မြင်းခြံမြို့နယ် ရွာရှည်ကျေးရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူ ငါးဦးကိုပါ သတ်ဖြတ်ခဲ့ကြောင်း မဟုတ်မမှန်စွပ်စွဲရေးသားပြီး လှုံ့ဆော်ဝါဒဖြန့်ဝေလျက်ရှိ

နေပြည်တော်  မေ  ၁၆
မန္တလေးတိုင်းဒေသကြီး   မြင်းခြံ မြို့နယ် ရွာရှည်ကျေးရွာကို လုံခြုံ ရေးတပ်ဖွဲ့ဝင်များက မေ ၁၄ ရက် တွင်   မီးရှို့ဖျက်ဆီးခဲ့ပြီး   ပြည်သူ ငါးဦးကိုပါ   သတ်ဖြတ်ခဲ့သည်ဟု မဟုတ်မမှန်   စွပ်စွဲရေးသားထား သည့် သတင်းတု၊ သတင်းအမှား များကို   တရားမဝင်   ပြည်ဖျက် မီဒီယာများက လုံခြုံရေးတပ်ဖွဲ့ဝင် များအပေါ် အထင်အမြင်လွဲမှားစေ ရန်အတွက် လူမှုကွန်ရက်များတွင် ရည်ရွယ်ချက်ရှိရှိ     လှုံ့ဆော်ဝါဒ ဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
ဖြစ်စဉ်အမှန်မှာ     မြင်းခြံ မြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်လျက်ရှိသည့်   လုံခြုံ ရေးတပ်ဖွဲ့ဝင်များက   မေ   ၁၄ ရက်တွင်   ရွာရှည်ကျေးရွာအနီး သို့ ရောက်ရှိစဉ်  PDF   အမည်ခံ အကြမ်းဖက်သမားများက လက် လုပ်လက်နက်ကြီး၊   လက်လုပ် လက်နက်ငယ်များဖြင့်       စတင် ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အတွက် အပြန်အလှန်    ပစ်ခတ်မှုများ   ဖြစ်ပွားခဲ့ကြောင်း၊   ထို့နောက်   လုံခြုံရေး     တပ်ဖွဲ့ဝင်များ၏ ထိရောက်သော     တန်ပြန် တိုက်ခိုက်မှုများကြောင့် အကြမ်း ဖက်သမားများ   ထိခိုက်သေဆုံးမှု များစွာဖြင့်    ရွာရှည်ကျေးရွာ အတွင်းသို့  ဖရိုဖရဲဖြင့်  ဆုတ်ခွာ ထွက်ပြေးသွားခဲ့သည်။
အဆိုပါဖြစ်စဉ်   ဖြစ်ပွားရာ နေရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များ က   သွားရောက်ရှင်းလင်းခဲ့ရာ အကြမ်းဖက်သမား   အလောင်း တစ်လောင်း၊ လက်လုပ်လက်နက် ကြီး သုံးလက်နှင့် လက်နက်ငယ် နှစ်လက်တို့ကို သိမ်းဆည်းရမိခဲ့ပြီး အကြမ်းဖက်သမားများနှင့်တိုက်ပွဲ ဖြစ်ပွားစဉ်တွင်       ၎င်းတို့၏ လက်လုပ်လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့မှုကြောင့် ရွာရှည်ကျေးရွာ အတွင်းသို့ ကျရောက်ခဲ့ပြီး နေအိမ် များ မီးလောင်ပျက်စီးခဲ့ရကြောင်း လုံခြုံရေး    တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။
ထိုသို့  တရားမဝင်ပြည်ဖျက် မီဒီယာများက    အကြမ်းဖက် သောင်းကျန်းသူများ၏  အကြမ်း ဖက်လုပ်ရပ်များကို ဖုံးကွယ်ရန် နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် ပြည်သူများ အထင်အမြင်လွဲမှား စေရန်     လူမှုကွန်ရက်ပေါ်တွင် မဟုတ်မမှန်လုပ်ကြံရေးသားထား သည့်     သတင်းအမှားများသာ ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်