မြန်မာ - အိန္ဒိယ နှစ်နိုင်ငံနယ်စပ်ဒေသများ တည်ငြိမ်အေးချမ်းရေး၊ ပို့ဆောင်ရေးနှင့် လမ်းပန်းဆက်သွယ်ရေး၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များဆွေးနွေး

 

နေပြည်တော်    ဖေဖော်ဝါရီ    ၁၇


နယ်စပ်ရေးရာဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့်  အိန္ဒိယသမ္မတနိုင်ငံ    ယဉ်ကျေးမှု၊   ခရီးသွားနှင့် အရှေ့မြောက်ဒေသ ဖွံ့ဖြိုးရေးဆိုင်ရာဝန်ကြီး H.E. Shri G.Kishan  Reddy တို့၏  Virtual Meeting ကို ယနေ့     ညနေပိုင်းတွင်    နယ်စပ် ရေးရာဝန်ကြီးဌာန ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။

 


အစည်းအဝေးတွင်  နှစ်နိုင်ငံနယ်စပ်ဒေသများ တည်ငြိမ်အေးချမ်း ရေး၊   ပို့ဆောင်ရေးနှင့်   လမ်းပန်းဆက်သွယ်ရေး၊  လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ  ကိစ္စရပ်များ၊    နှစ်နိုင်ငံ  ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု ပိုမိုမြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များကို  ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

 


အစည်းအဝေးသို့    နယ်စပ်ရေးရာဝန်ကြီးဌာန   ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်၊    အမြဲတမ်းအတွင်းဝန်၊   ညွှန်ကြားရေးမှူးချုပ်၊ တာဝန်ရှိသူများ၊ အိန္ဒိယသမ္မတနိုင်ငံသံရုံးမှ  သံမှူးကြီး/  သံရုံးယာယီ  တာဝန်ခံနှင့် ပထမအတွင်းဝန်တို့ တက်ရောက်ခဲ့ကြပြီး အိန္ဒိယဘက်မှ ယဉ်ကျေးမှု၊ ခရီးသွားနှင့် အရှေ့မြောက်ဒေသဖွံ့ဖြိုးရေးဆိုင်ရာဝန်ကြီး နှင့်အတူ အိန္ဒိယနိုင်ငံ ယဉ်ကျေးမှု၊  ခရီးသွားနှင့်  အရှေ့မြောက်ဒေသ ဝန်ကြီးဌာနနှင့် ပြည်ပရေးရာ ဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ၊ အိန္ဒိယ  နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင်တို့  တက်ရောက် ခဲ့ကြကြောင်း သိရသည်။    

              
သတင်းစဉ်