ကြောင်း ပြောကြားသည်။

 


ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်


အခမ်းအနားတွင် မြန်မာနိုင်ငံ နှင့် ရုရှားနိုင်ငံတို့အကြား လာမည့် နှစ်များအတွင်း ချစ်ကြည်ရင်းနှီး မှုနှင့် မိတ်ဖက်ပူးပေါင်းဆောင်ရွက် မှုများ ဆက်လက်တိုးမြှင့်သွားနိုင် ရေးအတွက်       ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရန် ခိုင်မာ သည့် ကတိကဝတ်များကို ဖော်ပြ ခဲ့ကြသည်။

 


အကအလှများဖြင့် ဖျော်ဖြေ


ဆက်လက်၍ မြန်မာ - ရုရှား နှစ်နိုင်ငံ          ချစ်ကြည်ရေးနှင့် ပူးပေါင်း    ဆောင်ရွက်မှုများနှင့် ပတ်သက်၍    ဗီဒီယိုမှတ်တမ်းကို ပြသခဲ့ပြီး   ကာကွယ်ရေးဝန်ကြီး ဌာန၊ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနနှင့်   ရုရှားသံရုံးတို့မှ အနုပညာရှင်များက      နှစ်နိုင်ငံ ရိုးရာတင်ဆက်မှုများနှင့် ယဉ်ကျေး မှု  အကအလှများဖြင့်  ဖျော်ဖြေ ခဲ့ကြသည်။

 


မှတ်တမ်းတင်ဓာတ်ပုံရိုက်


ယင်းနောက်     နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ   အဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ် ရေးဝန်ကြီးဌာန    ပြည်ထောင်စု ဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးက  ရုရှားအနုပညာရှင်များကို လည်း ကောင်း၊   ရုရှားသံအမတ်ကြီးက မြန်မာအနုပညာရှင်များကို လည်း ကောင်း အမှတ်တရပန်းခြင်းများ    လက်ဆောင်ပေးအပ်ပြီး   တက် ရောက်လာကြသည့်   ဧည့်သည် တော်များက ရုရှားသံအမတ်ကြီး နှင့်အတူ   မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကြသည်။

 


လှည့်လည်ကြည့်ရှု


ထို့နောက်          အခမ်းအနား တက်ရောက်လာကြသူများသည် ဝန်ကြီးဌာန ကိုးခုနှင့် ရုရှားသံရုံး တို့မှ   ခင်းကျင်းပြသထားသည့် မြန်မာ-ရုရှား နှစ်နိုင်ငံ ချစ်ကြည် ရေးနှင့်   ပူးပေါင်းဆောင်ရွက်မှု         မှတ်တမ်းဓာတ်ပုံများကို   လှည့် လည်ကြည့်ရှုကြပြီး တက်ရောက်လာသူများကို အကျွေး အမွေးများဖြင့်    ဧည့်ခံခဲ့ကြောင်း သိရသည်။


သတင်းစဉ်