မြန်မာ-ရုရှား နှစ်နိုင်ငံအကြား ဆေးဝါးကဏ္ဍပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်နိုင်ရေး Video Conferencing စနစ်ဖြင့် အစည်းအဝေးကျင်းပ

 

နေပြည်တော် ဖေဖော်ဝါရီ   ၂၄


မြန်မာ-ရုရှား   နှစ်နိုင်ငံအကြား ဆေးဝါးကဏ္ဍ ပူးပေါင်းဆောင်ရွက် မှုများ တိုးမြှင့်ဆောင်ရွက်နိုင်ရေး နှင့်   မြန်မာ - ရုရှား   ဆေးဝါး ကောင်စီ  ထူထောင်ရေးကိစ္စရပ် များ   ညှိနှိုင်းအစည်းအဝေးကို ယနေ့တွင်    Video Conferencing စနစ်ဖြင့် ကျင်းပသည်။

 


ဆွေးနွေးပွဲသို့    ကျန်းမာရေး ဝန်ကြီးဌာန ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မြတ်ဝဏ္ဏစိုး၊ အစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန မှ   ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သိင်္ဂီဇင်နှင့်  တာဝန်ရှိ သူများ၊   မြန်မာနိုင်ငံ    ဆေးနှင့် ဆေးပစ္စည်း    လုပ်ငန်းရှင်များ အသင်းမှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရုရှားနိုင်ငံအခြေစိုက် “Chemrar” High-Tech Center ကုမ္ပဏီမှ Mr. Denis Yinokurov, International BD    and    Communication Director     နှင့်     အဖွဲ့ဝင်များ တက်ရောက်ကြသည်။  

 

                 
ဆွေးနွေးရာတွင်   ကိုဗစ်-၁၉ ရောဂါကုသရေးနှင့်   ပတ်သက် သည့်  ဆေးဝါးများနှင့်   စစ်ဆေး သည့် စနစ်များ၊ မြန်မာနိုင်ငံသို့ ထောက်ပံ့ပေးရန် စီစဉ်ဆောင်ရွက် မည့်ကိစ္စ၊ ဆေးဝါးများ မြန်မာနိုင်ငံ တွင်     မှတ်ပုံတင်ရရှိရေးကိစ္စ၊ သင့်တင့်မျှတသည့်  ဈေးနှုန်းဖြင့် တင်သွင်းနိုင်မည့်ကိစ္စ၊  ဆေးဝါး ထုတ်လုပ်ရေးနှင့် ပတ်သက်သည့် နည်းပညာပိုင်းဆိုင်ရာ လွှဲပြောင်း မှုဆောင်ရွက်နိုင်မည့်ကိစ္စ၊ မြန်မာ-ရုရှားနှစ်နိုင်ငံမှ ဆေးဝါးထုတ်လုပ် သူများ၊ ဖြန့်ဖြူးသူများ၊ ဆရာဝန် များ၊ ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ အာဏာပိုင်အဖွဲ့ အစည်းများအကြား   ဆွေးနွေးမှု မူဘောင်မှတစ်ဆင့် အပြန်အလှန် ပူးပေါင်း      ဆောင်ရွက်နိုင်ရန် အတွက်   ရုရှား-မြန်မာ  ဆေးဝါး ကောင်စီ      ထူထောင်နိုင်ရေး ကိစ္စရပ်များအား      ရင်းနှီးပွင့်လင်း စွာ   အပြန်အလှန် အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြောင်း  သိရသည်။


သတင်းစဉ်