
ဒေါက်တာခင်ဥမ္မာလွင်(တိရစ္ဆာန်ဆေးကုဆရာဝန်)
မြင်းများ၏ အစာခြေစနစ်
မြင်းများသည် အစာအိမ်တစ်ခုတည်းပါသော တိရစ္ဆာန်ဖြစ်၍ အစာအိမ်တွင် Foregut နှင့် Hindgut တို့ ပါဝင်ပြီး ဖိုင်ဘာကြွယ်ဝသောအစာကြမ်းများ (Fiber rich roughage) ဖြစ်သည့် ကောက်ရိုးနှင့် မြက်ခြောက်စားသော အရွက်စားတိရစ္ဆာန်များ ဖြစ်ကြသည်။
Foregut ဖြစ်သည့် အူသိမ်ပိုင်းတွင် ပရိုတင်းများကို ချေဖျက်ပြီး Hindgut ဖြစ်သည့် အူမကြီးသည် Hindgut fermenter အဖြစ် မြင်း၏ အူမကြီးရှိ အစာခြေအဏုဇီဝပိုးများ(Microbes) ဖြစ်သည့် ရူမန် ဗက်တီးရီးယား(Rumen Bacteria)၊ ရူမန် ဖန်ဂျီ(Rumen Fungi)နှင့် ပရိုတိုဇိုးဝါး(Protozoa) တို့က အစာကြမ်းများကို ချေဖျက်ကြသည်။ မြင်း၏ အစာအိမ်နှင့် အူမကြီးက အက်စစ်ဓာတ်ကို ပုံမှန် ဖြစ်အောင် ထိန်းချုပ်ပေးကြသည်။ မီသနိုဂျင် ဗက်တီးရီးယားများသည် အဏုဇီဝပိုးများ၏ ၃ ရာခိုင်နှုန်းသာ ပါဝင်ပါသည်။
အောက်ပါ (ပုံ-၁) တွင် မြင်းများ၏ အူသိမ်ပိုင်းနှင့် အူမကြီးပိုင်းကို ရှင်းလင်းထားပါသည်။
မီသနိုဂျင် ဗက်တီးရီးယားများ
မီသိန်းဓာတ်ငွေ့ကိုထုတ်သော Archaea အုပ်စု ဝင်များကို မီသနိုဂျင် ဗက်တီးရီးယားများ (Metha-nogen)များဟုခေါ်သည်။ မီသနိုဂျင် ဗက်တီးရီးယား များသည် လူနှင့်တိရစ္ဆာန်တို့၏ အစာအိမ် အူလမ်း ကြောင်း၌ အများဆုံး စုဝေးနေထိုင်ကြသည်။ ၎င်းတို့ သည် Euryarchaeota မျိုး အုပ်စုဝင်ဖြစ်ပြီး မျိုးစဉ်များဖြစ်သည့် Methanobacteriales ၊ Methanococcales ၊ Methanomicrobiales ၊ Methanosarcinales နှင့် Methanopyrales များ ပါဝင်ဖွဲ့စည်းထားသည်။ နောက်ပိုင်းတွင် Methano-cellales နှင့် Methanomassiliicoccales တို့ကို ထပ်မံတွေ့ရှိခဲ့သဖြင့် Euryarchaeota မျိုးအုပ်စုဝင်တွင် ထည့်သွင်းခဲ့ကြသည်။
စားမြုံ့ပြန်သတ္တဝါများမှ ပတ်ဝန်းကျင်သို့
မီသိန်းဓာတ်ငွေ့ ထုတ်လွှတ်ခြင်း
မွေးမြူရေးလုပ်ငန်းများ၏ အစာချေဖျက်ခြင်းမှ ထွက်ရှိသော မီသိန်းဓာတ်ငွေ့သည် ကမ္ဘာကြီး ပူနွေးလာခြင်းအတွက် ၃၀ ရာခိုင်နှုန်းခန့် ပါဝင် နေသည်။ စားမြုံ့ပြန်သတ္တဝါများမှ ပတ်ဝန်းကျင်သို့ မီသိန်းဓာတ်ငွေ့ ထုတ်လွှတ်ခြင်းသည် ပြဿနာ တစ်ရပ် ဖြစ်နေပေသည်။ မီသိန်းဓာတ်ငွေ့ လျော့ကျ စေရန်အတွက် စားမြုံ့ပြန်သတ္တဝါများ၏ ပထမ အစာအိမ်တွင် မှီတင်းနေသော မီသနိုဂျင် ဗက်တီး ရီးယားများ၏ အုပ်စုအမျိုးအစားကို လေ့လာမှုများ အမျိုးမျိုးပြုလုပ်ခဲ့ကြသည်။
မြင်းများ၏အူမကြီး၌ Hindgut Fermentation ကြောင့် ထွက်ရှိသော ကာဗွန်ဒိုင်အောက်ဆိုဒ်နှင့် ဟိုက်ဒရိုဂျင်များကို မီသနိုဂျင် ဗက်တီးရီးယားများက မီသိန်းဓာတ်ငွေ့ ဖြစ်လာစေသည်။ Hindgut fermenter တွင်ရှိသော မီသနိုဂျင်ဗက်တီးရီးယား များ၏ အုပ်စုအမျိုးအစားများသည် မီသိန်းဓာတ်ငွေ့ ဖြစ်ပေါ်မှုတွင် ပါဝင်နေသဖြင့် သိရှိနိုင်ရန် လေ့လာ ဖော်ပြအပ်ပါသည်။
မြင်းများတွင် အစာကြမ်းဖြစ်သည့် ဖိုင်ဘာ(fiber) ချေဖျက်နိုင်သော ရူမန် ဗက်တီးရီးယားနှင့် ရူမန်ဖန်ဂျီ ပါဝင်မှုသည် Hindgut ၏ ဝန်အား၊ ကျွေးမွေးသော အစားအစာနှင့် မျိုးအပေါ် မူတည်နေသည့်အပြင် မီသနိုဂျင် ဗက်တီးရီးယားများကြောင့် အဆိုပါ အစာခြေအဏုဇီဝပိုးမွှားများ၏ ပမာဏကို လျော့နည်း စေသည်။ ကမ္ဘာပေါ်တွင် မြင်းကောင်ရေ ၅၈ ဒသမ ၈ သန်းခန့်ရှိပြီး မြင်းများမှထွက်ရှိသော မီသိန်း ဓာတ်ငွေ့သည် စားမြုံ့ပြန်တိရစ္ဆာန်များထက် လျော့ နည်းပါသည်။ သို့သော် မြင်းမွေးမြူရေးတိုးတက်လာ ပါက ခန့်မှန်းခြေ 1.2 to 1.7 million ton ထွက်ရှိနိုင် ကြောင်း ခန့်မှန်းထားသည်။ အစာကြမ်းများကို ဖြိုခွဲပြီး အဓိကအာဟာရ ဖြစ်သော Volatile Fatty Acids ကို ရရှိသည်။ ၎င်း Volatile Fatty Acids သည် Acetogenesis ဖြစ်စဉ်ကြောင့် အဆီတိတ် (Acetate)၊ ဟိုက်ဒရိုဂျင်(H2)နှင့် ကာဗွန်ဒိုင်အောက်ဆိုဒ် (CO2)တို့ ရရှိသည်။ ထို့နောက် မီသနိုဂျင်ဗက်တီးရီးယား များက Methanogenesis ဖြစ်ပြီး ဟိုက်ဒရိုဂျင်ကို ဓာတ်တိုးခြင်းနှင့် ကာဗွန်ဒိုင်အောက်ဆိုဒ်ကို ဓာတ် လျော့စေ၍ မီသိန်းဓာတ်ငွေ့ကို ဖြစ်စေပါသည်။ ဖြစ်စဉ်ကို အောက်ပါ ပုံ(၂)တွင် လေ့လာနိုင်သည်။ (Journal of Equine Veterinary Science, 2019)
မီသနိုဂျင်ဗက်တီးရီးယား အမျိုးအစားများ
Archaea ဂျာနယ်(၂၀၁၄-volume)တွင် ဖော်ပြ ထားသည့် မြင်းများ၌တွေ့ရှိရသော မီသနိုဂျင် ဗက်တီးရီးယားများ ဖြန့်ကြက်မှုကို လေ့လာရာတွင် သီမိုသီးမြက်ခြောက်၊ ဘာလီနှင့် စပါးခွံကျွေးသော မြင်းများ၏ အူမကြီးထဲတွင်ရှိသော အစာ တစ်ဂရမ်တွင် မီသနိုဂျင်ဗက်တီးရီးယား ပမာဏသည် ၁၀၄ မှ ၁၀၆ အထိ ပါဝင်ကြောင်း သိရှိရသည်။ မြင်းများ၏ မစင်များမှ စမ်းသပ်ချက်အရ မီသနိုဂျင် ဗက်တီး ရီးယား အမျိုးအစားများအနေဖြင့် Methanomicro-biales၊ Methanobacteriales နှင့် Methanopla-matales မျိုးစဉ်တို့ကို အဓိက တွေ့ရှိရသည်။
မျိုးစုနှင့် မျိုးစိတ်များမှာ Methanocorpusculum labreanum ၊ Methanobrevibacter smithii နှင့် gottschalkii ၊ Methanomethyllophilus alvus တို့ကို တွေ့ရှိရသည်။ Methanomicrobiales သည် အတွေ့ရအများဆုံးနှင့် Methanoplamatales သည် ဒုတိယအများဆုံး မျိုးစဉ်များဖြစ်သည်။ ၎င်းမျိုးစဉ် များသည် နွားနှင့် သိုးများတွင် အများဆုံးတွေ့ရှိရသော မျိုးစုများဖြစ်ကြပြီး ၅၀ ရာခိုင်နှုန်းကျော် တွေ့ရသည်။ ထို့ကြောင့် မြင်းများတွင်တွေ့ရသော မီသနိုဂျင် ဗက်တီးရီးယား အမျိုးအစားများသည် နွားနှင့် သိုးများတွင်တွေ့ရှိမှုနှင့် ဆင်တူကြောင်း လေ့လာ ရသည်။ ထို့ပြင် မျိုးစိတ်ခွဲခြား၍မရသော မီသနိုဂျင် ဗက်တီးရီးယား အမျိုးအစားများကိုလည်း တွေ့ရှိ ရကြောင်း လေ့လာတွေ့ရှိရသည်။
အခြားသော မြင်းများကို သုတေသနလေ့လာမှု များတွင် Methanomicrobiales နှင့် Methano-bacteriales များကို အများဆုံးတွေ့ရှိရကြောင်းဖော်ပြထားသည်။ အူမကြီးပိုင်းတွင် မီသနိုဂျင် ဗက်တီးရီးယား Methanomicrobiales၊ Methano-bacteriales နှင့် Methanosarcinales များကို အဓိက တွေ့ရှိရပြီး မြင်းများတွင် နှစ်မျိုးကို အဓိက လေ့လာတွေ့ရှိရသည်။
မြင်းများတွင် မီသနိုဂျင် ဗက်တီးရီးယားများ ကြောင့် မီသိန်းထွက်ရှိမှုကို တွေ့ရှိရသော်လည်း စားမြုံ့ပြန်တိရစ္ဆာန်များနှင့် နှိုင်းယှဉ်ပါက လေးဆ ကျော် လျော့နည်းခြင်းနှင့် အစာကျွေးမွေးမှုစနစ် ထိန်းသိမ်းခြင်းဖြင့် မီသိန်းထွက်ရှိမှု လျှော့ချနိုင် ခြင်းများကို လေ့လာတွေ့ရှိရသည်။
လေ့လာမှုများ ဆက်လက်ဆောင်ရွက်
မြင်းများ၏ Hindgut သည် အာဟာရ ရရှိခြင်း၏ အဓိက အစိတ်အပိုင်းဖြစ်သောကြောင့် အစာကျွေးမွေး မှုကို စနစ်တကျစီမံ၍ အစာချေဖျက်ပေးသော အကျိုးပြု အဏုဇီဝပိုးများမှ စည်းချက်ကျကျ လုပ်ငန်းများဆောင်ရွက်စေနိုင်ကြောင်း တင်ပြအပ် ပါသည်။ ထို့ပြင် မြင်းများတွင်တွေ့ရှိရသော မီသနိုဂျင် ဗက်တီးရီးယား မျိုးစိတ်များမှာ နည်းပါးနေသဖြင့် ဆက်လက်လေ့လာမှုများ ဆောင်ရွက်သွားရမည်ဖြစ် ကြောင်း တင်ပြအပ်ပါသည်။ ။
- Log in to post comments