မြန်မာ- ရုရှား နှစ်နိုင်ငံအကြား ငါးလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှု အကျိုးဖြစ်ထွန်းစေမည့် သဘောတူစာချုပ် လက်မှတ်ရေးထိုး

 

နေပြည်တော်   စက်တင်ဘာ  ၂၃


စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှားနိုင်ငံ ဖယ်ဒရယ် ငါးလုပ်ငန်းအေဂျင်စီ၏    အကြီးအကဲ   Mr. Ilya Shestakov ၏ ဖိတ်ကြားချက်အရ စိန့်ပီတာစဘတ် မြို့ St. Petersburg Exhibition and Convention Center ၌  ကျင်းပလျက်ရှိသည့် (၅) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ငါးလုပ်ငန်းဖိုရမ်နှင့်  ဆက်စပ် လုပ်ငန်းများဆိုင်ရာ   ရေလုပ်ငန်း  ကုန်စည်ပြပွဲသို့ တက်ရောက်လျက်ရှိကြောင်း သိရသည်။

 


သဘောတူစာချုပ်ကို 
လက်မှတ်ရေးထိုး


စက်တင်ဘာ  ၂၂  ရက်တွင်     ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ   ငါးလုပ်ငန်းဖိုရမ်နှင့် ရေထွက် ကုန်ပြပွဲ၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်  ဆည်မြောင်း ဝန်ကြီးဌာန   ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး နှင့် ရုရှားနိုင်ငံ Federal Fishery Agency of Russia အဖွဲ့ အကြီးအကဲ Mr.Ilya Shestakov တို့က  မြန်မာ- ရုရှားနှစ်နိုင်ငံအကြား     ငါးလုပ်ငန်း    ပူးပေါင်း ဆောင်ရွက်မှု    အကျိုးဖြစ်ထွန်းစေမည့်ကိစ္စများ အပါအဝင်  ရေထွက်ကုန် အကျိုးဖြစ်ထွန်းစေမည့် ကဏ္ဍတွင်    နှစ်နိုင်ငံ    ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ    သဘောတူစာချုပ်ကို       လက်မှတ်ရေးထိုး ကြသည်။

 


အဆိုပါအခမ်းအနားသို့ မြန်မာကိုယ်စားလှယ်အဖွဲ့ဝင်များဖြစ်ကြသော    ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝေလင်းမောင်၊ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်   အကြီးတန်း   ဒုတိယဥက္ကဋ္ဌ ဒေါက်တာတိုးနန္ဒာတင်၊  တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးလှသန်းနှင့် ရေလုပ်ငန်း ဆိုင်ရာ ပုဂ္ဂလိကလုပ်ငန်းရှင်များ တက်ရောက်ကြသည်။

 


ရေရှည်ဖွံ့ဖြိုးတိုးတက်ရန် 
ပူးပေါင်းဆောင်ရွက်


သဘောတူစာချုပ်တွင်   နှစ်နိုင်ငံအကြား    ငါး လုပ်ငန်းနှင့် ဆက်စပ်သော ပင်လယ်ပြင် ငါးသယံ ဇာတတည်ရှိမှု   အကဲဖြတ်ဆန်းစစ်ခြင်း၊  ငါးသယံ ဇာတ ထိန်းသိမ်းစောင့်ရှောက်ခြင်း၊  ပင်လယ်ပြင်၌ လှောင်အိမ်ဖြင့်    ငါးမွေးမြူခြင်း၊   ပင်လယ်ပြင် ရေသယံဇာတ စီမံခန့်ခွဲမှု၊  တရားမဝင် ငါးဖမ်းဆီးမှု တိုက်ဖျက်ရေး၊ ငါးလုပ်ငန်းနှင့် ရေသတ္တဝါ မွေးမြူ ခြင်း ဆိုင်ရာ  သတင်းအချက်အလက်များ ဖလှယ်ရေး၊ ရေသတ္တဝါ မွေးမြူရေးလုပ်ငန်းဆိုင်ရာ  သုတေသန အဖွဲ့အစည်းများအကြား    ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ခိုင်မာရေး၊  ငါးဖမ်းဆီးခြင်းလုပ်ငန်းအတွက် သင်တန်းများပေးခြင်း၊ ဆွေးနွေးခြင်းနှင့် အခြားသော ငါးလုပ်ငန်းဆိုင်ရာကဏ္ဍများ၌  အပြန်အလှန်စိတ်ဝင် စားသော နယ်ပယ် များတွင် ရေရှည်ဖွံ့ဖြိုးတိုးတက်ရန် ပူးပေါင်းဆောင်ရွက်ခြင်းတို့ပါဝင်ကြောင်း သိရသည်။


သတင်းစဉ်