မင်းလှ၌ ဗုံးသီးကို လွယ်အိတ်အတွင်းထည့်ထားစဉ် ပေါက်ကွဲမှုဖြစ်၍ လူတစ်ဦးနှင့် နွားနှစ်ကောင် သေဆုံး

အထက်မင်းလှ     ဇူလိုင်    ၈
မကွေးတိုင်းဒေသကြီး   မင်းလှမြို့နယ်  အိုးဘိုကုန်း ကျေးရွာ  မြောက်ဘက်တစ်မိုင်ခန့်အကွာ  တာဝေး စစ်ပစ်ကွင်းဧရိယာအတွင်း၌ ဇူလိုင် ၇ ရက်  ညနေ  ၆    နာရီခွဲက   မပေါက်ကွဲသေးသည့်    ဗုံးသီးကို လွယ်အိတ်အတွင်း ထည့်ထားစဉ် ပေါက်ကွဲမှုဖြစ်ပွား ၍   လူတစ်ဦးနှင့်  နွားနှစ်ကောင်   သေဆုံးပြီး  နွား‌ လေးကောင် ထိခိုက်ဒဏ်ရာရရှိကြောင်း သိရသည်။
ဖြစ်စဉ်မှာ မင်းလှမြို့နယ် အိုးဘိုကုန်းကျေးရွာမှ မောင်ပြည့်စုံဦး (၁၅) နှစ်သည်  နွားကျောင်းနေစဉ် ပေါက်ကွဲခြင်းမရှိသေးသည့် (MRIS-122) ဒုံးအမျိုး အစားကိုတွေ့ရှိပြီး   ကောက်ယူပြီး   လွယ်အိတ် အတွင်းသို့ထည့်၍ ပြန်လာစဉ် လှည်းလမ်းကြောင်း တစ်နေရာ၌ ဗုံးသီးမှာပေါက်ကွဲခဲ့ခြင်းဖြစ်သည်။
အဆိုပါ ဗုံးပေါက်ကွဲမှုကြောင့် မောင်ပြည့်စုံဦးနှင့်  အနီးရှိနွားနှစ်ကောင်     သေဆုံးပြီး၊   အခြား      နွား လေးကောင်    ထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့်    အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ သက်ဆိုင်ရာနယ်မြေစခန်း၌ သေမှုသေခင်းဖွင့်    စစ်ဆေးလျက်ရှိကြောင်း   သိရ သည်။                                    

မြို့နယ် (ပြန်/ဆက်)