မင်းလှမြို့နယ်၌ မြေပြင်လူဦးရေစာရင်း မှန်ကန်မှုရှိစေရန် တိုက်ဆိုင်စစ်ဆေး

 

မင်းလှ စက်တင်ဘာ ၂၁


ပဲခူးတိုင်းဒေသကြီး   မင်းလှမြို့နယ်  ကျွဲတကုန်းကျေးရွာတွင်  မြေပြင် လူဦးရေစာရင်း   မှန်ကန်မှုရှိစေရန်   တိုက်ဆိုင်စစ်ဆေးခြင်းကို ယနေ့  နံနက်  ၉  နာရီက ကွင်းဆင်းဆောင်ရွက်သည်။

 


အဆိုပါ  မြေပြင်လူဦးရေစာရင်း  မှန်ကန်မှုရှိစေရန် ဆောင်ရွက်ရာ တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးစိုးထွဋ်နှင့်  အဖွဲ့ဝင်များ ကြီးကြပ်၍   မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊    မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့်   ပြည်သူ့အင်အားဦးစီးဌာန၊   မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးတို့မှ      တာဝန်ရှိဝန်ထမ်းများက ကျွဲတကုန်းကျေးရွာရှိ    အိမ်ထောင်စုလူဦးရေစာရင်းများ မှန်ကန်မှုရှိစေရန်အတွက်     တိုက်ဆိုင် စစ်ဆေးခြင်းကို ကျေးရွာအုပ်ချုပ်ရေးမှူး၊ စာရေးဝန်ထမ်းတို့နှင့် ပူးပေါင်း ဆောင်ရွက်သည်။ မင်းလှမြို့နယ်၌   မြေပြင်လူဦးရေစာရင်း  မှန်ကန်မှု ရှိစေရန် ရပ်ကွက်/ကျေးရွာအုပ်စုများတွင် အရှိန်အဟုန်မြှင့်ကွင်းဆင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။          

 မြို့နယ်(ပြန်/ဆက်)