မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်ခြားစောင့်တပ်ဖွဲ့များအကြား တပ်ရင်းမှူးအဆင့် အလံတင်အစည်းအဝေးကျင်းပ

 

နေပြည်တော်  မတ်  ၂၄  


မြန်မာ-ဘင်္ဂလားဒေ့ရှ်    နှစ်နိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့များအကြား တပ်ရင်းမှူးအဆင့်    အလံတင် အစည်းအဝေးကို မတ် ၂၀ ရက် နံနက်  ၁၀  နာရီ  ၄၅ မိနစ်တွင် မြန်မာနိုင်ငံဘက်ခြမ်း မောင်တော မြို့   အမှတ်  (၁) လူဝင်/ထွက် စစ်ဆေးရေးစခန်း   (POE)  ရှိ အစည်းအဝေးခန်းမ၌     ကျင်းပ သည်။ အဆိုပါ  အစည်းအဝေးသို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့   အမှတ်(၂)နယ်ခြားစောင့်     ရဲတပ်ဖွဲ့ခွဲမှူး ဒုတိယရဲမှူးကြီး    ကျော်နိုင်စိုး ဦးဆောင်သော   ကိုယ်စားလှယ် ၁၁ ဦးနှင့် အမှတ်(၃၄) ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်(ကော့စ်ဘဇ္ဇား)၊   တပ်ရင်းမှူး   ဒုတိယ ဗိုလ်မှူးကြီး Muhammad Saiful Islam Chowdhury   ဦးဆောင် သော ကိုယ်စားလှယ်   ၁၅   ဦး အဖွဲ့တို့        တက်ရောက်ခဲ့ကြ သည်။ 

 


အစည်းအဝေးတွင်    မြန်မာ ဘက်က  မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်ဒေသတွင် လက်ရှိ လုံခြုံရေးဆိုင်ရာကိစ္စ၊   နယ်စပ် ဒေသ၌ တရားမဝင်ခိုးဝင်မှုများ နှင့် နယ်စပ်ဖြတ်ကျော်မှုခင်းများ တားဆီးနှိမ်နင်းရေးဆိုင်ရာ  ကိစ္စ ရပ်များကို ဆွေးနွေးခဲ့သည်။
 ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် တပ်ကလည်း  နှစ်နိုင်ငံ   နယ်ခြား စောင့်တပ်ဖွဲ့များအကြား   ပူးတွဲ ကင်းလှည့်ရေးဆိုင်ရာ   ကိစ္စ၊  တပ်ရင်းမှူးအဆင့်အပြင် တပ်ခွဲ မှူး၊ ကင်းစခန်းမှူးအဆင့်အလိုက် အလံတင် အစည်းအဝေး/နှစ်ဖက် တွေ့ဆုံရေးဆိုင်ရာကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြ သည်။ 

 


မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့များအကြား တပ်ရင်းမှူးအဆင့်    အလံတင် အစည်းအဝေးသည်   မွန်းလွဲ    ၁ နာရီ ၅ မိနစ်အချိန်တွင်  ပြီးဆုံး ခဲ့ကြောင်း သတင်းရရှိသည်။


သတင်းစဉ်