မင်းစုံတောင်ဘေးမဲ့တောက ကြယ်လိပ် များ

Type
66666

 

ဌေးမြင့်မောင်

 

မြန်မာ့မျိုးရင်း ကြယ်လိပ်များသည် ကမ္ဘာ့တိရစ္ဆာန် ရှားပါးစာရင်းဝင်ဖြစ်သည်။ ဂျပန်တွင်  အလှမွေးတိရစ္ဆာန်အဖြစ် မွေးမြူကြပြီး တစ်ကောင်လျှင် ဒေါ်လာ နှစ်သောင်းအထိ တန်ဖိုးရှိသည်။ မြန်မာနိုင်ငံတွင်  ရွှေစက်တော်၊ မင်းစုံတောင်နှင့်  ပြင်ဦးလွင်  မြလိပ်တောင်တို့တွင်  သဘာဝအတိုင်း ကျက်စားလျက်ရှိသည်။
မြန်မာနိုင်ငံ၌   လိပ်မျိုးစိတ်  ၃၁  မျိုးရှိရာ  ပင်လယ်လိပ်ငါးမျိုး၊ ရေချိုလိပ်၂၂ မျိုးနှင့်  ကုန်းလိပ် လေးမျိုး ရှိသည်။ ကုန်းလိပ်တွင် မျိုးစိတ်ရှစ်မျိုးမှာမျိုးသုဉ်းရန် အန္တရာယ်အလွန်နီးကပ်နေပြီး ယင်းတို့ အနက် ကြယ်လိပ်မှာ တစ်မျိုးအပါအဝင်ဖြစ်သည်။
ကမ္ဘာ့ရှားပါးစာရင်းဝင်      မြန်မာ့မျိုးရင်း ကြယ်လိပ်ကို  ၂၀၀၀ ပြည့်နှစ်ကစ၍  သားငှက်ထိန်း သိမ်းရေးအဖွဲ့ (မြန်မာနိုင်ငံ အစီအစဉ်)– WCS၊ လိပ်မျိုးဆက်ရှင်သန်ရေးအဖွဲ့  (TSA) နှင့်   သစ်တောဦးစီးဌာန သဘာဝဝန်းကျင်နှင့်  သားငှက် တိရစ္ဆာန် ထိန်းသိမ်းရေးအဖွဲ့တို့   ပူးပေါင်း၍   မြန်မာ နိုင်ငံရှိ    နေရာလေးခုတို့တွင်  ခြံခတ်မွေးမြူခဲ့သည်။ နွားထိုးကြီးမြို့နယ်  မင်းစုံတောင်ဘေးမဲ့တောတွင်  ၁၉၉၀ ပြည့်နှစ်က  ကြယ်လိပ်အထီး ခြောက်ကောင် ၊ အမ ခြောက်ကောင် စုစုပေါင်း ၁၂ ကောင်မှ စတင် မွေးမြူခဲ့ ရာ ၂၀၁၇ ခုနှစ်တွင်  ကြယ်လိပ်  ၃၅၀၀ ကျော်အထိ    အောင်မြင်စွာ      သားဖောက် မွေးမြူနိုင်ခဲ့သည်။
သဘာဝအတိုင်း        တောထဲ  ၌  ပြန်လည်စေလွှတ် မွေးမြူလိုသော်လည်း စိန်ခေါ် မှုများနှင့်     ရင်ဆိုင်နေရသဖြင့်     မင်းစုံတောင် ဘေးမဲ့တောတွင်   ၂၀၁၃  ခုနှစ်မှ    ၂၀၁၇ ခုနှစ်အထိ ကြယ်လိပ်အကောင် ၇၅၀ ကို မျိုးဆက်ပွားမှု၊  နေထိုင် မှုဓလေ့များကို သိရှိရန် သဘာဝအတွင်းသို့ ပြန်လွှတ် ပြီး သုတေသနပြုလုပ်ခဲ့သည်။ သစ်တောဦးစီးဌာနက ၂၀၃၀ ပြည့်နှစ်တွင်  ကြယ်လိပ်ကောင်ရေ တစ်သိန်း ကို တောထဲပြန်လွှတ်ရန် ရည်မှန်းထားရာ နွားထိုး ကြီးမြို့နယ်ရှိ  မင်းစုံတောင်ဘေးမဲ့တောက   လိပ် ကောင်ရေ  ၄၀၀၀ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
နွားထိုးကြီးမြို့နယ်တွင်         တန်ဖိုးရှိသော ကြယ်လိပ်များကို  ခိုးယူရောင်းချမှု  သုံးကြိမ်အထိ ဖြစ်ပွားခဲ့ပြီး   အများအပြား တရုတ်ပြည်သို့ ရောင်းချ ခြင်းခံခဲ့ရသည်။   မြန်မာ့မျိုးရင်းကြယ်လိပ်များမှာ တရားမဝင်ရောင်းချခြင်းနှင့်  စားသောက်ရန် ဖမ်းဆီး ခြင်းတို့ကြောင့် မျိုးသုဉ်းမည့်  အန္တရာယ်ကို ရင်ဆိုင် နေရသည်။ 
ထို့ကြောင့်  နိုင်ငံ၏  ဇီဝရတနာ  မြန်မာ့မျိုးရင်း ကြယ်လိပ်များမျိုးသုဉ်းမှုမရှိဘဲ ဆက်လက်ရှင်သန် နိုင်ရေး  ဝိုင်းဝန်းထိန်းသိမ်း  ကာကွယ်ကြရန်လိုနေအပ်နေပြီဖြစ်သည်။