
မင်းဘူး ဧပြီ ၁၄
မကွေးတိုင်းဒေသကြီး မင်းဘူးမြို့၌ မြန်မာ့ရိုးရာ ယဉ်ကျေးမှု မဟာသင်္ကြန် ရေသဘင်ပွဲတော် ဖွင့်ပွဲ အခမ်းအနားကို ဧပြီ ၁၃ ရက် (မဟာသင်္ကြန်အကြိုနေ့) ညနေပိုင်းက မင်းဘူးမြို့ မင်းပူးဦးဩဘာသ မြို့နယ်ခန်းမရှေ့ရှိ ဗဟိုမဏ္ဍပ်၌ ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်နှင့်အတူ တိုင်းဒေသကြီး ဝန်ကြီးများ တက်ရောက်ဖွင့်လှစ် ပေးသည်။
အခမ်းအနားတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ် က ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာ သင်္ကြန်ရေသဘင်ပွဲတော် နှစ်သစ်ကူးနှုတ်ခွန်းဆက် အမှာစကားပြောကြားပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။ ဆက်လက်၍ ပြိုင်ပွဲဝင်ယိမ်းအဖွဲ့များက သင်္ကြန် တေးသီချင်းများဖြင့် သီဆိုကပြ ဖျော်ဖြေတင်ဆက် ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူ များက ကြည့်ရှုအားပေးကာ ယိမ်းအဖွဲ့ သမီးပျိုလေး များအား အတာရေဖြင့် ပက်ဖျန်းပေးကြပြီးနောက် ပြိုင်ပွဲဝင်ယိမ်းအဖွဲ့များကို ဆုငွေများ ချီးမြှင့်ပေးအပ် သည်။
မင်းဘူးမြို့ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာ သင်္ကြန်ရေသဘင်ပွဲတော် ဗဟိုမဏ္ဍပ်၌ ဧည့်ခံ ဖျော်ဖြေရေးအကအဖွဲ့များ၊ ပြိုင်ပွဲဝင်ယိမ်းအဖွဲ့ ရှစ်ဖွဲ့နှင့် တစ်ပင်တိုင်သင်္ကြန်အက ပြိုင်ပွဲများဖြင့် မဟာသင်္ကြန် အတက်နေ့အထိ စည်ကားသိုက်မြိုက် စွာ ကျင်းပမည်ဖြစ်ရာ မည်သူမဆို လာရောက် ပါဝင်ဆင်နွှဲနိုင်ပြီး စတုဒိသာများဖြင့် ဧည့်ခံကျွေးမွေး မည်ဖြစ်ကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)