
မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံး၊ ကမ္ဘာသူ ကမ္ဘာသားအားလုံး ကျန်းမာချမ်းသာပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။ ဒီနေ့မှာတော့ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ မြန်မာပြည်သူလူထု တစ်ရပ်လုံးရဲ့ လူဦးရေရဲ့ ၈၀ ရာခိုင်နှုန်းကျော် ကမ္ဘာမှာ လူဦးရေ သန်းငါးရာကျော်ရှိတဲ့ ဗုဒ္ဓဘာသာကို ရိုင်းစိုင်းစော်ကားဖျက်ဆီးတဲ့ အကြမ်းဖက်သောင်းကျန်းသူများ လုပ်ရပ်အကြောင်း ကို ကမ္ဘာသူ ကမ္ဘာသားများ အားလုံးသိစေဖို့ အတွက် တိုင်တည်အသိပေးလိုပါတယ်။ ကမ္ဘာသူ ကမ္ဘာသားများအားလုံး၊ ဘာသာရေးခေါင်းဆောင် များ အားလုံးခင်ဗျာ၊ MNDAA ကိုးကန့်အကြမ်းဖက် သောင်းကျန်းသူများဟာ ကျွန်တော်တို့ မြန်မာနိုင်ငံ မှာပဲ နေထိုင်ပါတယ်။ မြန်မာ့ရေကို သောက်ပါ တယ်။ မြန်မာနိုင်ငံကိုပဲ မှီခိုပြီး အသက်မွေးဝမ်း ကျောင်း ပြုလုပ်ခဲ့ပါတယ်။ ဒါပေမယ့် အခုအချိန် မှာတော့ ကျွန်တော်တို့ နိုင်ငံသူ နိုင်ငံသားတွေ၊ ကမ္ဘာ့ဗုဒ္ဓဘာသာဝင်တွေ အထွတ်အမြတ်ထားရာ ဘုရားစေတီတော်ကို အခုလို မိုက်ရိုင်းစော်ကား ဖျက်ဆီးခဲ့ပါတယ်။
MNDAA ကိုးကန့်အကြမ်းဖက်သောင်းကျန်းသူများဟာ သူတို့ ဝင်ရောက်သောင်းကျန်းဖျက်ဆီးနေတဲ့ မြန်မာနိုင်ငံ ရှမ်းပြည်နယ် (မြောက်ပိုင်း)လောက်ကိုင် မြို့နယ် ဆီအောကျေးရွာရဲ့ မြောက်ဘက်မှာရှိတဲ့ ဆင်ဦးကင်းကုန်း (ပွိုင့်-၂၂၀၂) တောင်ပေါ်မှာရှိတဲ့ ဒေသခံပြည်သူများနဲ့ ဗုဒ္ဓဘာသာဝင်တွေ အထွတ် အမြတ်ထားတဲ့ စေတီတစ်ဆူကို ၂၀၂၄ ခုနှစ် ဇန်နဝါရီ လ ၈ ရက်နေ့က မိုက်ရိုင်းစော်ကား ဖျက်ဆီးနေတာပဲ ဖြစ်ပါတယ်။ ဒီဘုရားစေတီဆိုတာ ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်တိုင်းက ဗုဒ္ဓမြတ်စွာဘုရား၏ အဆုံး အမနဲ့အညီ ဗုဒ္ဓမြတ်စွာဘုရား၏ကိုယ်စား ကိုးကွယ် မှုပြုတဲ့ ဥဒ္ဒိဿစေတီတော် ဖြစ်ပါတယ်။ ဒီလိုရိုင်းစိုင်း ယုတ်မာတဲ့ဖြစ်ရပ်ကြောင့် ကျွန်တော်တို့ ဗုဒ္ဓဘာသာ ဝင်တွေအားလုံး စိတ်မကောင်းဖြစ်ရပါတယ်။ ဝမ်းနည်းကြေကွဲရပါတယ်။ ဒါဟာ မြန်မာနိုင်ငံမှာရှိတဲ့ ဗုဒ္ဓဘာသာဝင်တွေကိုသာမက ထိုင်းနိုင်ငံမှာရှိတဲ့ ဗုဒ္ဓဘာသာဝင်အားလုံး၊ လာအိုနိုင်ငံ၊ ကမ္ဘောဒီးယား နိုင်ငံ၊ သီရိလင်္ကာနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ တရုတ်နိုင်ငံ စတဲ့ နိုင်ငံတွေနဲ့ ဒီအဖြစ်အပျက်ဖြစ်ပွားရာ မြန်မာနိုင်ငံ ရှမ်းပြည်နယ်နဲ့ နီးစပ်တဲ့ တိဘက်ဒေသ၊ ယူနန်ဒေသ စတဲ့ ကမ္ဘာပေါ်မှာရှိတဲ့ ဗုဒ္ဓဘာသာဝင်များ အားလုံးကို စော်ကားလိုက်တဲ့လုပ်ရပ်ပဲ ဖြစ်ပါတယ်။ အလားတူ ရှမ်းပြည်နယ် မူဆယ်မြို့အဝင် ရပ်တော်မူဘုရား ဘုန်းကြီးကျောင်းကိုလည်း ၂၀၂၃ ခုနှစ် ဒီဇင်ဘာ လ ၄ ရက်နေ့က မောင်းသူမဲ့လေယာဉ် Drone များကို အသုံးပြုပြီး ဗုံးကြဲချခဲ့ပါတယ်။ ဒါတွေ ဟာ MNDAA ၊ TNLA ၊ AA စတဲ့အကြမ်းဖက် သောင်းကျန်းသူ သုံးဖွဲ့ရဲ့ ဘာသာတရားအပေါ် အကြမ်းဖက်မှုများဖြစ်ပါတယ်။
ကမ္ဘာသူ ကမ္ဘာသား အားလုံး၊ ဘာသာရေးခေါင်းဆောင်များ အားလုံးခင်ဗျာ။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ကမ္ဘာ့ကိုးကွယ်ရာ ဘာသာဖြစ်တဲ့ အစ္စလာမ်ဘာသာ၊ ခရစ်ယာန်ဘာသာ၊ ဟိန္ဒူဘာသာ၊ ဗုဒ္ဓဘာသာ စတဲ့ဘာသာကြီး လေးမျိုး အပြင် အခြားကိုးကွယ်ရာဘာသာများကို လွတ်လပ် စွာ ကိုးကွယ်ခွင့်ပြုထားတဲ့နိုင်ငံပဲ ဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရ နိုင်ငံတော်အကြီးအကဲများအနေ နဲ့လည်း ကိုးကွယ်ရာဘာသာအလိုက် အားပေးမှု တွေ၊ ချီးမြှောက်မှုတွေ၊ ထောက်ပံ့မှုတွေကို စဉ်ဆက်မပြတ် ပြုလုပ်လျက် ရှိပါတယ်။ ကမ္ဘာသူ ကမ္ဘာသား အားလုံး၊ ဘာသာရေးခေါင်းဆောင်များ အားလုံး ခင်ဗျာ။
ကျွန်တော်တို့အားလုံးရဲ့ ယုံကြည် ကိုးကွယ် ရာဘာသာ တရားအားလုံးရဲ့အခြေခံအဆုံး အမဟာ လူသားတစ်ဦးနဲ့တစ်ဦး ချစ်ခင်ကြဖို့၊ ကြင်နာကြဖို့၊ မေတ္တာတရားထားကြဖို့၊ လေးစား တန်ဖိုးထားကြဖို့ပဲ ဖြစ်ပါတယ်။ ဒါတွေကို ဆန့်ကျင် နေတဲ့ အကြမ်းဖက်သောင်းကျန်းသူများရဲ့ ယုတ်မာ တဲ့ လုပ်ရပ်ကို ကမ္ဘာသူ ကမ္ဘာသားအားလုံး သိမြင် ကြစေချင်ပါတယ်။ ဝိုင်းဝန်းထိန်းသိမ်းကြစေချင် ပါတယ်။ သိမြင်ကြစေဖို့၊ ဝိုင်းဝန်းထိန်းသိမ်းနိုင်ကြ စေဖို့ တင်ပြလိုက်ရပါတယ် ခင်ဗျာ။ ကမ္ဘာသူ ကမ္ဘာသားအားလုံး ကျန်းမာချမ်းသာ ဘေးဘယာ ဝေးကွာကြပါစေခင်ဗျာ။