မြန်မာ - ရုရှား စစ်ဘက်ကျန်းမာရေးစောင့်ရှောက်မှု အတွေ့အကြုံဖလှယ်ခြင်း ဆွေးနွေးပွဲပြုလုပ်

 

နေပြည်တော်   ဇူလိုင်   ၁၇


မြန်မာ - ရုရှား    စစ်ဘက်ကျန်းမာရေး စောင့်ရှောက်မှု  အတွေ့အကြုံဖလှယ်ခြင်း ဆွေးနွေးပွဲကို   ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမှတ်(၂) တပ်မတော် ဆေးရုံကြီး (ခုတင် ၁၀၀၀)  ၌  ကျင်းပ ပြုလုပ်ရာ          မြန်မာ့တပ်မတော်မှ  ဆေးဝန်ထမ်း     ညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူး ဗိုလ်ချုပ် ကိုကိုလွင်နှင့် တပ်မတော်အရာရှိကြီးများ တက်ရောက် ကြပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာကွယ် ရေးဝန်ကြီးဌာနအောက်ရှိ ပင်မတပ်မတော် ဆေးဘက်ဆိုင်ရာ ညွှန်ကြားမှုဦးစီးဌာနမှ Major General Denis Vladimirovich DAVYDOV ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့ဝင်များ တက်ရောက်ကြသည်။
 ဦးစွာ နှစ်နိုင်ငံအဖွဲ့ခေါင်းဆောင်များ က  အဖွင့်အမှာစကားများ   အသီးသီး ပြောကြားကြပြီး    စစ်ဘက်ကျန်းမာရေး စောင့်ရှောက်မှု    အတွေ့အကြုံများအား အပြန်အလှန်     သုံးသပ်ဆွေးနွေးခြင်း၊ ဆေးဘက်ဆိုင်ရာသုတေသန   ပူးပေါင်း ဆောင်ရွက်နိုင်ရေးနှင့်   ပတ်သက်၍ ရောဂါကာကွယ်ဆေးများ ထုတ်လုပ်နိုင် ရေးကိစ္စရပ်များ၊ ဆေးပညာရပ်ဆိုင်ရာ အဆင့်မြင့်သင်တန်းများ     စေလွှတ် တက်ရောက်နိုင်ရေးကိစ္စရပ်များ၊ စစ်ဘက် ဆေးပညာရပ်ဆိုင်ရာ   သင်ကြားရေးနှင့် လေ့ကျင့်ရေးကိစ္စရပ်များ၊         နှစ်နိုင်ငံ ဆေးတပ်ဖွဲ့များအကြား ဆေးဘက်ဆိုင် ရာ  ပူးပေါင်းဆောင်ရွက်နိုင်ရေးကိစ္စရပ် များအား ဆွေးနွေးကြသည်။ ယင်းနောက် ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံး သမိုင်း မှတ်တမ်း Video Clip ကို  ကြည့်ရှုကြ ပြီး  တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်  ဓာတ်ပုံရိုက်ကြ သည်။ ထို့နောက်  ရုရှားတပ်မတော်မှ ကိုယ်စားလှယ်အဖွဲ့သည်   အမှတ်(၂)တပ်မတော်ဆေးရုံကြီး   (ခုတင်- ၁၀၀၀) ထိခိုက်ဒဏ်ရာနှင့်    အရိုးရောဂါကုသမှု ဌာနသို့   သွားရောက်ကြည့်ရှုလေ့လာကြ သည်။
ရုရှားဖက်ဒရေးရှင်းနိုင်ငံ  ကာကွယ် ရေးဝန်ကြီးဌာနအောက်ရှိ ပင်မတပ်မတော် ဆေးဘက်ဆိုင်ရာ ညွှန်ကြားမှုဦးစီးဌာနမှ ကိုယ်စားလှယ်အဖွဲ့သည် မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အမှတ်(၂)   တပ်မတော် ဆေးရုံကြီး (ခုတင်- ၁၀၀၀)၌ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ စစ်ရေးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး    စိုးမင်းဦးအား    ဂါရဝပြု တွေ့ဆုံ၍   နှစ်နိုင်ငံတပ်မတော်နှစ်ရပ် အကြား အပြန်အလှန်ချစ်ကြည်ရေးခရီးစဉ်များ သွားရောက်နိုင်ရေးဆိုင်ရာ ကိစ္စ ရပ်များ၊   စစ်ဘက်ဆေးပညာရပ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။  
အဆိုပါ     ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနအောက်ရှိ ပင်မ  တပ်မတော်ဆေးဘက်ဆိုင်ရာ ညွှန်ကြားမှု ဦးစီးဌာနမှ    ကိုယ်စားလှယ်အဖွဲ့သည် ညနေပိုင်းတွင် နေပြည်တော်ရှိ တပ်မတော် စစ်သမိုင်းပြတိုက်နှင့် မြန်မာ့ကျောက်မျက် ရတနာ   ပြတိုက်များသို့   သွားရောက် လေ့လာခဲ့ကြပြီး ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓ ဥယျာဉ်ဝတ္ထုကံတော်တွင်    တည်ထား ပူဇော်ထားသည့်   မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးအား သွားရောက်လေ့လာဖူးမြော်ကြည်ညိုခဲ့ကြကြောင်း     သတင်း ရရှိသည်။                             

သတင်းစဉ်