မြန်မာ - ကမ္ဘောဒီးယား နှစ်နိုင်ငံ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ

 

နှစ်နိုင်ငံခရီးသွားကဏ္ဍ တိုးမြှင့်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး ကိုဗစ် ရောဂါကူးစက်မှုကို အထိုက်အလျောက် ထိန်းချုပ်နိုင်သည့်အချိန်တွင် ခရီးသွားလုပ်ငန်းများ ပြန်လည်ဖွင့်လှစ်သွားမည်

 

နေပြည်တော်   ဇန်နဝါရီ   ၇

 


မြန်မာ - ကမ္ဘောဒီးယား နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးပွဲကို ယနေ့မွန်းလွဲ ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ     နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊   နိုင်ငံတော် ဝန်ကြီးချုပ်နှင့် ကမ္ဘောဒီးယားဝန်ကြီးချုပ်တို့သည် ပဏာမနှုတ်ခွန်းဆက် စကားများပြောကြားပြီး    အခမ်းအနားသို့   တက်ရောက်လာကြသည့် နှစ်နိုင်ငံ ကိုယ်စားလှယ်အဖွဲ့ဝင်များအား အပြန်အလှန် မိတ်ဆက်ပေး ကြသည်။

 


ယင်းနောက်  ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ်  Samdech Akka Moha Sena Padei Techo HUN SEN က ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် ပတ်သက်၍ နှစ်နိုင်ငံ အပြန်အလှန် ကူညီဆောင် ရွက်မှုများရှိပြီး မြန်မာနိုင်ငံမှ ကမ္ဘောဒီးယားနိုင်ငံအတွက် ကိုဗစ်-၁၉ ကာကွယ်ဆေးလှူဒါန်းပေးခဲ့မှုများအတွက်လည်း ကျေးဇူးတင်ရှိပါကြောင်း၊ 
မိမိတို့နိုင်ငံ သို့ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများ ကိုလည်း ကာကွယ်ဆေးထိုးနှံမှုများ ဆောင်ရွက်ပေးခဲ့ ကြောင်း၊ အလားတူ မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် ကမ္ဘောဒီးယားနိုင်ငံမှ ရဟန်းတော်များနှင့် သီလရှင် များ၊ ကမ္ဘောဒီးယားနိုင်ငံသားများကိုလည်း လိုအပ် သည့်အကူအညီများ ကူညီဆောင်ရွက်ပေးရန်အတွက် ပြောကြားလိုကြောင်း၊ နှစ်နိုင်ငံအကြား ကုန်သွယ်ရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ  မြှင့်တင်နိုင်ရေး အတွက်  အခွန်ကောက်ခံမှုများ    လျှော့ချနိုင်ရေး   အမြန်ဆုံးသဘောတူညီမှုရရှိလိုပါကြောင်း၊ ပညာရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနှင့် ပတ်သက်၍လည်း စီမံချက်အသစ်ပြန်လည်ရေးဆွဲနိုင်ရေး ဆောင်ရွက် ရန်လိုပါကြောင်း၊ ခရီးသွားလုပ်ငန်းနှင့်ပတ်သက်၍  ပုဂံဒေသနှင့် ဆီယံရိဒေသအကြား ခရီးသွားမိတ်ဖက် မြို့အဖြစ်   သတ်မှတ်ဆောင်ရွက်မှုအား   အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးနှင့် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်မှုများ ဆောင်ရွက်နိုင်သည့်အချိန် တွင်   လေကြောင်းလိုင်းများ   အမြန်ဆုံးပြန်လည် ဖွင့်လှစ်နိုင်ရေး   ဆောင်ရွက်လိုကြောင်း   ဆွေးနွေး ပြောကြားသည်။

 


ခရီးသွားလုပ်ငန်း  ပြန်လည်ဖွင့်လှစ်သွားမည်


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊  နိုင်ငံတော်ဝန်ကြီးချုပ်က ၂၀၂၂ ခုနှစ် နှစ်ဦး ကာလတွင်   အဆွေတော်၏   ချစ်ကြည်ရေးခရီး လာရောက်မှုမှာ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုခိုင်မာ စေပါကြောင်း၊ နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနများ အကြား   မူဝါဒရေးရာ   ပူးပေါင်းဆောင်ရွက်မှုများ အတွက်  နားလည်မှုသဘောတူညီချက် လက်မှတ် ရေးထိုးမှုကို ဆောင်ရွက်ခဲ့ပြီးဖြစ်သည့်အတွက် အခွင့် အခါသင့်ပါက     နှစ်နိုင်ငံဝန်ကြီးဌာနများအကြား ဆွေးနွေးမှုများ ပြုလုပ်စေလိုကြောင်း၊ ကမ္ဘောဒီးယား နိုင်ငံအတွင်း    ကိုဗစ် - ၁၉    ထိန်းချုပ်နိုင်မှုနှင့် ကမ္ဘောဒီးယားနိုင်ငံ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် သုံးနှစ်စီမံချက်ဖြင့်  ဆောင်ရွက်နိုင်ခဲ့မှုများအတွက် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ နှစ်နိုင်ငံကုန်သွယ်ရေး  ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများတွင် အခွန်နှစ်ထပ်  ကောက်ခံမှုလျှော့ချနိုင်ရေး သဘောတူလက်မှတ် ရေးထိုးနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊  နှစ်နိုင်ငံခရီးသွားကဏ္ဍ တိုးမြှင့်ရေးအတွက်လည်း ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး ကိုဗစ် ရောဂါ ကူးစက်မှုကို အထိုက်အလျောက် ထိန်းချုပ်နိုင်သည့် အချိန်တွင် ခရီးသွားလုပ်ငန်းများ ပြန်လည်ဖွင့်လှစ် သွားမည်ဖြစ်ကာ ကမ္ဘောဒီးယားနိုင်ငံနှင့် လေကြောင်း သွားလာမှုအား အမြန်ဆုံးဖွင့်လှစ်နိုင်ရေး ရည်ရွယ် ထားပြီးဖြစ်ကြောင်း။

 


ပူးပေါင်းဆောင်ရွက်သွားမည်


သာသနာရေးနှင့်             ယဉ်ကျေးမှုကဏ္ဍတွင် ကမ္ဘောဒီးယားဘုန်းတော်ကြီးနှင့် သီလရှင် ၂၄၉ ပါး ကို ၁၉၉၉ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ မြန်မာနိုင်ငံရှိ  ဗုဒ္ဓသာသနာပြုတက္ကသိုလ်တွင် ပညာသင်ကြားခွင့် ပေးအပ်နိုင်ခဲ့သည့်အတွက်  မိမိအနေဖြင့် ကျေနပ်  ဝမ်းမြောက်မိပါကြောင်း၊    မြန်မာ-ကမ္ဘောဒီးယား ဘုန်းတော်ကြီးကျောင်းကိုလည်း    ရန်ကုန်မြို့တွင်   ဖွင့်လှစ်နိုင်ပြီးဖြစ်ပါကြောင်း၊ နှစ်နိုင်ငံ ဗုဒ္ဓဘာသာ တိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊    ယခုနှစ်တွင်လည်း   ကမ္ဘောဒီးယား ဘုန်းတော်ကြီးတစ်ပါးနှင့်      လူပုဂ္ဂိုလ်တစ်ဦးကို သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်ကို အပ်နှင်းခဲ့ပြီးဖြစ် ကြောင်း၊ ၂၀၁၇-၂၀၂၁   ပညာရေးဆိုင်ရာပူးပေါင်း ဆောင်ရွက်မှုအတွက် သဘောတူလက်မှတ်ရေးထိုး ထားမှုကို    သက်တမ်းတိုးမြှင့်နိုင်ရေး   ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊   ကာကွယ်ရေး ဆိုင်ရာ ကိစ္စရပ်များတွင်လည်း ပူးပေါင်းဆောင်ရွက် နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ မဲခေါင်မြစ်ဝှမ်းဒေသနိုင်ငံများအနေဖြင့်   စည်းလုံးမှု ရှိရန်လိုကြောင်း၊     ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် နိုင်ငံတကာမျက်နှာစာနှင့်     အာဆီယံမျက်နှာစာ တို့တွင် မြန်မာနိုင်ငံဘက်မှ  အပြုသဘောဆောင် ရပ်တည်ထောက်ခံပေးမှုများအတွက် ကျေးဇူးတင်ရှိ ပါကြောင်း၊ မိမိအနေဖြင့် ဒေသအတွင်းဖွံ့ဖြိုးတိုးတက် ရေးနှင့် နိုင်ငံအတွင်း တည်ငြိမ်အေးချမ်းရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတာဝန်ယူ ချိန်ကာလအတွင်း အကျဉ်းသား ၄၈၀၀၀ ကျော်ကို ပြစ်ဒဏ်မှ    လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ပြီးဖြစ်ပြီး  သင့်လျော်သည့်အချိန်တွင်လည်း ဆက်လက်ဆောင် ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ငြိမ်းချမ်း ရေးအတွက် အဆွေတော်၏ စိတ်ဓာတ်ပြင်းပြမှုနှင့် ကြိုးပမ်းဆောင်ရွက်လိုမှုများအပေါ်  မိမိအနေဖြင့် အထူးပင်  ကျေးဇူးတင်ရှိပါကြောင်း၊  မိမိအနေဖြင့် ယခုနှစ်ကို ငြိမ်းချမ်းရေးနှစ်အဖြစ် သတ်မှတ်ထားပါ ကြောင်း၊  အဆွေတော်၏  အထူးကိုယ်စားလှယ်မှ  မြန်မာနိုင်ငံ၏   ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ပူးပေါင်းဆောင်ရွက်မည့်အပေါ် မိမိအနေဖြင့် ကြိုဆို ပါကြောင်း၊ ယနေ့ပြုလုပ်ခဲ့သည့်   ဆွေးနွေးပွဲတွင် နှစ်နိုင်ငံနှင့် ဒေသတွင်းကိစ္စရပ်များ ပူးပေါင်းဆောင်ရွက် ရေးအတွက်   ဆွေးနွေးနိုင်ခဲ့မှုအပေါ်   ကျေနပ်မိပါ ကြောင်း ပြောကြားသည်။

 


တက်ရောက်


တွေ့ဆုံပွဲသို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊    နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ   ကောင်စီ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးဝဏ္ဏမောင်လွင်၊ ဒုတိယဗိုလ်ချုပ်ကြီး   ရာပြည့်၊   ဦးအောင်နိုင်ဦး၊ ဦးကိုကိုလှိုင်၊ ဦးဝင်းရှိန်၊ ဒေါက်တာသက်ခိုင်ဝင်း၊ ဒေါက်တာ   သက်သက်ခိုင်၊    ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်၊ ကမ္ဘောဒီးယားနိုင်ငံ ဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးသစ်လင်းအုန်း နှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး ကမ္ဘောဒီးယား ဝန်ကြီးချုပ်နှင့်အတူ ဒုတိယဝန်ကြီးချုပ်၊ အပြည်ပြည် ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး H. E. Mr. PRAK Sokhonn ၊  ဝါရင့်ဝန်ကြီး၊ စက်မှု၊  သိပ္ပံ၊ နည်းပညာနှင့် တီထွင်ဆန်းသစ်မှုဝန်ကြီး H.E. Mr. CHAM   Prasidh ၊       ဝန်ကြီးချုပ်ရုံးဝန်ကြီးနှင့် ကမ္ဘောဒီးယားနိုင်ငံ      ဖွံ့ဖြိုးတိုးတက်ရေးကောင်စီ အထွေထွေအတွင်းရေးမှူး H.E. Mr. SOK Chenda Sophea၊ ဝန်ကြီးချုပ်ရုံးဝန်ကြီးများဖြစ်ကြသည့် H.E. Mr. SRY Thamarong   နှင့်  H.E. Dr. KAO Kim  Hourn ၊  နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန    ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် H.E. Dr. SOEUNG Rathchavy နှင့် H.E. Mrs.  EAT  Sophea ၊  ဒုတိယကာကွယ်ရေး ဦးစီးချုပ်နှင့်       ကာကွယ်ရေးဦးစီးချုပ်(ကြည်း)   Lt. Gen. Hun Maneth ၊ မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားနိုင်ငံသံအမတ်ကြီး H.E. Mr. CHHOUK Bunna နှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များ တက်ရောက် ခဲ့ကြကြောင်း သတင်းရရှိသည်။ 


သတင်းစဉ်