
မင်းလှ ဒီဇင်ဘာ ၂၅
မကွေးတိုင်းဒေသကြီး မင်းလှမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန က ကျေးလက်နေပြည်သူများ၏ လယ်ယာ ထွက်ကုန်များ ဈေးနှုန်းသက်သာစွာဖြင့် ဈေးကွက်သို့ လွယ်ကူလျင်မြန်စွာ ပို့ဆောင်နိုင် စေရန် ရည်ရွယ်၍ အကောင်အထည်ဖော် ဆောင်ရွက်သည့် စမ်းအိုင်ကျေးရွာအုပ်စု စမ်းအိုင်ကျေးရွာ၌ ကျေးလက်ကုန်ထုတ်လမ်း နှင့် ရေကျော်တည်ဆောက်နေမှုအခြေအနေ များကို တာဝန်ရှိသူများက ယမန်နေ့က ကွင်းဆင်းစစ်ဆေးသည်။
မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြား ရေးမှူး (နည်းပညာ) ဦးအောင်ကြီး၊ သရက် ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးကျော်ဆန်းဌေး၊ မင်းလှမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဝေလင်း မောင်နှင့် ဝန်ထမ်းများက သက်ဆိုင်ရာ ကျေးရွာကော်မတီဝင်များနှင့်အတူ စမ်းအိုင် ကျေးရွာ၌ ကျေးလက်ကုန်ထုတ်လမ်းနှင့် ရေကျော် တည်ဆောက်နေမှုအခြေအနေများ ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားသည်။
အဆိုပါကျေးရွာ၌ ကျေးလက်ကုန်ထုတ် လမ်း ဖောက်လုပ်ခြင်း အရှည် နှစ်မိုင်၊ အကျယ် ၁၂ ပေနှင့် အရှည်ပေ ၆၀၊ အကျယ် ၁၈ ပေ၊ ရေကျော်တစ်စင်း တည်ဆောက်ခြင်းလုပ်ငန်း များကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ခြောက်လ ဘတ်ဂျက် ခွင့်ပြု ရန်ပုံငွေကျပ် ၅၄ ဒသမ ၆ သန်းဖြင့် တင်ဒါ အောင်မြင်သည့် ကုမ္ပဏီက နိုဝင်ဘာလ စတုတ္ထပတ်က စတင်အကောင် အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါ ၅၀ ရာခိုင်နှုန်းဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း၊ စမ်းအိုင် ကုန်ထုတ်လမ်းသည် အဆိုကျေးရွာရှိ အိမ်ခြေ ၃၈၀၊ လူဦးရေ ၁၅၃၈ ဦးတို့၏ လယ်ယာမြေ ဧက ၆၂၀ ကျော်ကို အကျိုးပြု မည်ဖြစ်ကြောင်း မင်းလှမြို့နယ် ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှူး ဦးဝေ လင်းမောင်က ပြောသည်။
စိုးမိုးကျော်