
နေပြည်တော် အောက်တိုဘာ ၂၀
ရန်ကုန်တိုင်းဒေသကြီး အင်းစိန် မြို့နယ် မင်းဓမ္မကုန်းတော်ပေါ် ရှိ အဘယလာဘမုနိရုပ်ပွားတော် ဘုရားကြီး (ကျောက်တော်ကြီး)ဝင်းအတွင်း၌ တည်ထားကိုးကွယ် တော်မူသော အဘရာကျော် ဓာတ်ပန္နက် ရွှေလဝင်းစေတီတော် ရွှေထီးတော်တင်လှူပူဇော်ခြင်းကို ယနေ့ နံနက်ပိုင်းတွင် အဆိုပါ ဘုရားကြီး၌ ပြုလုပ်ရာ အင်းစိန် မြို့နယ် သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ဘဒ္ဒန္တဇာနေယျ အမှူးပြု သော သံဃာတော်များ ကြွရောက် တော်မူကြပြီး ရန်ကုန်တိုင်းစစ် ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ၊ ဂေါပကအဖွဲ့ဝင် များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးနှင့် တက်ရောက် လာကြသူများက သံဃာတော် အရှင်သူမြတ်များ ထံမှ ရွှေထီးတော်၊ စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်တို့ကို စေတီ တော်ဘုံအဆင့်ဆင့်သို့ ပင့်ဆောင် တင်လှူပူဇော်သည်။
အဆိုပါ စေတီတော်အား ၁၉၄၅ ခုနှစ်တွင် ဗောဓိပက္ခိယ မဟာ ပထမံဓမ္မစေတီ၊ သီလ၊ သာမာဓိ၊ ပညာ၊ သိက္ခာ၊ သိဒ္ဓိ မဟိဒ္ဓိရှင်သဒ္ဓမ္မဒေဝကိတ္တိရကျော် ဆရာတော်ကြီးသည် မင်းဓမ္မ ကုန်းတော်ပေါ်တွင် သာသနာ့ ဓာတ်ပန္နက်စိုက်ထူကာ ရွှေလဝင်း ဓာတ်ပန္နက်တစ်တောင် တစ်မိုက် စေတီကိုတည်ခဲ့သည်။ ယင်းစေတီ တော်အား အလှူရှင်အသီးသီးမှ အဆင့်ဆင့်မွမ်းမံခဲ့ရာ ထီးတော် သုံးဆက် အဆင့်သုံးဆင့်ရှိခဲ့သည့် အတိုင်း ပထမ၊ ဒုတိယထီးတော် ကို ၂၀၀၁ ခုနှစ် နိုဝင်ဘာ ၁ ရက် တွင် တင်လှူခဲ့ပြီး နောက်ဆုံး အထွတ်ထီးတော်ကို ၂၀၀၂ ခုနှစ် ဇန်နဝါရီ ၂၇ ရက်တွင် တင်လှူခဲ့ ကာ ယနေ့တွင် ရွှေထီးတော်အသစ် ကို ထပ်မံတင်လှူအနေကဇာတင် ဆင်ယင်ပြီး ရေစက်သွန်းလောင်း လှူဒါန်းခဲ့ကြောင်း သတင်းရရှိ သည်။
သတင်းစဉ်