
ရန်ကုန် ဒီဇင်ဘာ ၂၈
MNL -2 Promotion Amateur Club Tournament ပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲကို ဒီဇင်ဘာ ၂၈ ရက်က သုဝဏ္ဏကွင်း၌ကျင်းပရာ Rangers အသင်းက Rainbow အသင်းကို တစ်ဂိုး - ဂိုးမရှိဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။
Rangers အသင်းသည် အုပ်စု တွင်းတွေ့ဆုံစဉ်က အရေးနိမ့်ခဲ့ သည့် Rainbow အသင်းကို အနိုင် ယူကာ ချန်ပီယံဆု ဆွတ်ခူးရရှိခဲ့ သည်။ Rainbow အသင်းသည် ပြိုင်ပွဲတစ်လျှောက် ပုံစံကောင်း ပြသနိုင်ခဲ့သော်လည်း ဗိုလ်လုပွဲတွင် အနိုင်ရလဒ်မယူနိုင်ဘဲ ဒုတိယဖြင့် ကျေနပ်ခဲ့ရသည်။ Rangers အသင်း အတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ၅၃ မိနစ်တွင် အောင်နိုင် ဖြိုးက သွင်းယူခဲ့သည်။ ယခုနှစ် MNL-2 Promotion Amateur Club Tournament 2023 ပြိုင်ပွဲ ကို ပြိုင်ပွဲဝင် အသင်းရှစ်သင်းဖြင့် ကျင်းပခဲ့ခြင်းဖြစ်သည်။
ဗိုလ်လုပွဲရောက်ရှိခဲ့သည့် Rangers အသင်းနှင့် Rainbow အသင်းသည် လာမည့်ရာသီ MNL-2 ပြိုင်ပွဲတွင် ယှဉ်ပြိုင်ခွင့်ရရှိမည်ဖြစ်သည်။
ဗိုလ်လုပွဲအပြီးတွင် ဆုချီးမြှင့်ပွဲဆက်လက်ကျင်းပရာ ဒုတိယဆုရရှိ သည့် Rainbow အသင်းကို ဆုကြေးငွေကျပ် သိန်း ၂၀၊ ပထမဆုရရှိသည့် Rangers အသင်းကို ဆုကြေးငွေ ကျပ်သိန်း ၄၀ နှင့် ချန်ပီယံဆုဖလား တို့ကို မြန်မာနေရှင်နယ်လိဂ်ကော်မတီဥက္ကဋ္ဌ ဦးဇော်မင်းသိန်း၊ အား/ကာမှ တာဝန်ရှိသူများက ပေးအပ်ချီးမြှင့်ကြောင်း သိရသည်။
ရဲရင့်လွင်
ဓာတ်ပုံ-MNL