မြင်းခြံမြို့၊ ရမည်းသင်းမြို့၊ ကျောက်ပန်းတောင်းမြို့နှင့် သရက်မြို့တို့၌ ပြည်သူ့စစ်မှုထမ်းဥပဒေအား ကြိုဆိုထောက်ခံပွဲ ပြုလုပ်

နေပြည်တော်  ဖေဖော်ဝါရီ  ၁၄
၂၀၁၀ ပြည့်နှစ်တွင် နိုင်ငံတော်အေးချမ်းသာယာရေး နှင့်ဖွံ့ဖြိုးရေးကောင်စီ ဥပဒေအမှတ်၂၇/၂၀၁၀ ဖြင့် ပြဋ္ဌာန်းခဲ့သော ပြည်သူ့စစ်မှုထမ်းဥပဒေအား ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှ စတင်၍ အာဏာ တည်ကြောင်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီး    မင်းအောင်လှိုင်က လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။ 
အဆိုပါ ပြည်သူ့စစ်မှုထမ်းဥပဒေအား   ကြိုဆို ထောက်ခံပွဲများကို ယနေ့တွင် မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ရှိ ဗိုလ်ချုပ်ကြေးရုပ်ရှေ့၌လည်းကောင်း၊ ရမည်းသင်းမြို့ရှိ   ခရိုင်အားကစားကွင်း၌လည်း ကောင်း၊ ကျောင်းပန်းတောင်းမြို့ရှိ မြို့နယ်ဘောလုံး ကွင်း၌လည်းကောင်း၊ မကွေးတိုင်းဒေသကြီး သရက် မြို့ရှိ    မြို့နယ်အားကစားကွင်း၌  လည်းကောင်း  အသီးသီး ပြုလုပ်ကြသည်။
ဦးစွာ သက်ဆိုင်ရာမြို့နယ်များမှ ဒေသခံတိုင်းရင်း သားမျိုးချစ်ပြည်သူများက သတ်မှတ်နေရာအသီးသီး ၌စုဝေးကြပြီး ကျင်းပမည့်နေရာအသီးသီးသို့ ချီတက် ထောက်ခံကြသည်။  ချီတက်ရာလမ်းတစ်လျှောက် တွင် ဒေသခံမျိုးချစ်ပြည်သူများက “ဒို့တာဝန်အရေး သုံးပါးကို ထိန်းသိမ်းစောင့်ရှောက်ရန်အတွက် စစ်ပညာ သင်ကြားရန်နှင့်  နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းဆောင်ရန်  နိုင်ငံသားတိုင်းတွင်  တာဝန် ရှိသည်၊  ပြည်သူ့စစ်မှုထမ်းဥပဒေကို   အပြည့်အဝ ထောက်ခံ ကြိုဆိုပါသည်၊ နိုင်ငံတော်ကို ကာကွယ်ဖို့ တစ်မျိုးသားလုံးစစ်မှုထမ်းဆောင်ကြပါစို့၊ နိုင်ငံတော် ကို ပြည်တွင်း/ပြည်ပ အန္တရာယ်များက ကာကွယ်ဖို့  စစ်မှုထမ်းဆောင်ကြပါစို့၊ နိုင်ငံတော်၏လွတ်လပ် ရေး၊ အချုပ်အခြာအာဏာနှင့်  နယ်မြေတည်တံ့ခိုင်မြဲ ရေးတို့ကို ကာကွယ်စောင့်ရှောက်ရေးသည် နိုင်ငံသား တိုင်း၏ တာဝန်ဖြစ်သည်” စသည့်ကြွေးကြော်သံများ ကို  သံပြိုင်ကြွေးကြော်ခဲ့ကြပြီး   သတ်မှတ်နေရာ အသီးသီးတွင် ပြည်သူ့စစ်မှုထမ်းဥပဒေအား ကြိုဆို ထောက်ခံပါသည်ဟု     တစ်ခဲနက်ဆန္ဒထုတ်ဖော် ဟောပြောကာ    ငြိမ်းချမ်းစွာလူစုခွဲခဲ့ကြကြောင်း သတင်းရရှိသည်။                              သတင်းစဉ်