မြန်မာ-လာအို နှစ်နိုင်ငံအကြား လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များနှင့် ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေး ကျင်းပ

နေပြည်တော်    ဇူလိုင်    ၂


အာဆီယံဒေသတွင်းဆိုင်ရာ စွမ်းအင်ကဏ္ဍ ပူးပေါင်း ဆောင်ရွက်ရေးအစီအစဉ်  ASEAN Plan of Action for Energy Cooperation (APAEC) အရ မြန်မာနိုင်ငံ နှင့် လာအိုနိုင်ငံတို့အကြား လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး    ညှိနှိုင်းအစည်းအဝေးကို ယနေ့တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ရုံးအမှတ် (၂၇)၌  ကိုဗစ်-၁၉  ရောဂါ  ကာကွယ်ရေးနည်းစနစ် များနှင့်အညီ Virtual Meeting ဖြင့် ကျင်းပသည်။ 


အစည်းအဝေးတွင် မြန်မာနိုင်ငံမှ  လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန         ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦး၊ ဒုတိယဝန်ကြီး ဦးသန့်စင်၊ အမြဲတမ်း အတွင်းဝန် ဦးသန်းဇော်နှင့်  ဦးစီးဌာန၊ လုပ်ငန်းတို့မှ ဌာနဆိုင်ရာအကြီးအကဲများ    တက်ရောက်ကြပြီး  လာအိုနိုင်ငံမှ  စွမ်းအင်နှင့်  သတ္တုတွင်းဝန်ကြီးဌာန ဝန်ကြီး  H.E Dr. Dabong Phonekeo  နှင့်အတူ Cabinet  Office/MEM မှ     အမြဲတမ်းအတွင်းဝန် Mr.Phetsavanh Rattanathongxay နှင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ခဲ့ကြကြောင်း  သိရ သည်။                                            

 သတင်းစဉ်