မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတိုးတက်ခိုင်မာရေး၊ နှစ်နိုင်ငံအပြန်အလှန်အကျိုး ဖြစ်ထွန်းစေမည့် ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေးဆွေးနွေး

 

နေပြည်တော်  ဒီဇင်ဘာ  ၅


ဒုတိယဝန်ကြီးချုပ်နှင့်    နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံအမတ်ကြီး ဒေါက်တာမိုဟာမက် မွန်(န)ဝါ ဟူစိန် အား ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ရှိ နိုင်ငံခြား ရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။


ထိုသို့တွေ့ဆုံစဉ် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ဆက်ဆံရေး   ပိုမိုတိုးတက်ခိုင်မာရေး၊   နှစ်နိုင်ငံ ကုန်သွယ်ရေး၊   ရင်းနှီးမြှုပ်နှံမှုနှင့်    ပေါင်းစည်း ချိတ်ဆက်မှု   အပါအဝင်   အပြန်အလှန်အကျိုး ဖြစ်ထွန်းစေမည့် ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက် မှုများ မြှင့်တင်ရေး၊ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာ သူများ    ပြန်လည်လက်ခံရေးလုပ်ငန်းကို   စတင် အကောင်အထည်ဖော်နိုင်ရေးနှင့်    ဒေသတွင်းနှင့် နိုင်ငံတကာရေးရာ   အကျိုးတူကိစ္စရပ်များအပေါ်    ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်  ဆွေးနွေးကြ သည်။                                              

သတင်းစဉ်