မြန်မာ - အိန္ဒိယ သိပ္ပံနှင့်နည်းပညာပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ပူးတွဲလုပ်ငန်းအဖွဲ့အစည်းအဝေးသို့တက်ရောက်သည့် အိန္ဒိယပညာရှင် ငါးဦး မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညို လေ့လာ

 

နေပြည်တော်    မေ     ၁၇
သိပ္ပံနှင့်  နည်းပညာဝန်ကြီးဌာန     ရုံးအမှတ် (၂၁) နေပြည်တော်၌ မေ ၁၆  ရက်မှ  ၁၇ ရက်အထိ ကျင်းပ သည့် မြန်မာ - အိန္ဒိယ  သိပ္ပံနှင့်နည်းပညာ   ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ  ပူးတွဲလုပ်ငန်းအဖွဲ့   အစည်း အဝေးသို့ တက်ရောက်ကြသည့်  အိန္ဒိယပညာရှင် များသည်  ယနေ့   မွန်းလွဲပိုင်းတွင်   နေပြည်တော်   မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသို့ သွားရောက် ဖူးမြော်ကြည်ညိုလေ့လာကြသည်။
ပါဝင်လေ့လာ
အဆိုပါအဖွဲ့တွင်  အိန္ဒိယသမ္မတနိုင်ငံ   သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၏ ညွှန်ကြားရေးမှူးချုပ်  Dr.   Praveen    Kumar Somasundaram    ဦးဆောင်၍ အိန္ဒိယသမ္မတနိုင်ငံကိုယ်စားလှယ်၊     ရန်ကုန်မြို့ရှိ အိန္ဒိယသံရုံးကိုယ်စားလှယ်နှင့်   နေပြည်တော်ရှိ    အိန္ဒိယဆက်ဆံရေးရုံးကိုယ်စားလှယ်တို့ ပါဝင်လေ့လာ ကြကြောင်း သိရသည်။ 
သတင်းစဉ်