မြင်းခြံမြို့နယ် ဆုံရွာကျေးရွာအတွင်းသို့ PDF အမည်ခံအကြမ်းဖက်သမားများက လက်နက်ကြီးများဖြင့် အကြောင်းမဲ့ပစ်ခတ်ခဲ့သဖြင့် ကျေးရွာနေ ဒေသခံပြည်သူ ၃၂ ဦး သေဆုံးကာ ၁၄ ဦး ဗုံးစထိမှန်ဒဏ်ရာများရရှိ

 

နေပြည်တော်    မေ   ၉ 
မန္တလေးတိုင်းဒေသကြီး    မြင်းခြံ မြို့နယ်  ဆီမီးခုံကျေးရွာ၏  အရှေ့ ဘက်ရှိ  ဆုံရွာကျေးရွာအား ယနေ့ နံနက်ပိုင်းတွင်    PDF    အမည်ခံ အကြမ်းဖက်သမားများက   လက် နက်ကြီး/လက်နက်ငယ်များဖြင့်  ရမ်းသန်း       ပစ်ခတ်ခဲ့မှုကြောင့် ကျေးရွာနေ ဒေသခံပြည်သူ အမျိုး သား ၁၇ ဦး၊ အမျိုးသမီး ၁၅ ဦး စုစုပေါင်း ၃၂ ဦး သေဆုံးခဲ့ပြီး အမျိုး သား  ၅  ဦး၊  အမျိုးသမီး  ၉  ဦး စုစုပေါင်း ၁၄ ဦး ဗုံးစထိမှန်ဒဏ်ရာ များရရှိခဲ့ကြောင်း သိရှိရသည်။
PDF  အမည်ခံ  အကြမ်းဖက် သမားများသည် လုံခြုံရေးတပ်ဖွဲ့ ဝင်များ   အလွယ်တကူ    စစ်ကူ/ပစ်ကူရောက်ရှိရန် ကန့်သတ်ချက် ရှိသည့်  အစွန်းအဖျား၊  ကျေးရွာ/ ရပ်ကွက်အုပ်စုများသို့ အကြောက် တရားဖြစ်ပေါ်စေရေး    လက်နက် ကြီးများဖြင့် အကြောင်းမဲ့ပစ်ခတ် တိုက်ခိုက်ခြင်း၊  နေအိမ်၊  စာသင် ကျောင်းနှင့်       ဘာသာရေး အဆောက်အအုံများအား    မီးရှို့ ဖျက်ဆီးခြင်း၊ ဖမ်းဆီးသတ်ဖြတ် ခြင်းစသည့် အကြမ်းဖက်လုပ်ရပ် များကို     လုပ်ဆောင်လျက်ရှိရာ မြင်းခြံမြို့နယ် ဆီမီးခုံကျေးရွာ၏ အရှေ့ဘက်    မီတာ    ၄၀၀၀  ခန့် အကွာရှိ  ဆုံရွာကျေးရွာ ပြည်သူ့ စစ်စခန်းအား     ယနေ့နံနက်ပိုင်း တွင် ကျေးရွာ၏ တောင်ဘက်နှင့် အရှေ့တောင်ဘက်မှနေ၍   လက် နက်ကြီးများဖြင့်      ပစ်ခတ်တိုက် ခိုက်ခဲ့သဖြင့် ကျေးရွာရှိ  ပြည်သူ့ စစ်တပ်ဖွဲ့ဝင်များက      ပြန်လည် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ     အကြမ်း ဖက်သမားများသည်     ကျေးရွာ ပြည်သူ့စစ်စခန်းအား သိမ်းပိုက်နိုင် ခြင်းမရှိဘဲ အရှေ့ဘက်သို့ ဆုတ်ခွာ ထွက်ပြေးသွားခဲ့ပြီး ဆုတ်ခွာစဉ် နီးစပ်ရာ  နေအိမ်များအား   မီးရှို့ ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။
အဆိုပါ   အကြမ်းဖက်သမား များက          ကျေးရွာအတွင်းသို့ လက်နက်ကြီးများဖြင့်    ပစ်ခတ် ခဲ့မှုကြောင့်    နေအိမ်များပေါ်သို့ လက်နက်ကြီးကျည်များ      ကျ ရောက်   ပေါက်ကွဲခဲ့ပြီး   ကျေးရွာ အတွင်း   အေးချမ်းစွာ     နေထိုင် လျက်ရှိသည့်     ဒေသခံပြည်သူ အမျိုးသား ၁၇ ဦး၊ အမျိုးသမီး ၁၅ ဦး၊ စုစုပေါင်း ၃၂ ဦး သေဆုံးခဲ့ကာ အမျိုးသား ၅ ဦး၊ အမျိုးသမီး ၉ ဦး၊ စုစုပေါင်း   ၁၄   ဦး   ဗုံးစထိမှန် ဒဏ်ရာများရရှိခဲ့ကြောင်း  သိရှိရ သည်။
ထို့အပြင် အကြမ်းဖက်သမား များ၏   မီးရှို့ဖျက်ဆီးခဲ့မှုကြောင့် ကျေးရွာအတွင်းရှိ  နေအိမ်   ၅၀ ခန့်      မီးလောင်ပျက်စီးခဲ့သဖြင့် ကျေးရွာနှင့်    အနီးဆုံးလုံခြုံရေး တပ်ဖွဲ့ဝင်များက    သွားရောက်၍ လိုအပ်သည့်      မီးငြှိမ်းသတ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးကာ ထိခိုက်ဒဏ်ရာ     ရရှိသူများအား မန္တလေးမြို့ရှိ နယ်မြေခံတပ်မတော် ဆေးရုံသို့ပို့ဆောင်၍    ဆေးဝါး ကုသမှုများခံယူစေလျက်ရှိကြောင်း နှင့်    ဆုတ်ခွာထွက်ပြေးသွားခဲ့ သည့်   အကြမ်းဖက်သမားများ အား လိုက်လံချေမှုန်းကာ လိုအပ် သည့် လုံခြုံရေးလုပ်ငန်းများ ဆက် လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။      

သတင်းစဉ်