မြင်းခြံမြို့နယ် ဆုံရွာကျေးရွာအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် သေဆုံးခဲ့ရသည့် အပြစ်မဲ့ပြည်သူများ၏ ကျန်ရစ်သူမိသားစုဝင်များနှင့် နေအိမ်မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ရသည့် မိသားစုဝင်များအတွက် အလှူငွေနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအ

နေပြည်တော်  မေ  ၉ 
မန္တလေးတိုင်းဒေသကြီး မြင်းခြံ မြို့နယ်     ဆီမီးခုံကျေးရွာ၏ အရှေ့ဘက်ရှိ ဆုံရွာကျေးရွာကို ယနေ့နံနက်ပိုင်းက PDF အမည်ခံ အကြမ်းဖက်      သမားများက လက်နက်ကြီး/    လက်နက်ငယ် များဖြင့်         ပစ်ခတ်မှုကြောင့် ကျေးရွာနေ ဒေသခံပြည်သူ အမျိုး သား ၁၇ ဦး၊ အမျိုးသမီး ၁၅ ဦး  စုစုပေါင်း   ၃၂  ဦးသေဆုံးခဲ့ပြီး အမျိုးသား ငါးဦး၊ အမျိုးသမီး ကိုးဦး  စုစုပေါင်း  ၁၄  ဦး  ဗုံးစ ထိမှန် ဒဏ်ရာများ ရရှိခဲ့သည်။ 
ထို့ပြင်     ကျေးရွာအတွင်း  စစ်ရေးနှင့်    မသက်ဆိုင်သည့် အေးချမ်းစွာ နေလိုသည့် အပြစ်မဲ့ ပြည်သူများ၏ အိုးအိမ်များအား PDF အမည်ခံ အကြမ်းဖက်သမား များက မီးရှို့ဖျက်ဆီးခဲ့ရာ ကျေးရွာ အတွင်းရှိ နေအိမ်အလုံး ၅၀ ခန့် မီးလောင်ဆုံးရှုံးခဲ့မှုများ ဖြစ်ပေါ် ခဲ့သည့်အတွက်  ယနေ့ နေ့လယ် ပိုင်းတွင်   မန္တလေးတိုင်းဒေသကြီး    အစိုးရ အဖွဲ့နှင့်      အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တို့မှ  တာဝန်ရှိသူများ က PDF အမည်ခံ အကြမ်းဖက် သမားများ၏ ပစ်ခတ်သတ်ဖြတ်မှု  ကြောင့်    သေဆုံးခဲ့ရသူများ၏ မိသားစုဝင်များနှင့်   နေအိမ်ဆုံးရှုံး ခဲ့ရသည့်        ပြည်သူများအား သွားရောက်တွေ့ဆုံ      အားပေး စကား ပြောကြားသည်။
ထို့နောက် ကျေးရွာရှိ ပြည်သူ များအတွက်     တိုင်းဒေသကြီး အစိုးရအဖွဲ့မှ       လှူဒါန်းသည့် အလှူငွေကျပ်   ၃၄၆  သိန်းနှင့် ငွေကျပ် သိန်း၁၀၀ တန်ဖိုးရှိ ဆန်၊ ဆီ၊ ဆား၊ ပဲ  တို့ကို လည်းကောင်း၊  တိုင်းစစ်ဌာနချုပ်မှ လှူဒါန်းသည့် ငွေကျပ်သိန်း  ၅၀  နှင့်  ဆန်  ၂၅  အိတ်၊  ဆီ ပိဿာ ၅၀ ၊  ပဲ ပိဿာ  ၅၀၊ ဆား ၂၅ ပိဿာတို့ကို လည်းကောင်း ထောက်ပံ့ပေးအပ် လှူဒါန်းခဲ့ကြောင်း     သတင်းရရှိ သည်။
သတင်းစဉ်