မှန်ကန်သည့်လမ်းကို ရွေးချယ်ကြပါစို့

Type

 

သဉ္ဇာ
 

လူ့သဘောသဘာဝမှာ ကိုယ်ကရလျှင်   ဝမ်းသာ တတ်၊ ကျေနပ်တတ်ကြပြီး ကိုယ့်ဆီက လျော့သွား လျှင်မူ ဝမ်းနည်းတတ်၊    နှမြောတတ်ကြပါသည်။ ကျွန်မတို့သည် အချိန်နှင့်အမျှ တစ်ခုခုကို  ရရှိရန် လုံးပန်းနေကြရာ  ကျွန်မတို့ရလိုက်သော    အရာ ဝတ္ထုတို့သည် အမှန်တကယ်ပင် ကောင်းမွန်နေရန် အရေးကြီးလှပေသည်။ 
ကျွန်မနေထိုင်ရာ  မြို့လေးသည်    တောမကျ မြို့မကျဒေသလေးဖြစ်သည့်အတွက် လူကြီး လူရွယ် လူငယ်များသည် ရိုးသားပွင့်လင်းကြသည်။ အချင်း ချင်း မိသားစုစိတ်ဓာတ်ဖြင့် ရိုင်းပင်းကူညီကြသည်။ မိသားစုဝမ်းရေးလောက်ငစေရန်        ဝိုင်းဝန်း ဆောင်ရွက်ကြရ၍ လူငယ်လူရွယ် အများစုသည် အတန်းပညာ     လက်လှမ်းဝေးကွာကြသည်။ မိသားစု၏  ဝမ်းရေးကို   မိမိတို့၏  ပညာရေးနှင့် လဲလှယ်လုပ်ကိုင်ကြရသည့်လူငယ်များ များပြားကြ သည်။ အချို့လူငယ်များအနေဖြင့်  မိမိတို့၏ မိသားစု ကို ပြည့်စုံစွာထားရှိလိုသည့်  စိတ်ဆန္ဒများရှိကြရာ ရေကြည်ရာ မြက်နုရာသွားလာရင်း  အလုပ်အကိုင်၊ လုပ်ခနှင့် လူနေမှုအဆင့်အတန်း  မြင့်မားစေရန် အခွင့်အလမ်းသာသော      ပြည်ပနိုင်ငံများသို့ သွားရောက်လုပ်ကိုင်ရန် ကြိုးပမ်းမှုများကို မြင်တွေ့ နေရသည်။ ကျွန်မအနေဖြင့်် အလုပ်သမားဝန်ကြီး ဌာနတွင် လုပ်ကိုင်ခဲ့ဖူးသည့် ဝန်ထမ်းတစ်ဦးဖြစ်၍ တရားမဝင်သွားရောက်ခြင်းမှ  ရရှိလာမည့်ဆိုးကျိုး များကို လက်လှမ်းမီသလောက် မျှဝေပေးလေ့ရှိပါ သည်။
ငါးစာသာမြင်ပြီး ငါးမြားချိတ်မမြင်
ကျွန်မတို့  ပတ်ဝန်းကျင်တွင်     တိုင်းတစ်ပါးသို့ သွားရောက်လုပ်ကိုင်ပြီး       ရရှိသောငွေကြေး ပမာဏကို စုစည်း၍  ပြည်တွင်း၌    လုပ်ငန်းများ ထူထောင်ကာ    ကြီးပွားတိုးတက်လာသူများကို တွေ့မြင်ရသည်။ ထိုသို့ ကြီးပွားတိုးတက်သည့် လူငယ်များကို အတုယူပြီး လူပွဲစားများ၊ တရားဝင် မှတ်ပုံတင်ထားခြင်းမရှိသော အမည်ခံအေဂျင်စီ/ကုမ္ပဏီများက ပြည်တွင်းထက် သာလွန်ကောင်းမွန် သော ဝင်ငွေများရရှိမည်ဟု ဖြားယောင်းသွေးဆောင် မှုအပေါ်  ငါးစာသာမြင်ပြီး ငါးမြားချိတ်မမြင်သည့် လူငယ်လူရွယ်များ   ရှိနေသည်ကို   ရင်လေးစွာ တွေ့မြင်နေရပါသည်။
တစ်နေ့တွင်    ကျွန်မ၏    ဝမ်းကွဲညီမလေး ဝတ်ရည်(အမည်လွှဲ)က   သူတို့သူငယ်ချင်းများ သွားရောက်လုပ်ကိုင်နေကြသည့်      ထိုင်းနိုင်ငံမှ အထည်ချုပ်စက်ရုံတစ်ခုတွင် သွားရောက်လုပ်ကိုင် လိုကြောင်း၊  ၎င်းသူငယ်ချင်းများနှင့်  ခင်မင်ရင်းနှီးသူ ဒေါ်အေးသန်း(အမည်လွှဲ)နှင့်      ချိတ်ဆက်ပြီး ထိုင်းနိုင်ငံသို့ သွားရောက်လုပ်ကိုင်ရန်   ပြင်ဆင်နေ ကြောင်း ဝမ်းသာအားရ လာပြောပါသည်။ ကျွန်မက “ဒေါ်အေးသန်း(အမည်လွှဲ)က ဘယ်အေဂျင်စီကလဲ၊ တရားဝင် မှတ်ပုံတင်ထားတဲ့ အေဂျင်စီကလား”ဟု မေးရာ ညီမလေးက အေဂျင်စီမှ ဟုတ်၊ မဟုတ် မသိကြောင်း၊    သူငယ်ချင်းက    ချိတ်ဆက်ပေး၍ တွေ့ခြင်းဖြစ်ကြောင်း၊       ဝန်ဆောင်ခအနေဖြင့် ကျပ်သိန်း ၃၀ ကို သုံးခါခွဲပြီး ပေးရမည်ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံတွင် တစ်လလျှင် မြန်မာငွေကျပ် ၃၅ သိန်းခန့်ရမည်ဖြစ်ကြောင်း ပြောပါသည်။ ကျွန်မက “ဝန်ဆောင်ခငွေ       ဘယ်လောက်ပေးပြီးပြီလဲ၊ ဒေါ်အေးသန်း(အမည်လွှဲ)က ဘာတွေလုပ်ပေးပြီးပြီ လဲ” မေးခဲ့ရာ ညီမလေးက  ၁၀ သိန်း  ပေးပြီးပြီ ဖြစ်ကြောင်း၊ လာမည့်ရက်သတ္တပတ်တွင် Passport ရမည်ဖြစ်ကြောင်း၊ Passport ရပြီးပါက သင်တန်း တက်ရမည်ဖြစ်ကြောင်း     စိတ်အားထက်သန်စွာ ပြောပြီး  ပြန်သွားပါသည်။ ကျွန်မအနေဖြင့် ပွဲစား နှင့် ချိတ်ဆက်ဆောင်ရွက်မှုကို သဘောမကျသော် လည်း   ညီမလေး၏    စိတ်အားထက်သန်မှုကို ပိတ်ပင်လိုခြင်းမရှိ၍ ရင်မောစွာဖြင့် နေခဲ့ရပါသည်။
ညီမလေးပြောခဲ့သည့် Passport    ရယူရမည့် နေ့တွင် ကျွန်မအနေဖြင့် ညီမလေးပြောပြလာမည့် သတင်းကို စောင့်ဆိုင်းနေခဲ့ပါသည်။  ညနေစောင်း တွင် မျက်နှာမကောင်းစွာဖြင့် ညီမလေး ရောက်ရှိ လာပါသည်။ ကျွန်မက   မေးမြန်းခဲ့ရာ Passport ပေးရန် ချိန်းဆိုသောနေရာသို့   သွားရောက်ခဲ့သော် လည်း ဒေါ်အေးသန်း(အမည်လွှဲ)မှာ  လာရောက်မှု မရှိခဲ့ကြောင်း၊ ၎င်း၏  လက်ကိုင်ဖုန်းကို ခေါ်ဆိုခဲ့ သော်လည်း စက်ပိတ်ထားကြောင်း၊   ပိုက်ဆံများ လည်း  လက်လွန်မိသွား၍  မည်ကဲ့သို့   ဆက်လုပ် ရမည်ကို မသိရှိတော့ကြောင်း၊ ၎င်းပိုက်ဆံများက လည်း   အခြားသူဆီမှ ချေးငှားပြီး    ပေးထားရခြင်း ဖြစ်ကြောင်း၊ သတ်မှတ်ထားချိန်တွင် ပြန်မဆပ်နိုင် လျှင် အတိုးများတက်လာမည်ဖြစ်ကြောင်း ငိုကြွေး ပြီး ပြောပြလာပါသည်။
အခြားတစ်နေရာမှ ငွေကြေးချေးငှားပြီး ပြည်ပ သို့သွားရောက်ရန် ကြိုးစားနေသော    မောင်ငယ်၊  ညီမငယ်လေးများ၏ ငွေကြေးလိမ်လည်ခံရသည့်် ပြဿနာများစွာကို ကြားမိမှုများ ရှိခဲ့သော်လည်း မိမိ၏ သွေးရင်းသားရင်းတစ်ဦးပင်    ယခုကဲ့သို့ ကြုံတွေ့လာခဲ့ရာ ခေတ်ပညာတတ် လူငယ်များအဖို့ အခြားသူကို ယုံကြည်မှုမလွန်ကဲစေရန်နှင့်  တိကျ သေချာသည့်   အရင်းအမြစ်ကို   သုံးစွဲပြီးမှသာ ဆောင်ရွက်နိုင်စေရေး အသိပညာရှိရန်    လိုအပ် ကြောင်း တွေ့လာရပါသည်။
ပြည်ပနိုင်ငံများသို့   သွားရောက်လုပ်ကိုင်လို သည့် လူငယ်လူရွယ်များအနေဖြင့်    တရားမဝင် ပို့ဆောင်သူများ၊  ပွဲစားများနှင့်   ချိတ်ဆက်ပြီး တစ်ဖက်နိုင်ငံသို့    တရားမဝင်     ခိုးဝင်မှုများ ကြောင့်  တစ်ဖက်နိုင်ငံတွင် ဖမ်းဆီးခံနေရခြင်း၊ လူကုန်ကူးခံရခြင်း၊ လိမ်လည်ခံရခြင်း၊    အလုပ် လုပ်ကိုင်ရာ၌လည်း လုပ်ခနှင့်    အခွင့်အရေးတို့ အပြည့်အဝ မရရှိခြင်း၊ ဥပဒေ၏အကာအကွယ် မရရှိခြင်း စသည်ဖြင့် ဆုံးရှုံးနစ်နာမှုများစွာ ရှိခြင်း တို့ကို မကြာခဏ   ကြားနေရပါသည်။   အချို့မှာ သွားရောက်လုပ်ကိုင်ပြီးမှ    အဆင်မပြေသဖြင့် မိခင်နိုင်ငံမှ ပြည်ပသို့သွားသည့် စရိတ်ကိုပင် ကာမိ အောင်မရရှိဘဲ အကြွေးဖြင့်    ပြန်လာရခြင်းများကို စိတ်မကောင်းစွာ ကြားနေရသည်။
တရားဝင် သွားရောက်လုပ်ကိုင်နိုင်အောင်
ကျွန်မတာဝန်ထမ်းဆောင်ခဲ့သော အလုပ်သမား ဝန်ကြီးဌာနအနေဖြင့် ပြည်ပသို့ သွားရောက်လုပ်ကိုင် လိုသည့် လူငယ်လူရွယ်များအား အလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရ အေဂျင်စီများဖြင့် တရားဝင် သွားရောက်လုပ်ကိုင်နိုင်အောင် ဆောင်ရွက်ပေးနေ ကြောင်း မောင်ငယ်၊ ညီမငယ်များ   သိရှိရန် လိုအပ် ပါသည်။  အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ၁၉၉၉ ခုနှစ် ပြည်ပအလုပ်အကိုင်ဆိုင်ရာဥပဒေကို ပြဋ္ဌာန်း ခဲ့ပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်လုပ်ကိုင်နိုင် သူ  တစ်ဦးချင်းဝင်ငွေတိုးပွားစေရေး ရည်ရွယ်ကာ အလုပ်အကိုင်အခွင့်အလမ်းများ     ပိုမိုရရှိစေရန်၊ ပြည်ပသို့ စနစ်တကျ သွားရောက်လုပ်ကိုင်နိုင်ရန်၊ ပြည်ပအလုပ်အကိုင်အမျိုးအစားအလိုက် ရရှိခဲ့သော အတွေ့အကြုံနှင့်နည်းပညာများ၊ အတတ်ပညာများ ကို ပြည်တွင်း၌ စနစ်တကျ     ပြန်လည်အသုံးချ ဆောင်ရွက်ရန်၊ အလုပ်သမားများ၏ ရပိုင်ခွင့်နှင့် အခွင့်အရေးများ   နစ်နာဆုံးရှုံးမှု     မရှိစေရန်နှင့်  ရသင့်ရထိုက်သည့် အခွင့်အရေးများ  ရရှိခံစားနိုင် ရန်၊ အခက်အခဲရှိပါက ပြည်ပရှိ မြန်မာနိုင်ငံသံရုံးများ၊ အလုပ်သမားသံအရာရှိများနှင့်      ဆက်သွယ် ဆောင်ရွက်ရန်နှင့် ပြည်ပအလုပ်အကိုင်  အလုပ် သမား သက်သေခံကတ်ပြား(Overseas Worker Identification Card-OWIC) လျှောက်ထားခြင်းများ  ဆောင်ရွက်ပေးနေသည်ကို မောင်ငယ် ညီမငယ်များ အနေဖြင့် သိရှိရန် လိုအပ်ပါသည်။
တရားဝင်အေဂျင်စီစာရင်းများ
ပြည်ပသို့ သွားရောက်လုပ်ကိုင်လိုသူများအနေဖြင့် ဘေးကင်းလုံခြုံစွာ ရွှေ့ပြောင်းလုပ်ကိုင်နိုင်ရန် အလုပ်သမားဝန်ကြီးဌာန၏   Website   ဖြစ်သည့် www.mol.gov.mm နှင့် Safe   Migration Facebook Page တွင် လွှင့်တင်ထားသည့် တရားဝင် မှတ်ပုံတင်ထားသော      အေဂျင်စီစာရင်းများကို ကနဦးကြည့်ရှုရမည်ဖြစ်ပါသည်။ အကယ်၍ ကြားခံ ပွဲစားများက စည်းရုံးမှုများ ရှိလာလျှင် ထိုပွဲစားများ သည် တရားဝင်မှတ်ပုံတင်ထားသော အေဂျင်စီများ ၏ နယ်ကိုယ်စားလှယ် ဟုတ်၊ မဟုတ် အေဂျင်စီများမှ တစ်ဆင့်    ဆက်သွယ်စုံစမ်းရန်  လိုအပ်ပါသည်။ လိုအပ်လျှင် အလုပ်သမားဝန်ကြီးဌာန၏ တယ်လီ ဖုန်းအမှတ် ၀၆၇-၄၃၀၁၈၃၊ ၀၆၇-၄၃၀၁၈၄၊ ၀၆၇-၄၃၀၁၈၅၊ ၀၆၇-၄၃၀၂၈၄ တို့ကို ဆက်သွယ် မေးမြန်းနိုင်ကြောင်း မောင်ငယ်ညီမငယ်များ သိရှိ ထားရန် လိုအပ်ပါသည်။ ယနေ့ခေတ်ကာလသည်  Social Media Platform ကို ကျယ်ပြန့်စွာ သုံးစွဲ လျက်ရှိသောကြောင့်် Safe Migration Facebook Page ကို အသုံးပြုပြီး မိမိသိလိုသည်များကို အချိန် နှင့်တစ်ပြေးညီ  မေးမြန်းနိုင်ကြောင်း  မောင်ငယ်၊ ညီမငယ်များ သတိပြုမိရန် လိုအပ်ပါသည်။
၁၉၉၉ ခုနှစ် ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေ နှင့်အညီ တရားဝင်မှတ်ပုံတင်ထားသော     ပြည်ပ အလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရ အေဂျင်စီများ သည် ဥပဒေ၊ အမိန့်ကြော်ငြာစာများတွင် ပြဋ္ဌာန်းပါရှိ သည့် အေဂျင်စီများလိုက်နာရမည့် စည်းကမ်းချက် များကို လေးစားလိုက်နာရမည်ဖြစ်ပြီး ဥပဒေအရ သတ်မှတ်ထားသော ဝန်ဆောင်ခကိုသာ      အလုပ် သမားထံမှ တောင်းဆိုခွင့်ရှိသည့်အတွက် မောင်ငယ်၊  ညီမငယ်များအနေဖြင့်   တစ်နိုင်တစ်ပိုင်    ငွေကြေး များဖြစ်၍  ငွေကြေးချေးငှားခြင်း   အခက်အခဲများမှ ကျော်လွှားနိုင်မည်    ဖြစ်ပါသည်။    တရားဝင် မှတ်ပုံတင်ထားသော အေဂျင်စီများနှင့် ဆက်သွယ် ဆောင်ရွက်ရာတွင် ဥပဒေနှင့်အညီ   မဟုတ်ဘဲ ငွေကြေးများပြားစွာ တောင်းခံလျှင်  အလုပ်သမား ဝန်ကြီးဌာနကို  တိုင်ကြားနိုင်သည့်အပြင်  တရားဝင် အေဂျင်စီများနှင့် ချိတ်ဆက်သွားရောက်ခြင်းဖြင့် ၁၉၉၉ ခုနှစ် ပြည်ပအလုပ်အကိုင်ဆိုင်ရာဥပဒေ၏ အကာအကွယ်ရရှိနိုင်မည်ကို မောင်ငယ်ညီမငယ်များ သိရှိရန် လိုအပ်ပါသည်။ 
တစ်ဖက်မှာကြည့်ရင်လည်း     တရားမဝင် သွားရောက်သူများအနေဖြင့် ဥပဒေနှင့်အညီ အလုပ် သမားအခွင့်အရေးများ       မရရှိနိုင်သည့်အပြင် လွတ်လပ်စွာ သွားလာခြင်း၊ လုံခြုံစိတ်ချစွာ နေထိုင် နိုင်ခြင်းကဲ့သို့သော အခွင့်အရေးများကို ဆုံးရှုံးနေကြ ပါသည်။ တရားမဝင်လမ်းကြောင်းများမှ သွားရောက် သူများမှာ ပွဲစားများ၏ ငွေလိမ်လည်မှုများကိုလည်း မကြာခဏ ကြုံတွေ့နေကြရပြီး      ၎င်းငွေများကို ချေးငှားထားခြင်းဖြစ်ပါက   ပြန်လည်ပေးဆပ်နိုင်မှု မရှိ၍ အတိုးနှုန်း မြင့်မားစွာ ပေးဆပ်နေရသည်ကို စိတ်မကောင်းစွာ ကြားသိနေရပါသည်။ မောင်ငယ်၊  ညီမငယ်များအနေဖြင့် ယခုကဲ့သို့ တရားမဝင်ပွဲစား များကို ရှောင်ရှားပြီး ပြည်ပအလုပ်အကိုင်အကျိုး ဆောင်လိုင်စင်ရ အေဂျင်စီများနှင့်   ဆက်သွယ် ဆောင်ရွက်ခြင်းဖြင့်သာ တရားဝင်    ရွှေ့ပြောင်း အလုပ်သမားများအဖြစ် ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံမှုကိုရရှိနိုင်မည်  ဖြစ်ပါသည်။
မှန်ကန်သည့် ရွေးချယ်မှုဖြင့်သာ  
အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ပြည်ပနိုင်ငံ များသို့ သွားရောက်လုပ်ကိုင်လိုသည့်  အလုပ်သမား များအတွက် တရားဝင်မှတ်ပုံတင်ထားသော ပြည်ပ အလုပ်အကိုင် အကျိုးဆောင်  လိုင်စင်ရအေဂျင်စီ များမှတစ်ဆင့် MoU စနစ်ဖြင့် တရားဝင်သွားရောက် နိုင်ရေး ဆောင်ရွက်ပေးခြင်း၊ တရားမဝင်သွားရောက် သည့် လုပ်သားများကိုလည်း တရားဝင်သွားရောက် သည့် လုပ်သားများကဲ့သို့ နှစ်နိုင်ငံညှိနှိုင်း၍ CI နှင့် OWIC ကတ်များ  ထုတ်ပေးခြင်း၊ မြန်မာရွှေ့ပြောင်း အလုပ်သမားများအနေဖြင့် သက်ဆိုင်ရာနိုင်ငံများ၏ ဥပဒေနှင့်အညီ ရပိုင်ခွင့်များ   ရရှိနိုင်ရေးအတွက် မြန်မာအလုပ်သမား   အများဆုံး    သွားရောက် အလုပ်လုပ်ကိုင်သည့် ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံနှင့် ကိုရီးယားသမ္မတနိုင်ငံတို့တွင်       အလုပ်သမား သံအရာရှိများ ခန့်အပ်ထားရှိ၍ ဖြေရှင်းဆောင်ရွက် ပေးလျက်ရှိသည့်အပြင် နိုင်ငံတကာရှိ မြန်မာသံရုံး များကလည်း လိုအပ်သည့်  ကာကွယ်စောင့်ရှောက်မှု များ ပြုလုပ်ပေးလျက်ရှိသကဲ့သို့ အလုပ်သမားများ အနေဖြင့် ပြည်ပနိုင်ငံများသို့  သွားရောက်လုပ်ကိုင် ခြင်းမှ လူမှုစီးပွားဘဝတိုးတက်လာခြင်း၊ လုပ်ငန်း ခွင်အတွေ့အကြုံ    ဗဟုသုတများ    ရရှိလာခြင်း၊ သင့်လျော်ကောင်းမွန်သည့်      ဝင်ငွေရရှိလာခြင်း၊ မိသားစုလွှဲပို့ငွေမှတစ်ဆင့်   နိုင်ငံတော်၏ GDP မြင့်တက်လာခြင်း၊ နိုင်ငံအတွက်  ဝင်ငွေခွန်များ ရရှိခြင်းစသည့် အကျိုးကျေးဇူးများ   ရလာသည် သာမက ပြည်ပနိုင်ငံများသို့ သွားရောက်လုပ်ကိုင် သည့်   အလုပ်သမားများအနေဖြင့်   မိခင်နိုင်ငံသို့ ပြန်လာပါက Skillful Person များ ဖြစ်လာသည့် အတွက် မိမိတို့နိုင်ငံ၏ လုပ်ငန်းခွင်များတွင် အားကိုး အားထားပြုရသည့် လုပ်သားကောင်းများ ဖြစ်လာ နိုင်စေ၍  မှန်ကန်သည့်ရွေးချယ်မှုဖြင့်  ဥပဒေနှင့်အညီ မှတ်ပုံတင်ထားသော    တရားဝင်   အေဂျင်စီများ ဖြင့်သာ    ရွှေ့ပြောင်းသွားလာ        လုပ်ကိုင်စေလိုပါ ကြောင်း   တိုက်တွန်းရေးသား        ဖော်ပြလိုက်ရပါတော့  သည်။     ။