မနှေးအမြန်ထိုးနှံပေး ကာကွယ်ဆေးနှင့် လူငယ်များ၏ပညာရေး

Type

ဒေါက်တာမြတ်မိုး 

==========

ယခုလက်ရှိနိုင်ငံတော်၌ ကာကွယ်ဆေးထိုးနှံပေးနေမှုကို နိုင်ငံ့အရေး၊ အမျိုးသားရေးကိစ္စတစ်ရပ်အဖြစ် ရှုမြင်နိုင်သည်။ 


အကျုံးဝင်သူအားလုံး မည်သူတစ်ဦးတစ်ယောက်မှ မကျန်စေရေး မူပေါ်တွင် အခြေခံထားသည်ဖြစ်၍  နိုင်ငံသားတစ်ဦး၏အခွင့်အရေးကို လုံးဝလက်လွှတ်မခံသင့်သည့်ကိစ္စရပ်လည်းဖြစ်သည်။ မိမိနှင့်မိမိ၏ ရင်သွေးငယ်ကျောင်းသားများ ဘေးကင်းလုံခြုံစိတ်ချမှုရရှိရန်အတွက် နိုင်ငံတော်၏ တာဝန်ယူတာဝန်ခံမှုအပေါ်တွင် ယုံကြည်စိတ်ချစွာဖြင့် ကျောင်းသားမိဘပြည်သူများ၏ အားလုံးပူးပေါင်းပါဝင်မှုသည် ကိုဗစ် ကပ်ရောဂါကို ကာကွယ်ထိန်းချုပ်ရာတွင်လည်းကောင်း၊ စဉ်ဆက် မပြတ် ပညာရေးခရီးလမ်းဖြောင့်တန်းစွာဖြင့် လျှောက်လှမ်းရာတွင် လည်းကောင်း လွန်စွာအရေးကြီးပေသည်။ 


မကြာမီ နိုင်ငံတစ်ဝန်း ကျောင်းများလည်း ပြန်လည်ဖွင့်လှစ်တော့ မည်။ ကမ္ဘာ့ကိုဗစ်ကပ်အခြေအနေကလည်း ပျောက်ကွယ်မည့်လမ်းစ မမြင်သေး။ မြန်မာနိုင်ငံတွင် တတိယလှိုင်းဖြစ်ပွားမှုကား ငြိမ်သက်စ ပြုလာပြီဖြစ်၍ သင်ကြားသင်ယူခွင့် အခွင့်အလမ်းနှင့် ပညာရေး လမ်းကြောင်းကိုတော့ နှောင့်နှေးနေ၍မဖြစ်၊ ဆက်လက်ချီတက်ရ မည်သာ။ 


အခွင့်အလမ်းနှင့်အတူ စိန်ခေါ်မှုများကတော့ ကပ်ပါလာစမြဲပါ။ အဓိကအချက်က ကျောင်းသားမိဘများ၏ စိုးရိမ်ပူပန်မှုပင်ဖြစ်သည်၊၊ မိမိရင်သွေးငယ်များတွင် ကူးစက်နိုင်မှု အန္တရာယ်ရှိနိုင်မည့်အခြေ အနေကို ပူပန်ကြမည်မှာသေချာပါသည်။ ခန့်မှန်းကာလ သီတင်း ကျွတ်ပိတ်ရက်အပြီး ကျောင်းပြန်တက်ကြတော့မည့် ကျောင်းသား များအတွက် ကာကွယ်ဆေးအမြန်ထိုးနှံပေးနိုင်ရန်စီမံချက်များကား စနစ်တကျရေးဆွဲပြီးဖြစ်သည်။ စီမံချက်အတိုင်းလည်း ဆောင်ရွက်နေ ပြီဖြစ်ပါသည်။ 


အားလုံးပါဝင်နိုင်ရေးမူနှင့်အတူ ထိုးနှံမည့်စီမံချက် 
စီမံချက်၌ ၂၀၂၁ ခုနှစ်  ဇွန်လတွင် ကျောင်းအပ်နှံထားပြီး ကျောင်းတက်မည့် အသက် ၁၂ နှစ်နှင့် ၁၈ နှစ်အောက် ကျောင်းသား ကျောင်းသူအားလုံးအကျုံးဝင်သည်။   ထိုးမည့်ကာကွယ်ဆေးမှာ တရုတ်နိုင်ငံထုတ် Sinovac ကာကွယ်ဆေးဖြစ်သည်။ အောက်တို ဘာလ ၁၂ ရက်နေ့မှစတင်၍ တစ်နိုင်ငံလုံးတွင် လေးပတ်ခြား၍ နှစ်ကြိမ်ထိုးနှံသွားရန် စီမံထားသည်။ ယခုစာရေးသည့်အချိန်တွင် နေပြည်တော်ကောင်စီ ဇမ္ဗူသီရိ၊ ဒက္ခိဏသီရိနှင့် ပျဉ်းမနားမြို့နယ်တို့ တွင် ကနဦးရှေ့ပြေးစမ်းသပ်ထိုးနှံပေးနေပြီဖြစ်သည်။ 


ဆေးထိုးရန်စုရပ်များလည်း စီစဉ်ပြီးဖြစ်သလို စုရပ်များသို့  ကျောင်းသားများကို ကျောင်းကားများဖြင့် စုစည်းခေါ်ဆောင်ပေး မည်ဟုသိရှိရသကဲ့သို့ ဘုန်းတော်ကြီးပညာသင်ကျောင်းများနှင့် IDP စခန်းများရှိ ကျောင်းများပါမကျန် ထိုးနှံပေးသွားမည်ဟုသိရသည်။ အကောင်အထည်ဖော်ရာတွင် ခရိုင်အဆင့်၊ မြို့နယ်အဆင့် အစိုးရအဖွဲ့ အစည်းများ၊ ဆရာဝန်များ၊ လူ၊ ကယ်၊ ပြန် ဌာနဆိုင်ရာများပါ ပါဝင်သည်။ စုရပ်တစ်ခုချင်းအလိုက် ထိုးနှံမည့်အရေအတွက်ပေါ် မူတည်၍ ဆရာ ဆရာမအရေအတွက်နှင့် နည်းပညာပိုင်းဖြင့် စာရင်း ရေးသွင်းမှုကို စနစ်တကျစီစဉ်ထားရှိသည်ဟု သိရှိရပါသည်။ 


ဘေးထွက်ဆိုးကျိုးနည်းပြီး အန္တရာယ်ကင်းသည့်အားသာချက်များ


Sinovac ဟုခေါ်သည့် ကာကွယ်ဆေးကိုလေ့လာကြည့်ရာ ပေကျင်းအခြေစိုက် Sinovac ဆေးဝါးကုမ္ပဏီထုတ်ဖြစ်ပြီး တရုတ်  နိုင်ငံတွင်လည်း   အသက်သုံးနှစ်မှ ၁၈ နှစ်အထိ  ထိုးနှံပေးရန် အရေး ပေါ်   အသုံးပြုခွင့်ရရှိရန်  WHO က    ခွင့်ပြုပေးပြီးသားဖြစ်သည်။ သေဆုံးပြီးသား  ကိုရိုနာဗိုင်းရပ်စ် အပိုင်းအစအမှုန်အမွှားများဖြစ်၍ ကာကွယ်ဆေးထိုးပြီးက  လူ့ခန္ဓာ ထဲတွင် ကိုယ်ခံအားကိုထုတ်လုပ် ပြီး ရရှိလာသည့် ကိုယ်ခံ အားစနစ် ကြောင့်    မိမိထံဝင်လာသည့် ဗိုင်းရပ်စ်၏တိုက်ခိုက်မှုကို ခံနိုင် ရည်ရှိအောင်  ထုတ်လုပ်ထားသည့် စနစ်ဖြစ်၍   စိတ်ချရပါသည်။ ဘေးထွက်ဆိုးကျိုးနည်းပါးပြီး အန္တရာယ်ကင်းသည်ဟု ဆိုပါသည်။ 
Sinovac သည် ဖွံ့ဖြိုးဆဲနိုင်ငံ တစ်နိုင်ငံအတွက်  သိုလှောင် ထိန်းသိမ်းရမည့်   နိမ့်သောအပူ ချိန်တွင် အအေးဓာတ်လိုအပ်ချက်နည်းပါးသည့်အတွက်  အခြားသော Astrazeneca ကာကွယ်ဆေးနည်းတူ အသုံးဝင်သည်။ စမ်းသပ်ခဲ့ သည့်ရလဒ်များအရ အစွမ်းထက်သည့် ကာကွယ်ဆေး တစ်မျိုးဟုလည်း ဆိုပါသည်။ အင်ဒိုနီးရှား၊ တူရကီ၊ ချီလီ၊ ဘရာဇီး၊ အာဂျင်တီးနားနှင့် အာဖရိကနိုင်ငံများတွင်  ထိုးနှံပေးနေပြီဖြစ်သည်။ စမ်းသပ်ချက်များအရ အနည်းငယ်မောပန်းနွမ်းနယ်ခြင်း၊ ခေါင်းကိုက် ခေါင်းမူးခြင်းရှိနိုင်ပြီး အခြားသောကာကွယ်ဆေးများနည်းတူ ဆေးထိုး သည့်နေရာတွင် အနည်းငယ်နာကြဉ်မှု၊ အရေပြားယားယံ၍ အင်ပျဉ် ထွက်ခြင်းစသည့် ဘေးထွက်ဆိုးကျိုးအနည်းငယ်ရှိနိုင်ပါသည်။ 


ဘရာဇီးနိုင်ငံမှ စမ်းသပ်ချက်အရ ပြင်းထန်သည့်ဆိုးကျိုးများ မတွေ့ရှိရဘဲ အပြုသဘောဆောင်သည့်ရလဒ်များသာ တွေ့ရှိရသည်ဟု ဆိုသည်။ ပြင်းထန်သောကိုဗစ်ရောဂါဖြစ်မှုနှင့် ဆေးရုံတက်ရောက်ရမှုကို ၁၀၀ ရာခိုင်နှုန်းအထိ ကာကွယ်ပေးနိုင်သည်ဟု သိရှိရပါသည်။ WHO က အသိအမှတ်ပြုထားသည့် မည်သည့်ကာကွယ်ဆေးမျှ ရာနှုန်းပြည့် ကာကွယ်ပေးနိုင်သည်တော့မဟုတ်ပါ။ သို့သော် ဘာဆေးပဲရရ ရောဂါ အပြင်းအထန်ခံစားရမှု၊ ဆေးရုံတက်ရောက်ကုသခံရမှု၊ အသက်သေဆုံးမှု ကိုတော့ အထိုက်အလျောက်ကာကွယ်နိုင်သည်သာဖြစ်သည်။ 


စိုးရိမ်ပူပန်မှုကိုလျော့ပါးစေချင် 


ကာကွယ်ဆေး၏အချက်အလက်အချို့က မိဘများ၏စိုးရိမ်မှုကို အထိုက်အလျောက် ဖြေလျှော့ပေးနိုင်မည်ထင်ပါသည်။ မထိုးမနေရတော့ မဟုတ်၊ မိမိ၏ရွေးချယ်ခွင့်၊ ကျောင်းအုပ်နှင့် မိဘ လက်ဆင့်ကမ်းသဘော တူညီချက်လက်မှတ်ဖြင့်သာ  ထိုးနှံရန်ဖြစ်ပါသည်ဟု ဆိုထားသည်။ သို့သော် ကိုဗစ်ကြားက ကျောင်းသား ကျောင်းသူများ၏ ပညာရေး အစီအစဉ်သည် ရေတိုမဟုတ်၊ ရေရှည်အစီအစဉ်ဖြစ်၍ မိမိရင်သွေး၏ ကျန်းမာရေးအတွက်      အားသာချက်ဖြစ်နိုင်မည့်အချက်များကိုမူ မိဘများအနေဖြင့်  လျစ်လျူမရှုမိစေရန်   အကြံပြုလိုပါသည်။ ကျောင်းသား ကျောင်းသူများအားလုံး ကာကွယ်ဆေးထိုးနှံနိုင်မှသာ ကျောင်းတက်နေသည့် အတန်းဖော်ကျောင်းသား ကျောင်းသူအားလုံး လည်း ဘေးကင်းလုံခြုံစိတ်ချရမည်ဖြစ်သည်။ 


အချက်အလက်များအရလည်း ဆရာ ဆရာမအားလုံး၏ ၉၀ ရာခိုင်နှုန်းဝန်းကျင်သည် ကာကွယ်ဆေးများထိုးနှံထားပြီးဖြစ်သည်ဟု သိရှိရသည်။ သို့မှသာ  အားလုံးလွှမ်းခြုံသော   ဘေးကင်းလုံခြုံ သည့်ပညာသင်ယူခွင့် အခွင့်အလမ်းဟူသည့် ရည်ရွယ်ချက်တစ်ခု ပြည့်မြောက်နိုင်မည်ဖြစ်သည်။ အသက် ၁၂ နှစ်အထက် ကျောင်းသား လူငယ်များသည် ကာကွယ်ဆေးထိုးနှံရေးစီမံချက်အရ ဦးတည်အုပ်စု ၂၄ ခုတွင် ပါဝင်ပြီးဖြစ်ရာ ထိုးနှံပြီးစီးမှု ရည်မှန်းကာကွယ်ဆေးအကြိမ် ရေ ရာခိုင်နှုန်းနှင့် အကြိမ်ပြည့်ထိုးနှံပြီးသူရာခိုင်နှုန်း လွှမ်းခြုံမှုသည် အပြည့်အဝရောက်ရှိနေမည့် အနေအထားတစ်ခုသို့ ပိုမိုနီးစပ်သွား မည်ဖြစ်သည်ဟုဆိုနိုင်ပါသည်။ 


တစ်ဦးချင်းစီ၏ပါဝင်မှုနှင့်အတူ 
အပြန်အလှန်ကူညီစောင့်ရှောက်ရာရောက် 


 ကိုဗစ် - ၁၉ အထူးသဖြင့် ဒယ်လ်တာမျိုးကွဲကို ကာကွယ်ထိန်း ချုပ်နိုင်ရန်အတွက် ကျယ်ကျယ်ပြန့်ပြန့် ကာကွယ်ဆေးထိုးနှံပေး နိုင်ခြင်းသည်သာ အထိရောက်ဆုံးဖြစ်ပြီး   အလွန်အရေးပါသော လက်နက်တစ်ခုဖြစ်သည်ဆိုသောအချက်သည်    ယခုအချိန်အထိ အားလုံးနီးပါးက လက်ခံထားသောအချက်ဖြစ်သည်။ ကျောင်းသား လူငယ်များအနေဖြင့်လည်း မိမိတို့ကိုယ်တိုင် ကာကွယ်ဆေးထိုးနှံထား ခြင်းဖြင့် မိမိ၏မိဘ  အတူနေညီအစ်ကို မောင်နှမ ဆွေမျိုးများကို ကိုဗစ်ရောဂါဘေးမှ   ကာကွယ်စောင့်ရှောက်ပေးပြီးသားဖြစ်သွား သည်။ 


ထိုမှတစ်ဆင့် လူ့အဖွဲ့အစည်းတစ်ရပ်အတွင်း ရောဂါကူးစက် ပြန့်ပွားမှု၊ ဖြစ်ပွားမှုနှင့် သေဆုံးမှုကိုလည်း လျော့ကျသွားစေမည်  ဖြစ်သည်။ ကိုဗစ်ကပ်ကြီးကို   ကာကွယ်ဟန့်တားရာတွင်  မိမိ တစ်ဦးချင်းစီ၏ ပါဝင်မှုသည် မည်မျှအရေးပါသည်ကို တွေ့ရပါလိမ့် မည်ဟု ညွှန်ပြချင်ပါသည်။ ထို့ကြောင့်လည်း မိဘများအနေဖြင့် မိမိတို့၏ကျောင်းနေအရွယ်  ရင်သွေးငယ်များကို အပြည့်အဝ ကာကွယ်ဆေးထိုးနှံပေးနိုင်ရေး   အာရုံစိုက်ကြရန်နှင့် ပူးပေါင်း ပါဝင်ရေး အလွန်အရေးကြီးသည်ဟု ဆိုချင်ပါသည်။

 
ကလေးများတွင်လည်း လူကြီးများကဲ့သို့ပင် ကူးစက်နိုင်သည်သာ...
အချက်အလက်များအရတော့ လူကြီးများနှင့်နှိုင်းယှဉ်လျှင် ကလေးများတွင် ကိုဗစ်ကူးစက်ပြန့်ပွားမှု  နည်းပါးသည်ဟုဆိုနိုင် ပါသည်။ သို့သော် ကိုဗစ်သည်   ကလေးသူငယ်များအပါအဝင် အသက်အရွယ်မရွေး  ကူးစက်နိုင်သည်သာဖြစ်သည်။ ကူးစက်မှု ပမာဏများလာသည်နှင့်အမျှ ကလေးများထံကူးစက်မှုနှုန်းလည်း လိုက်ပါမြင့်တက်လာမည်ပင် ဖြစ်သည်။ အသက်အရွယ်ကြီးသူများနှင့် အဓိကအန္တရာယ်ရှိ ထိခိုက်လွယ်သော သူများကိုသာ ပိုးစစ်ဆေးနိုင်ပြီး အတိုင်းအတာတစ်ခုအထိ ကျယ်ပြန့်သော  ပိုးစစ်ဆေးမှုမပြုလုပ်နိုင် ခြင်းကြောင့်   ကလေးငယ်များတွင်   ကူးစက်နေမှုအခြေအနေကို အသေးစိတ်မသိနိုင်ခြင်းသည်လည်း အကြောင်းရင်းတစ်ရပ်ဖြစ်သည်။


ကလေးငယ်များတွင် ကိုဗစ်လက္ခဏာမပြသခြင်း၊ လက္ခဏာ ပြသလျှင်လည်း ပြင်းထန်ဆိုးရွားမှုမရှိခြင်း၊ ထို့ကြောင့်လည်း ဆေးရုံ တက်ရောက်ကုသခံရမှုနည်းပါးခြင်း စသည့်အခြေအနေများကြောင့် လူကြီးများနှင့်နှိုင်းယှဉ်လျှင် ကူးစက်ပြန့်ပွားမှု နည်းပါးနေသည်ဟု ဆိုနိုင်ပါသလား။ အချက်အလက်များအရ   လူကြီးများထံတွင် တွေ့ရှိရသောအချက်များအတိုင်း ကလေးများ၏နှာခေါင်းနှင့် အာခေါင် တွင်လည်း ကူးစက်နိုင်ခြေရှိသော ကိုဗစ်ဗိုင်းရပ်စ်ပိုးပမာဏ တွေ့ရှိ နေရခြင်းပင်ဖြစ်သည်။ ပိုးရှိနေသောကလေးမှတစ်ဆင့်လည်း အခြား သူများထံ ကူးစက်နိုင်ခြေရှိနေသည်ဟု ဆိုလိုခြင်းပင်ဖြစ်သည်။ 


အမေရိကန် CDC မှရရှိသော အချက်အလက်များအရလည်း ကိုဗစ်ကြောင့်        ဆေးရုံတက်ရသောကလေးသုံးဦးတွင် တစ်ဦး နှုန်း ICU အထူးကြပ်မတ်ကုသဆောင်သို့   ပြောင်းရွှေ့ကုသရမှု နှုန်းသည် လူကြီးများတွင် တွေ့ရှိကုသရသည့် နှုန်းထားအတိုင်းပင် ဖြစ်သည်ဟုဆိုထားရာ ကျောင်းသား ကျောင်းသူများအား ကာကွယ် ဆေးထိုးနှံပေးခြင်းသည် လူကြီးများကဲ့သို့ပင် အထူးလိုအပ်သည်ဆို သည်ကို ပြသနေခြင်းပင်ဖြစ်ပါသည်။ 


ထို့အပြင် ကလေးများတွင် လူကြီးများကဲ့သို့ပင် အလွယ်တကူ ပိုးကူးစက်ခံရနိုင်ခြင်း၊ ရောဂါပြင်းထန်နိုင်ခြင်း ရှိ၊ မရှိ စသည့်အချက် များအပေါ်တွင် လွှမ်းမိုးသော အကြောင်းအချက်များလည်း ရှိနေပါ သေးသည်။ မျိုးရိုးလိုက်ရောဂါများ၊ အာရုံကြောရောဂါများ၊ ဇီဝဖြစ် ပျက်မှုဖြစ်စဉ်၊ မွေးရာပါနှလုံးရောဂါ၊ အဝလွန်မှု၊ ဆီးချို၊ ပန်းနာရင်ကျပ်၊ Sickle cell ရောဂါဟုခေါ်သည့် တံစဉ်ပုံသွေးနီဥ ကလပ်စည်းဆိုင်ရာ သွေးအားနည်းရောဂါများနှင့် ကိုယ်ခံအားကျဆင်းနေသောကလေးများ သည် အခြားသောကလေးများထက် ကိုဗစ်ပိုးကူးစက်လွယ်ပြီး  ပိုပြီး ပြင်းထန်သည့်အခြေအနေမျိုးရှိနိုင်သောကြောင့်     ကာကွယ်ဆေးကို ထိုးသင့်ပါကြောင်းအကြံပြုလိုပါသည်။ 


နိုင်ငံအချို့၏ပညာရေးခရီးနှင့် ကာကွယ်ဆေးထိုးအစီအမံ 


  ထို့အပြင် စာသင်ခန်းတွင်းရှိကျောင်းသားများအနေဖြင့်လည်း ခပ်ခွာခွာနေရန် စည်းကမ်းကအစ စည်းကမ်းများသတ်မှတ်ထားသည် ဆိုဦးတော့ အချိန်ကြာသင်ကြားသင်ယူရသည့်  အခြေအနေမျိုးတွင် ချမှတ်ထားသောစည်းကမ်းများကိုလိုက်နာရန် ခက်ခဲနိုင်ပါသည်။ ခြောက်ပေအတွင်းမှာ ၁၅ မိနစ်ခန့်ကြာအောင် စကားမပြောမိရန် ထိန်းသိမ်းရသည်မှာ ကလေးများ၏သဘောသဘာဝအရ မလွယ်ကူဘဲ တစ်ချိန်မဟုတ်တစ်ချိန် ထိတွေ့နိုင်ပါသည်။ အထက်ပါအချက်များသည် မိဘများအနေဖြင့်ရော ကလေးများပါ စိုးရိမ်မှုပိုကြီးမားရန် တင်ပြနေ ခြင်းမဟုတ်ပါ။ ကလေးများအတွက် ကာကွယ်ဆေးကို ပို၍အာရုံစိုက်မိ စေရန် စေတနာဖြင့် အကြံပြုလိုရင်းသာဖြစ်ပါသည်။ 


ကိုဗစ်အန္တရာယ်လျော့ပါးသည်နှင့် ကျောင်းများပြန်ဖွင့်ပြီး ပညာ ရေးခရီးနှင်ကြသည်မှာ မိမိတို့တစ်နိုင်ငံတည်းမဟုတ်။ နိုင်ငံအချို့တွင် ကျောင်းတက်မည့် အထူးသဖြင့် အသက် ၁၂ နှစ်မှ ၁၇ နှစ်အကြား ကလေးများအတွက် ကာကွယ်ဆေးများထိုးနှံပေးနိုင်ရေး စီမံစိုင်းပြင်း နေကြသည်ကို တွေ့ရပါသည်။ အိမ်နီးချင်း အရှေ့တောင်အာရှနိုင်ငံများ ဖြစ်သည့် ထိုင်း၊ မလေးရှား၊ စင်ကာပူနှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင် ကျောင်းသားများကို  ကာကွယ်ဆေးထိုးနှံပေးသည့်သတင်းများ အဆက်မပြတ် ကြားသိနေရသည်။ ထိုနိုင်ငံများတွင် စင်ကာပူနိုင်ငံမှ လွဲ၍ ကျန်နိုင်ငံများတွင် ကိုဗစ်ဖြစ်ပွားမှုအများဆုံးဖြစ်သည်ကိုလည်း  တွေ့ရှိရသည်။ မြန်မာနိုင်ငံအနေဖြင့်  အဆင့် ၆ တွင်ရပ်တည် နေပါသည်။ 


အသက် ၁၂ နှစ်အထက် ကျောင်းတက်မည့် ကျောင်းသားလူငယ် များကို  ကာကွယ်ဆေးထိုးနှံပေးနိုင်ခြင်းသည် ကျန်းမာရေးကဏ္ဍ အတွက်ရော ပညာရေးကဏ္ဍအတွက်ပါ အောင်မြင်မှုတစ်ခုဖြစ်ပါ သည်။ ကိုဗစ်တတိယလှိုင်းကြောင့် ပညာရေးခရီး ခဏတာရပ်နားရ သည့်အခါ မိဘများရော ကျောင်းသားများ၊  ဆရာများပါ စိတ်ခံစားမှုများ ဖြစ်ရသည်။ မိဘများက ကျောင်းပြန်ဖွင့်ရန် မျှော်ကြသည်၊ ကလေးများ က ကျောင်းပြန်တက်ပြီး စာသင်ချင်ကြသည်၊ သူငယ်ချင်းများနှင့် ပြန်တွေ့ချင်ကြမည်။ မိဘ၊  ကျောင်းသား၊  ဆရာများ၏ စိတ်ချမ်းသာမှုခံစား ချက်က တစ်ထပ်တည်းဖြစ်သည်။ စိမ်းလန်းစိုပြည်မှုတို့နှင့် ကျောင်း ပရိဝုဏ်အတွင်း ကျန်းကျန်းမာမာ ပျော်ပျော်ရွှင်ရွှင်ဖြင့် သင်ကြား သင်ယူနေကြသော ကျောင်းသား ကျောင်းသူလေးများနှင့် ဆရာ ဆရာမများ၏ ပုံရိပ်များကို ကြည်နူးဖွယ်ရာ မကြာမီ  တွေ့မြင်ကြရပေ တော့မည်...။ 
ကလေးများ၏အနာဂတ်သည်   စာသင်ခန်းများပင်မဟုတ်    ပါလား...။     ။